Author: Baby Yit Lone

  • တပ်ကုန်းမြို့နယ်၊ ကြံ့ဖွတ်ပါတီ အမာခံမိသားစုမှ စစ်မှုထမ်းတပ်သား ရန်ကိုအောင် ကသာတိုက်ပွဲတွင် သေဆုံးပြီး အလောင်းပြန်မရ

    တပ်ကုန်းမြို့နယ်၊ ကြံ့ဖွတ်ပါတီ အမာခံမိသားစုမှ စစ်မှုထမ်းတပ်သား ရန်ကိုအောင် ကသာတိုက်ပွဲတွင် သေဆုံးပြီး အလောင်းပြန်မရ

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အလယ်ကျွန်း (ခေါ်) ဒွတ်ကျော်ကျေးရွာမှ စစ်မှုထမ်းအပတ်စဉ် ၁ တွင် ပါဝင်သွားသည့် စစ်မှုထမ်းတပ်သား ရန်ကိုအောင်မှာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားပြီး အလောင်းပြန်မရကြောင်း မိသားစုဝင်များထံသို့ စစ်တပ်က ပေးပို့လာသော အကြောင်းကြားစာ အရ သိရှိရသည်။ ယခုမတ်လဆန်းပိုင်း ကသာတိုက်ပွဲတွင် သေဆုံးသွားသော စစ်မှုထမ်းတပ်သား ရန်ကိုအောင်မှာ ရပ်/ကျေး ကြံ့ဖွတ် ခေါင်းဆောင် မောင်လွင်၏သားဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံးအကြိမ် ခေါ်ယူသည့် အပတ်စဉ် ၁ တွင် ပါဝင်သွားခဲ့သူဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုမတ်လဆန်းရက်ပိုင်းအတွင်း ကသာတိုက်ပွဲတွင် ကျဆုံးသွားပြီဟု စစ်တပ်က တရားဝင်စာပေးပို့ လာခြင်းဖြစ်ကြောင်း သိရှိရသည်။ အလောင်းပြန်မရသော်လည်း ယခုရက်ပိုင်းအတွင်း သေဆုံးသူ စစ်မှုထမ်းတပ်သား ရန်ကိုအောင်အတွက် နာရေးရက်လည်…

  • အီရန်နိုင်ငံ၏ အခြေအနေနှင့် ရုရှား၏ နျူကလီးယားဆိုင်ရာ အရေးပေါ်စီမံချက်များ ထွက်ပေါ်လာမှုအပေါ် ကမ္ဘာ့အာရုံစိုက်မှု မြင့်တက်နေ

    အီရန်နိုင်ငံ၏ အခြေအနေနှင့် ရုရှား၏ နျူကလီးယားဆိုင်ရာ အရေးပေါ်စီမံချက်များ ထွက်ပေါ်လာမှုအပေါ် ကမ္ဘာ့အာရုံစိုက်မှု မြင့်တက်နေ

    အီရန်နိုင်ငံအတွင်း အုပ်ချုပ်ရေးယန္တရားနှင့် ဆက်သွယ်ရေးကွန်ရက်များ ပြိုလဲလုနီးပါး ဖြစ်ပေါ်နေချိန်တွင် ရုရှားနိုင်ငံအနေဖြင့် အီရန်၏ နျူကလီးယားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ကျွမ်းကျင်ပညာရှင်များကို ထိန်းချုပ်ရန် အရေးပေါ်စီမံချက်များ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ အီရန်နျူကလီးယား ဦးဆောင်မှုပိုင်းနှင့် ဆက်သွယ်ရေး ပြတ်တောက်သွားပြီးနောက် ထိလွယ်ရှလွယ်သော နျူကလီးယားဆိုင်ရာ ပစ္စည်းများ၏ လုံခြုံရေးအတွက် ကရင်မလင်နန်းတော်က ဝင်ရောက်ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု ဆိုပါသည်။ တစ်ဖက်တွင်လည်း စစ်ပွဲ၏ အရှိန်အဟုန်မှာ ဘာသာရေးနှင့် အယူဝါဒဆိုင်ရာ တင်းမာမှုများဘက်သို့ ဦးတည်လာနေပြီး အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေသည့် အမေရိကန်စစ်သည်အချို့အား တာဝန်ရှိသူများက အဆိုပါစစ်ပွဲသည် အယူဝါဒဆိုင်ရာ အရေးပါသည့် ဖြစ်ရပ်တစ်ခုအဖြစ် ပြောကြားမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။ စစ်ရေးအရ ဆုံးရှုံးမှုများအနေဖြင့် အမေရိကန်သည် စစ်လက်နက်ပစ္စည်း ဒေါ်လာ ၂ ဘီလီယံဖိုးခန့် ဆုံးရှုံးထားသော်လည်း…

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲ

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲ

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲပြီး ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တောင်းဆို စစ်တပ်၏ ရွေးကောက်ပွဲမှာ အတုအယောင် ဟန်ပြသာဖြစ်ပြီး နိုင်ငံတကာစံနှုန်း ပြည့်မီခြင်းမရှိ၍ ပြင်သစ်နိုင်ငံက အသိအမှတ်မပြုဘဲ ပယ်ချ စစ်တပ်က မတရားဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲပြီး ချက်ချင်းပြန်လွှတ် ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးတွင် တောင်းဆိုလိုက်သည်။ မတ်လ ၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြုလုပ်သည့် မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် Mr. Jay Dharmadhikari က မြန်မာစစ်တပ်၏ ဖမ်းဆီးထိန်း သိမ်းမှုခံထားရသည့် မြန်မာခေါင်းဆောင်များကို ၎င်းတို့၏ မူလရာထူးအမည်များဖြစ်သော…

  • အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီ

    အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီ

    PDF ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာတွင် သွားရောက် ဖျော်ဖြေခဲ့သော အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီး တီးခတ်ခဲ့သော ကျော်ဆန်းဝင်း ရွှေမြန်မာဆိုင်းအဖွဲ့ကိုလည်း အရေးယူရန် အမှုဖွင့်ထား မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ PDF များ ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်(မြောက်) ကျေးရွာရှိ အလှူပွဲတစ်ခုသို့ သွားရောက် သီချင်းဖျော်ဖြေခဲ့သော အဆိုတော်လမင်းကဗျာ (ခ) DJ Moon ကို စစ်တပ်က ယမန်နေ့ ဖမ်းဆီးပြီး လက်ရှိ စစ်ကြောရေးတွင် ပို့ဆောင်ထားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းတွင် နေထိုင်သော အဆိုတော် လမင်းကဗျာ(ခ) DJ…

  • ဖခင်ဖြစ်သူက သားဖြစ်သူကို ကျပ်သိန်း ၅၀ ဖြင့်စစ်တပ်ထံရောင်းစား

    ဖခင်ဖြစ်သူက သားဖြစ်သူကို ကျပ်သိန်း ၅၀ ဖြင့်စစ်တပ်ထံရောင်းစား

    သားဖြစ်သူကို ဖခင်ဖြစ်သူကငွေကျပ်သိန်း ၅၀ နဲ့ စစ်တပ်ထံစစ်သားသစ်လုပ်ဖို့ရောင်းစားခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့ ၊တောင်ဥက္ကလာမြို့နယ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖခင်ဖြစ်သူဟာရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သိန်း ၅၀ နဲ့ရောင်းစားခဲ့တာဖြစ်ပါတယ်။ “သူတို့အဖေက နောက်အိမ်ထောင်ပြုထားတာ။ အရင်အိမ်ထောင်နဲ့က သားသမီးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့သားလေးကအရွယ်ကောင်းလေး။ အစက မုန့်တိုက်မှာအလုပ်လုပ်တာ။ သူ့အမေကိုရှာကျွေးနေတာ။ အဲဒါကို သူ့အဖေက အပြင်မှာနေရင်ပျက်စီးမယ်၊ ဆေးသမားဖြစ်မယ်ဆိုပြီး ပိုက်ဆံနဲ့သွားရောင်းစားခဲ့တာ” လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးကပြောပါတယ်။ စစ်တပ်မှာ ရောင်းစားခံရတဲ့သားဖြစ်သူဟာ အသက် ၂၃ နှစ်ဝန်းကျင်သာရှိသေးပြီး သူ့ကိုမှီခိုနေရတဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူကို ပြန်ခေါ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်ဘူးလို့ စုံစမ်းသိရပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်နဲ့ပေါင်းပြီး ရပ်ကွက်ထဲမှာ လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ မဲဆွယ်စည်းရုံးနေတာတွေရှိပါတယ်။ စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုပြီး​တော့စည်းရုံးနေကြတယ်လို့…