Author: Baby Yit Lone

  • ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ရောက်ရှိလာပြီးနောက် နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မန္တလေးမြို့ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ၁၀ စင်းလောက် ဗန်းမော်မြို့ကို ဩဂုတ် ၁ ရက်မှာ ရောက်လာပြီးနောက် မြို့တွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ နေရာတွေဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တဝိုက် ဘေးပတ်ပတ်လည်ကို တန်ပြန်ပြီး ထိုးစစ်ဆင်လာတာလို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “သင်္ဘောရောက်ပြီး ၂ ရက်လောက်နေတော့ သူတို့ဘက်က ထိုးစစ်ဆင်လာတာ။ စကခ ၂၁ ကို KIA ပူးပေါင်းအဖွဲ့တွေ…

  • စတော့ရှယ်ယာအရောင်းအဝယ်တွင် ရှယ်ယာထည့်ဝင်ခိုင်းငွေလိမ်လည်သော  မြန်မာ ၃ ဦးကို ဖမ်းမိ

    စတော့ရှယ်ယာအရောင်းအဝယ်တွင် ရှယ်ယာထည့်ဝင်ခိုင်းငွေလိမ်လည်သော မြန်မာ ၃ ဦးကို ဖမ်းမိ

    မဲဆောက်တွင် အမြတ် ၁၀ ရာခိုင်နှုန်းအကျိုးအမြတ်ပေးမည်ဟုဆိုကာ စတော့ရှယ်ယာအရောင်းအဝယ်တွင် ရှယ်ယာထည့်ဝင်ခိုင်းငွေလိမ်လည်သော မြန်မာ ၃ ဦးကို ဖမ်းမိ၊ ထိုင်းဘတ်ငွေ ၄၆ သန်းကိုပါ တစ်ပါတည်း သိမ်းဆည်းရရှိ

  • ရန်ကုန်မြို့နေရာများနှင့် YBS ကားများပေါ်တွင် ၈၈၈၈ အင်္ကျီ ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့နေရာများနှင့် YBS ကားများပေါ်တွင် ၈၈၈၈ အင်္ကျီ ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့နေရာများနှင့် YBS ကားများပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးမှုများတင်းကြပ်မှုများကြားမှ “၈၈၈၈”လုံးအရေးတော်ပုံ ၃၇ နှစ်မြောက်အထိမ်းအမှတ် အဖြစ် ရွှေပြည်သာသပိတ်ကော်မတီ(SPTSC)နှင့် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ ပူးပေါင်းကာ ၈၈၈၈ အင်္ကျီ ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

  • စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က  စွန့်ပစ်ထား

    စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က စွန့်ပစ်ထား

    ကျောက်ဖြူတိုက်ပွဲများတွင် စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က စွန့်ပစ်ထားဟု အလင်းဝင် စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ပြောဆို

  • အသစ်ရေးလို့ မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်

    အသစ်ရေးလို့ မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်

    အိပ်မောကျနေ၊ ပြည်သူတွေကို ထလေ ထတော့၊ နိုးထလော့ဟု စ၍နှိုးဆော်၊ ကမ္ဘာကျော်သည် မြန်မာပြည်၏၊ ညီညာစုရုံး ရှစ်လေးလုံးကား၊ ဖြစ်ပွားခဲ့တာ သုံးဆယ်ခွန်နှစ် ရှိပါပြီ။ ။ သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၃၇ နှစ် ရှိပါပြီ။ ၃၇ နှစ်ပွဲ ကျင်းပဖို့အတွက် ကြိုတင်တိုင်ပင်ခဲ့ကြတယ်။ ရန်ပုံငွေ ဘယ်လောက်ကုန်မည်လဲ။ စုထည့်ဝင်ခဲ့ကြတယ်။ တချို့နိုင်ငံတွေမှာတော့ ၈၈၈၈ အကြိုပွဲတွေ၊ ၈၈၈၈ (၃၇) နှစ်အကြို လမ်းလျှောက်ပွဲတွေ လုပ်သွားကြပြီ။ တချို့က ၈-၈-၂၀၂၅ မှာ တိတိကျကျ မနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်မှာ စကျင်းပကြတယ်။ ၈ စက္ကန့်ငြိမ်ပြီး အလေးပြုကြတာပေါ့။ တချို့ကြတော့လည်း နောက်တနေ့ ၉ ရက်နေ့…