Author: Baby Yit Lone

  • Revolution X

    Revolution X

    Revolution X (2022)

    ဒီဇာတ်ကားဟာ ဒါရိုက်တာ Matthew Philip Cannon ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် အချိန်ခရီးသွား ဒရာမာဇာတ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ ကြိုးစားတဲ့ အချိန်ခရီးသွား တိုက်ပွဲတစ်ခုအကြောင်းပါ အဖျက်အဆီးခံရသော ကံကြမ္မာ: ၂၁ ရာစုရဲ့ ထူးချွန်တဲ့ အနုပညာရှင် Tee Hudson ဟာ ကမ္ဘာကြီးကို ကောင်းမွန်အောင် ပြောင်းလဲပေးမယ့် “Daydream” အဖွဲ့အစည်းကို တည်ထောင်ဖို့ ကံပါလာသူပါ။

    ဒါပေမဲ့ အနာဂတ်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ Planet X ကော်ပိုရေးရှင်းကြီးက သူတို့အာဏာတည်မြဲဖို့အတွက် Tee ရဲ့ ဘဝကို ဖျက်ဆီးဖို့ အတိတ်ကို လူလွှတ်ခဲ့ပါတယ်။

    Planet X ဟာ Tee ငယ်စဉ်မှာ သူ့အမေကို သတ်ခဲ့သလို၊ သူ့ရဲ့ ချစ်သူနေရာမှာလည်း စက်ရုပ် (Cyborg) တစ်ခုနဲ့ အစားထိုးပြီး သူ့ရဲ့ အောင်မြင်မှုကို ဟန့်တားခဲ့ပါတယ်။

    အနာဂတ်က Lottie နဲ့ Grey ဆိုသူ လူငယ်နှစ်ဦးဟာ Planet X ရဲ့ အစီအမံတွေကို သိရှိသွားပြီး Tee Hudson ရဲ့ မူလလမ်းကြောင်းမှန်ကို ပြန်လည်ရရှိအောင် အတိတ်ကို ပြန်သွားပြီး ကူညီဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာတော့…

  • Space/Time

    Space/Time

    Space/Time (2025)

    ဒီဇာတ်လမ်းက အနာဂတ်ကာလ၊ ကမ္ဘာကြီး ပျက်စီးလုနီးပါးဖြစ်နေတဲ့ အချိန်ကို အခြေခံထားတာပါ။

    သိပ္ပံပညာရှင်တစ်စုဟာ ကြယ်တာရာတွေကြား ခရီးသွားနိုင်မယ့် အင်ဂျင်တစ်ခု (Interstellar Engine) ကို တီထွင်နေရင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ စီမံကိန်းက ပိတ်သိမ်းခံလိုက်ရပြီး ရန်ပုံငွေလည်း မရတော့ဘူးပေါ့။

    ဒါပေမဲ့ ဒီစက်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေတော့ သိပ္ပံပညာရှင်တွေက လက်မလျှော့ကြဘူး။

    သူတို့ရဲ့ “Space-Time” စက်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ငွေလိုလာတဲ့အခါမှာတော့ မမျှော်လင့်ဘဲ ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ငွေရှာကြပါတော့တယ်။

    ဝေဖန်ရေးသမားတချို့ကတော့ ဒီကားကို Breaking Bad နဲ့ Back to the Future တို့ ပေါင်းထားသလိုပဲလို့တောင် တင်စားကြပါတယ်။

    သိပ္ပံပညာနဲ့ ရာဇဝတ်မှုကြားက နယ်နိမိတ်ကို ရင်တဖိုဖိုနဲ့ မြင်ရမှာပါ။

    အချိန်ခရီးသွားတာတင် မဟုတ်ဘဲ ငါတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေကို အတိတ်ပြန်သွားပြီး ပြင်နိုင်မလားဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းတွေကိုလည်း ဇာတ်လမ်းထဲမှာ ထည့်သွင်းထားပါတယ်။

    ဒါဟာ Australia နိုင်ငံက ထွက်ရှိထားတဲ့ အားကောင်းတဲ့ Independent Sci-Fi ကားတစ်ကားဖြစ်ပြီး Visual Effects တွေကလည်း အတော်လေး ကောင်းမွန်ပါတယ်။

    “Space/Time” က အချိန်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ လူသားတွေရဲ့ လောဘ၊ အမှားနဲ့ ရွေးချယ်မှုတွေအကြောင်းကို မြင်ရမယ့် ကားကောင်းတစ်ကားပါ။

    ရုပ်ရှင်ကို ၂၀၂၅ ခုနှစ်ထဲမှာ အချို့နိုင်ငံတွေမှာ ပြသခဲ့ပြီး၊ ၂၀၂၆ ဇန်နဝါရီလထဲမှာတော့ VOD (Video on Demand) အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ရှိလာတာ ဖြစ်ပါတယ်။

  • In the Bedroom

    In the Bedroom

    In the Bedroom (2025)

    ဒီရုပ်ရှင်ဟာ မိသားစုတစ်ခုအတွင်း ဖြစ်ပျက်တတ်တဲ့ နာကျင်ကြေကွဲမှုနဲ့ လူသားတွေရဲ့ စိတ်အခံကို တကယ့်ကို ရိုးရှင်းပြီး ပါးပါးနပ်နပ်ကြီး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

    ဒီဇာတ်ကားက ပုံမှန် မြင်နေကျ ဟောလိဝုဒ် ဒရာမာတွေလို အလှည့်အပြောင်းတွေနဲ့ ဆွဲဆောင်တာမျိုးမဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ထဲက တိတ်ဆိတ်တဲ့ နာကျင်မှုတွေ တစ်ယောက်နဲ့တစ်ယောက်ကြားက မပြောဖြစ်တဲ့ စကားလုံးတွေကတစ်ဆင့် ပရိသတ်ကို ဇာတ်ရှိန်တက်အောင် ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

    အဓိက ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို သဘာဝကျလွန်းလို့ ကြည့်နေရင်းနဲ့ သူတို့ခံစားချက်တွေထဲ စီးမျောသွားစေပြီး၊ အေးစက်စက် လေထုနဲ့အတူ ရင်ထဲမှာ တစ်ခုခုကို တင်းကျပ်နေစေမယ့် ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။

    အထူးသဖြင့် ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးမှုနဲ့ ကံကြမ္မာရဲ့ ရက်စက်မှုကို အနုပညာမြောက်မြောက် ခံစားကြည့်ချင်သူတွေအတွက်တော့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုလို့ ညွှန်းပါရစေ…။

  • Kakak

    Kakak

    Kakak (2015)

    အဒီနဲ့ကီရာနာတို့ဟာ ကလေးရဖို့ခက်ခဲနေတဲ့ ဇနီးမောင်နှံဖြစ်ပြီး ပန်းနာရောဂါသည် ကီရာနာဟာ ကိုယ်ဝန်သုံးကြိမ်ပျက်ကျဖူးတဲ့စိတ္တဇ၊ ရောဂါရဲ့နှိပ်စက်မှုနဲ့ ယောက္ခမဖြစ်သူရဲ့စောင်းမြောင်းပြောဆိုမှုတွေကြောင့် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျနေရပါတယ်။

    အဲ့ဒီလိုအနေအထားကိုရောက်လာချိန်မှာတော့ အဒီဟာ စိတ်ပိုင်းဖြတ်ပြီး ဇနီးသည်ကိုခေါ်ဆောင်ပြီးမိခင်ဖြစ်သူနဲ့ဝေးရာ ဖြစ်တဲ့နေရာတစ်ခုမှာ အိမ်သစ်တစ်လုံးဝယ်ယူပြောင်းရွှေ့လာခဲ့ပါတယ်။

    အိမ်အသစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာရေးတိုးတက်ပြီး ပျော်ရွှင်သွက်လက်လာတဲ့ ဇနီးဖြစ်သူကြောင့် ဝမ်းသာလို့မဆုံးခင်မှာပဲ သူ့ဇနီးဖြစ်သူ ပုံစံပြောင်းလာတဲ့အကြောင်းရင်းကိုသိလိုက်ရပါတော့တယ်။

    အဲ့ဒါကတော့ သူတို့ရဲ့အိမ်အသစ်မှာ ကလေးမလေးတစ်ယောက်ရဲ့မကျွတ်မလွတ်ဝိဉာဉ်တစ်ခုရှိနေပြီး ကလေးလိုချင်နေတဲ့ သူ့ဇနီးနဲ့မိခင်လိုချင်နေတဲ့ ဝိဉာဉ်တစ္ဆေကလေးမလေးတို့ဟာ မိတ်ဆွေဖြစ်နေကြပြီဆိုတာပါပဲ။

    သူတို့ဇနီးမောင်နှံကိုယ်ပိုင်ကလေးရဖို့ဖြစ်လာတဲ့အခါဒီဝိဉာဉ်ကလေးမက ဆက်ပြီးကြည်ဖြူနိုင်ပါ့မလား?

    အန္တရာယ်မပေးပဲ သူတို့ကိုဆက်ပြီးစောင့်ရှောက်မှုပေးနိုင်ဦးမလား?

    သူ့ရဲ့နောက်ကြောင်းကဘယ်လိုဖြစ်ရပ်ဆိုးတွေရှိခဲ့မလဲ အစရှိတာတွေကိုဆက်လက်ရှုစားကြပါ။

    ဒါရိုက်တာဖြစ်သူ Ivander ရဲ့အဘိုးနဲ့မြေးတို့ရဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတာလို့ ဆိုပါတယ်။

  • The Christmas Showdown

    The Christmas Showdown

    The Christmas Showdown (2025)

    ငယ်ဘဝ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့ကြတဲ့ ဧပရယ် နဲ့ ချက်စ်တို့ဟာ ဧပရယ်က ပဲရစ်မှာ အလုပ်အကိုင်ရှာဖို့ ထွက်ခွာသွားပြီးကတည်းက စိမ်းကားခဲ့ကြပါတယ်။

    ဧပရယ် အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ Sugar Heights Christmas Eve Spectacular အတွက် ပွဲစီစဉ်မှု အလုပ် တစ်ခုတည်းကို နှစ်ယောက်လုံး ယှဉ်ပြိုင်ကြရပါတယ်။

    ထုတ်လုပ်သူ ဟန် ကို စွဲဆောင်နိုင်ဖို့အတွက် သူတို့ဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေကို စိမ်းကားသွားတဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်ကြရင်း ခရစ်စမတ်အနှစ်သာရရှိတဲ့ ပွဲတစ်ပွဲကို ဘယ်လိုအတူတူ ပပြန်လည် ပူးပေါင်းပြီး အဖွဲ့လိုက်ဆောင်ရွက်ကြမလဲ ဆိုတာ ခရစ်စမတ် မတိုင်ခင်ထွက်လာတဲ့ ဇာတ်ကားသစ်လေးကို ငြိမ့်ငြိမ့်လေးခံစားချင်တယ်ဆိုရင် ဆက်လက်ကြည့်ရှု အားပေးကြပါဦး။