Author: Baby Yit Lone

  • မကြာခင် ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်တော့မယ့် ဖိုးချစ်

    မကြာခင် ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်တော့မယ့် ဖိုးချစ်

    မကြာခင် ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်တော့မယ့် ဖိုးချစ် သဘင်အစည်းအရုံးကို ထိရင် ခွင့်မလွှတ်ဘူး ဆိုတဲ့ ဖိုးချစ် ‘လက်ရှိ သဘင်အစည်းအရုံးဥက္ကဋ္ဌ တာဝန်ယူထားတာဖြစ်တဲ့အတွက် သဘင်အစည်းအရုံးကိုထိပါးလာတဲ့သူတွေကို ခွင့်လွှတ်မှာမဟုတ်ဘူး.. ဒါ သဘင်အစည်းအရုံး ပါ.. ဖိုးချစ် အစည်းအရုံး မဟုတ်ပါဘူး လို့ ပြောလာတဲ့ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ် ‘သဘင် က ဆင်ဆာ မရှိတဲ့အတွက် အသိ၊ ကျင့်ဝတ်၊ စံနှုန်းနဲ့ ထိန်းသိမ်းရပါမယ်။ ကျနော် တစ်ယောက်တည်း နဲ့ မရနိုင်လို့ အတူတကွ ဘယ်လို ကျော်ဖြတ်ကြမလဲ ဆိုတာ အားလုံး စဉ်းစားရမှာပါ’ လို့ ပြောလာတဲ့ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ် ပရိတ်သတ် ချစ်ကြတဲ့ ဦးမိုးဒီ၊ ဦးပေါ်လေး၊ ခင်လှိုင်၊ ကျင်ဝှက် ၊…

  • တကောင်းမြို့ရှိ PDF ရဲဘော်များ၏ အုတ်ဂူများကို စစ်လော်ဘီ ကျော်စိုးဦးနဲ့ နောင်တော်လေးက ဖျက်ဆီး

    တကောင်းမြို့ရှိ PDF ရဲဘော်များ၏ အုတ်ဂူများကို စစ်လော်ဘီ ကျော်စိုးဦးနဲ့ နောင်တော်လေးက ဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များ၏ အုတ်ဂူများကို စစ်တပ်ထောက်ခံသူ စစ်လော်ဘီများဖြစ်တဲ့ ကျော်စိုးဦးနဲ့ နောင်တော်လေးတို့က မနေ့က (မတ်လ ၁၄ ရက်) တွင် ဖျက်ဆီးခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးဟာ ကျဆုံးသွားတဲ့ PDF ရဲဘော်များ၏ ဂူဗိမာန်များကို မဖွယ်မရာပြုလုပ်ကာ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျော်စိုးဦးအနေဖြင့် ယခုကဲ့သို့ ကျဆုံးရဲဘော်များ၏ အုတ်ဂူများကို ပစ်မှတ်ထားပြီးမဖွယ်မရာလုပ်ဆောင်ခြင်းဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ကျော်စိုးဦးဟာ စစ်အာဏာမသိမ်းခင်က ပြည်တွင်းသတင်းဌာနတစ်ခုတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ အဲ့အချိန်ကကြံ့ခိုင်ရေးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ထံမှ ငွေကြေးရယူကာ သတင်းဖြင့်ဝါဒဖြန့်ရန် ကြိုးပမ်းခဲ့တဲ့အတွက် သတင်းထောက်ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် အလုပ်ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိတွင် ၎င်းသည် “People Media” ဟုခေါ်ဆိုသည့် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ဖြန့်ဝေခြင်းနဲ့အရပ်သားများအား ဖမ်းဆီးရန်၊ တိုက်ခိုက်ရန် စစ်တပ်ကို…

  • “ရွှေပြည်သာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြီး ကားလုယူသွားသည့် ဖြစ်ရပ်ဖြစ်ပွား”

    “ရွှေပြည်သာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြီး ကားလုယူသွားသည့် ဖြစ်ရပ်ဖြစ်ပွား”

    ​ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဂရုဏာလမ်းတွင် တစ်ဦးတည်း နေထိုင်သည့် အသက် (၆၈) နှစ်အရွယ် အစိုးရအငြိမ်းစားဝန်ထမ်း ဦးအောင်သောင်းအား သတ်ဖြတ်ကာ နေအိမ်မှ ကားကိုပါ လုယူသွားသည့် ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု မတ်လ ၁၅ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။ ​ ဖြစ်စဉ်အကျဉ်း – ဦးအောင်သောင်းအား ဖုန်းဆက်၍မရသဖြင့် မိသားစုဝင်များနှင့် တာဝန်ရှိသူများက မတ်လ ၁၂ ရက်နေ့တွင် နေအိမ်သော့ကို ဖျက်၍ ဝင်ရောက်ကြည့်ရှုရာ… ဦးအောင်သောင်းအား လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်နှောင်၊ လည်ပင်းကို ဖုန်းအားသွင်းကြိုးဖြင့် ညှစ်၍ သတ်ဖြတ်ပြီး ကုတင်အောက်ရှိ သံသေတ္တာအတွင်း ထည့်သွင်းဖျောက်ဖျက်ထားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ “ရဲတွေပြောတာတော့ အိပ်ယာခင်းနဲ့ပတ်ပြီး သေတ္တာထဲ ထည့်ထားခံရတာလို့ ပြောတယ်၊ ပျောက်နေတဲ့ ကားကတော့…

  • “သေတပန် သက်ဆုံးတိုင်… ခင်ပွန်းဖြစ်သူ သင်္ဂြိုဟ်မည့်မနက်မှာ လိုက်ပါကွယ်လွန်သွားခဲ့တဲ့ အဘွားနှင့် အဘိုးတို့၏ အံ့မခန်းသံယောဇဉ်”

    “သေတပန် သက်ဆုံးတိုင်… ခင်ပွန်းဖြစ်သူ သင်္ဂြိုဟ်မည့်မနက်မှာ လိုက်ပါကွယ်လွန်သွားခဲ့တဲ့ အဘွားနှင့် အဘိုးတို့၏ အံ့မခန်းသံယောဇဉ်”

    ​မေတ္တာတရားဆိုတာ သေခြင်းတရားကတောင် ခွဲမရနိုင်ဘူးဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။ ​ အသက် (၉၆) နှစ်အရွယ် အဘိုး ဦးအေးသောင်းဟာ မတ်လ (၁၂) ရက်နေ့ ည (၁၀) နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဘိုးရဲ့ နာရေးအတွက် ပြင်ဆင်နေကြရင်း အဘိုးကို သင်္ဂြိုဟ်မည့်နေ့ မနက်မှာပဲ ဇနီးဖြစ်သူ အသက် (၉၄) နှစ်အရွယ် အဘွား ဒေါ်ညွန့်ခင်ဟာလည်း အဘိုးအပေါ်ထားတဲ့ သံယောဇဉ်စိတ်နဲ့ပဲ လိုက်ပါကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ​ ဘဝတစ်လျှောက်လုံး အတူလက်တွဲလာခဲ့ကြသလို နောက်ဆုံးခရီးမှာလည်း တစ်ယောက်တည်း မသွားစေဘဲ အတူတူ သွားနိုင်အောင် စောင့်ဆိုင်းနေခဲ့ကြသလား ထင်ရပါတယ်။ ခင်ပွန်းဖြစ်သူကို သင်္ဂြိုဟ်မယ့်နေ့မှာပဲ ဇနီးသည်က ထပ်မံကွယ်လွန်သွားတာကြောင့် အဘိုးနဲ့ အဘွားကို တစ်နေ့တည်း၊ တစ်ချိန်တည်းမှာပဲ အတူတူ သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။ ​…

  • အလှူလှည့်တဲ့ ကျောက်ဆည်ဆင် ဓာတ်လိုက်သေဆုံး

    အလှူလှည့်တဲ့ ကျောက်ဆည်ဆင် ဓာတ်လိုက်သေဆုံး

    မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က အလှူလှည့်တဲ့ ဆင် ဓာတ်ကြိုးနဲ့ထိလို့ ရေထဲကျပြီး သေဆုံးခဲ့တယ်လို့ ဆင်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မတ်လ ၁၄ ရက် မနက်ပိုင်းက လက်ဝဲစုကျေးရွာမှာ အလှူလှည့်လာတဲ့ “ရွှေဇမ္ဗူအောင်”ဆင်တော်အဖွဲ့ရဲ့ ဆင်ဟာ အခုလို ဓာတ်လိုက်ပြီး ဆုံးပါးသွားခဲ့တာပါ။ ဒီဆင်ရဲ့ နာမည်က “ဖားလယ်နချဲ” ဖြစ်ပြီး ဝယ်ယူထားတာ မကြာသေးဘူးလို့လည်း သိရပါတယ်။ ဆင်ပေါ်လာပါတဲ့ ဆင်ဦးစီး နဲ့ အလှူရှင်နှစ်ဦး အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ဆင်ဦးစီးဖြစ်သူကတော့ ပြန်ပြီး သတိလည်လာပြီလို့ ရွှေဇမ္ဗူအောင်ဆင်အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ နှစ်စဉ် ဆင်ပြိုင်ပွဲတွေလည်း ကျင်းပကြပါတယ်။ သီတင်းကျွတ်ကာလ ကျောက်ဆည်က ဆင်ပြိုင်ပွဲတွေဟာ နိုင်ငံတဝန်းလူထုအကြားမှာလည်း ထင်ရှားကျော်ကြားပါတယ်။