Author: Baby Yit Lone
-

ပခုက္ကူမြို့နယ်၌ စစ်သား ၃ ဦးနှင့် ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၃ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်တို့ သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ဒေါင်းညီနောင် PKU ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူလေယာဥ်ကွင်းကနေ ရိက္ခာထုတ်ပြီး ပြန်လာကြတဲ့ ရန်သူ့အင်အား ၁၅ ယောက်ကို ကြိုတင်သတင်းရတဲ့အတွက် မြောက်လူးကန်ရွာနဲ့ ပခုက္ကူလေယာဥ်ကွင်းကြားကနေ စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းထဲက အတိုင်း စစ်သား ၃ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်တို့ နေရာမှာတင် သေတယ်။ ကျန်တဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်းကနေ စစ်ကောင်စီလက်အောက်ခံတပ်တွေထံက UZI သေနတ် တလက်၊ MA1…
-

သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်တွေက ကျောက်မဲကနေ သီပေါဘက်ကို ထိုးစစ်ဆင်တာဖြစ်ပြီး အခုရက်ပိုင်းမှာ သီပေါမြို့အနီးထိ စစ်ကြောင်းထိုး ဝင်ရောက်လာကာ သီပေါမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အခုလို မနေ့ညက မြို့ထဲ ဝင်ရောက်လာတာပါ။ သီပေါဒေသခံ အမျိုးသားတယောက်က “သေချာပြီဗျ။ စစ်ကောင်စီတွေ မြို့ထဲဝင်ပြီ။ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီလောက်က” လို့ ပြောပါတယ်။ စစ်တပ်က သီပေါမြို့ထဲ ဝင်ရောက်ခါနီး အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီး သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးတချို့နဲ့ ဟိုတယ်တခု…
-

ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်
ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ အပြင်းအထန်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာ ရွှေ၊ငွေ၊ ဖုန်းနှင့်ဆိုင်ကယ်ကိုလည်း စစ်သားများက လုယက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ နှိပ်စက်ညှဉ်းပန်းခံထားရသော ဒဏ်ရာအပြည့်ဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက် စစ်သားများက…
-

Ponyboi
Ponyboi (2025) Intersex ဒွိလိင်တစ်ဦးဖြစ်သူ ပိုနီဘွိုင်းဟာ မိဘများနှင့် ဆက်ဆံရေးမပြေလည်တော့သည့်အတွက် အိမ်ကနေထွက်လာပြီး နယူးဂျာစီမှာ ကိုယ့်ဘဝကိုယ်ကျောင်းရင်း နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီလို့ခေါ်တယ့် လူတစ်ယောက်ရဲ့အကူအညီနဲ့ နေစရာရော အလုပ်အကိုင်ပါရရှိခဲ့ပါတယ်။ သို့ပေမယ့်အလုပ်အကိုင်က ကောင်းရောင်းကောင်းဝယ်တော့မဟုတ်ပါဘူး။ နေ့ခင်းဘက်မှာ အဝတ်လျှော်လုပ်ငန်းလုပ်ရပေမယ့် ညခင်းဘက်မှာတော့ ပြည့်တန်ဆာတစ်ဦးအဖြစ်နဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်များနှင့်ပါ ပတ်သတ်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီကိုယ်တိုင်က ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးရဲ့ခင်ပွန်းဖြစ်ပေမယ့် ပိုနီဘွိုင်းအပါအဝင် မိန်းမတစ်ကာနှင့် ပတ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ပိုနီဘွိုင်းနဲ့ ဗင်နီရဲ့မိန်းမ အိန်ဂျယ်လ်နဲ့က အလွန်ခင်မင်ခဲ့ကြပြီး အရင်းအနီးဆုံးသူငယ်ချင်းတွေပါ ဖြစ်လာပါတယ်။ ဒီလိုမျိုး အရှုပ်ထုပ်တွေနဲ့ပြည့်နေတဲ့ ပိုနီဘွိုင်းတစ်ယောက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကပါ ဒွိဟဖြစ်နေစေတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လက်ခံမှုတစ်ခု၊ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့ အချိန်တစ်ခုကိုရောက်လာခဲ့ပါတယ်။ ကောင်းမွန်သောရောက်လာခြင်းတော့မဟုတ်ပါဘူး။ အပြဲပြဲအကွဲကွဲဖြစ်ရမယ့် အခြေအနေတစ်ခုနဲ့ပါ။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ ဒီဇာတ်ကားလေးဟာ ၂၀၁၉မှာဒီနာမည်နဲ့ပဲထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပိုနီဘွိုင်းသရုပ်ဆောင်သူဟာလည်း…
-

Long Live the King: Mokpo Hero
Long Live the King: Mokpo Hero (2019) အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ မင်းသား Kim Rae Won နဲ့ မင်းသမီး Won Jin A တို့ အဓိကပါဝင်ထားပြီး .. လူကြမ်းကြီးကနေ နိုင်ငံရေးသမားဖြစ်သွားတဲ့ Action, Ro-com အမျိုးအစားလေးဖြစ်တဲ့ Long Live the King : Mokpo Hero ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း မို့ဖိုမြို့က လူဆိုးခေါင်းဆောင် ဂျန်ဆယ်ချူး (Kim Rae Won) ဟာ ဈေးသည်တွေကို အနိုင်ကျင့်ဗိုလ်ကျပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးပါ… တစ်နေ့မှာတော့ မို့ဖိုဗဟိုဈေးကိုဖြိုဖျက်ပြီး အဆင့်မြင့်အပန်းဖြေစခန်းဆောက်ဖို့လုပ်ကြတဲ့ အာဏာရှိလူတွေကြောင့် ဈေးသူဈေးသားတွေ ဆန္ဒပြကြတဲ့အခါ ဖြိုဖျက်ဖို့ကို…