Author: Baby Yit Lone
-

စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံရေးအတွက် လိုက် နာလုပ်ဆောင်သင့်သည့် နည်းလမ်းများ ထုတ်ပြန်
စစ်တပ်က ပြည်သူများကို မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံ ရေးအ တွက် ပြည်သူများ လိုက်နာလုပ်ဆောင်သင့်၊ လုပ်ဆောင်ရမည့် နည်းလမ်းများကို Myanmar Internet Project က ထုတ်ပြန်သည်။ စစ်ကော်မရှင်က ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများအပါ အဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက် ပစ္စည်းများ၏မူရင်းအမှတ် အသား(International Mobile Equipment Identity – IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက် ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည် ဖော်အသုံးပြုရန်ဆောင်ရွက်လာကြောင်း၊ စစ်ကော်မရှင်၏ကြေညာချက်တွင် အခွန်ကောက်ခံရန်နှင့်တရားမဝင် တင်သွင်းမှုများကို တားဆီးရန်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသော ပြည်သူများ၏ လုံခြုံရေး အထူး သတိထားရမည်ဖြစ်ကြောင်းMyanmar…
-

စစ်တွေ ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင် ဒါဇင်နှင့်ချီသေဆုံးသွားသောကြောင့် စစ်သင်္ဘော ၁၀စီးခန့်အထိ အင်အားတိုးချ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြောက်ဘက်ရှိ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်က စစ်သင်္ဘောနှင့် လုံခြုံရေးအင်အား တိုးချလိုက်ကြောင်း သိရသည်။ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း ရခစ ၁၇ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်မှစကာ AA က အမြန်ရေယာဉ်များဖြင့် လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ”စစ်တွေမြို့နဲ့ ဆတ်ရိုးကျချောင်းကို တံတားတစ်ခုနဲ့ဆက်သွယ်ထားပြီး အဲဒီ့ ဘီလူးမတံတားကိုသာ အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ရင် ရေတပ်နဲ့ စစ်တွေတပ်နယ်က ကုန်းလမ်းခရီး အဆက်အသွယ်ပြတ်သွားမှာ ဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။ ကမ်းထိုးရေယာဉ်များနှင့် အင်အား၊ ရိက္ခာဖြည့်တင်းသည့် စစ်တပ်သုံး ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးကာ ပြီးခဲ့သည့်ရက်ပိုင်းမှ အလောင်းကောက်ယူနိုင်သည့်အတွက်…
-

နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်ရရှိ
အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကိုအာရက္ခတပ်တော်(AA) က မတ်လပထမပတ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တစ်ရက်တည်းအတွင်း အပြီးသတ် သိမ်းပိုက်ရရှိထားကြောင်း သတင်းရရှိသည်။ နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AAက သိမ်းပိုက်ထားသည်သာမကစစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “နတ်ရေကန်တောင်ကြောတစ်ကြောထဲမှာရှိတဲ့ အဓိကကာကင်းလို့ပြောလို့ရတယ်။ အဲဒီကာကင်းစခန်းထဲကစစ်တပ်က အမြဲတမ်း ဒရုန်းတွေနဲ့ပစ်တယ်။လက်နက်ကြီးပစ်တာတွေအမြဲလုပ်တယ်။ အဲဒါကြောင့် AA ကတိုက်တာ။တစ်ရက်ပဲတိုက်လိုက်ရတယ်။ ကာကင်းစခန်းကိုသိမ်းနိုင်ခဲ့တယ်” ဟု ပြောသည်။ အဆိုပါကာကင်းစခန်းမှစစ်ကောင်စီတပ်သားတချို့ နတ်ရေကန်ဗျူဟာကုန်းပေါ်ထွက်ပြေးသွားပြီး တချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။ “တချို့ကတော့ ကုန်းပေါ်ပြေးတယ်။တချို့ကတော့ AA ကအရှင်ဖမ်းမိတာတွေရှိတယ်။သေတာတွေလည်းရှိတယ်” ဟု ပြောသည်။ \ကာကင်းစခန်းကုန်အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်မှ နတ်ရေကန်တောင်ကြောတစ်လျှောက်ကို Y-12၊ဂျက်ဖိုက်တာ ဒရုန်းများဖြင့် နေ့စဉ် ဗုံးလာကြဲလျက်ရှိကြောင်း သိရသည်။ \အဆိုပါ…
-

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး
စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လွန်ခဲ့သောနှစ်တွင် စ၍ သွေးချောင်းစီး ဖြိုခွဲနေသည်နှင့် တပြိုင်နက် စစ်ကောင်စီသည် အာဏာသိမ်းဆန့်ကျင်သူများအား ဖမ်းဆီးပြီး အထူးဖြင့် စစ်ကြောရေး ပြုလုပ်စဉ် ရက်စက်ကြမ်းကြုတ်မှုများ စတင်ကျင့်သုံးခဲ့သည်။ ထိုစစ်ကြောရေးများကို ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် အမည်ဆိုးဖြင့်ကျော်ကြားသော စစ်ထောက်လှမ်းရေးဌာနကို ဆက်ခံသည့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ/ OCMSA) က အဓိက လုပ်ဆောင်သည်။ စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ စစ်ကြောရေး ပြုလုပ်နေစဉ် အကျဉ်းသား သေဆုံးသည်ကိုပင် ဂရုမစိုက်ဘဲ စစ်မေးကြသည်။ စရခ၏ ညှဉ်းပန်းနှိပ်စက်နည်းများတွင် ဆူပွက်နေသောအရည် သို့မဟုတ် ဓာတုဆေးရည်များကို စစ်မေးခံရသူ၏ ပါးစပ်မှ ဝမ်းဗိုက်အတွင်းသို့ လောင်းထည့်ခြင်းနှင့်…
-

ပထမဆုံး LGBTတပ်ချုပ်လား?
ရဲဝင်းဦးကိစ္စက မအလယုံတာသိပေမယ့် သူက တိုင်းမှူးအပြီး စရဖညွှန်ချုပ်သာလုပ်လို့ ဘယ်သူကမှ ဒီရာထူးပေးမယ်လို့ မထင်ထားပါဘူး။ သူက လူသတ်တာ၊ ဘောမတာကလွဲလို့ စစ်ရေးအတွေ့အကြုံမရှိပါဘူး။ ဒီရာထူးကို ပေးလို့ရပေမယ့် စစ်မနိုင်နိုင်ပါဘူး။ ဒါကြောင့် မအလက စစ်တိုက်နိုင်သူထက် အမိန့်နာခံသူကိုရွေးတာ ထင်ရှားနေပါတယ်။ နောက်သူက အရက်သမား၊ နှစ်ဖက်ချွန် အမျိုးသမီးငယ်တွေရော လိင်တူပါဆက်ဆံသူပါ။ သူ့ ယခင် ဧရာဝတီတိုင်းထဲက PSO ကောင်လေးနဲ့ ဖြစ်နေတာပါ။ ထူးခြားတာက တရုတ်သမ္မတကို မိတ်ဆက်စဉ်က အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်က ကျော်စွာလင်းဖြစ်ပြီး အားလုံးရှေ့မှာ မိတ်ဆက်ထားတာပါ။ ကျော်စွာလင်းလဲ ရဲဝင်းဦးကို တပ်ချုပ်ပေးရလောက်အောင် ဘာတွေ ဖြစ်ခဲ့လဲ ယခုအထိတော့ မသိသေးပါ။ သိတာက ကျော်စွာလင်းက တပ်ချုပ်ပါ။ ဘာပဲပြောပြော စိန်လွင်ကို သမ္မတပေးလိုက်သလိုပါဘဲ။ တိုင်းပြည်ရော တပ်ပါ ကောင်းဖို့မရှိဘဲ ပြည်သူက…