ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် ဆက်သွယ်ထားသည့် မကွေးတိုင်း ငဖဲမြို့နယ်၊ရိုးမတောင်ကျော်လမ်းတွင် စစ်ကော်မရှင်တပ်၏ ထောက်ပို့ကားတန်းအား အာရက္ခတပ်တော် (AA) ကတိုက်ခိုက်ရာတွင် အရာရှိပါလာသောကားမှာကျည်ထိမှန်ပြီး မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

မတ်လ ၂၃ ရက်နေ့က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ထိုးဖောက်နေသည့် စစ်ကူ စစ်ကြောင်းများအား လက်နက်နှင့် ရိက္ခာပို့ဆောင်ရန် လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းအား AA မှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြောသည်။

“သူ့တို့လာတဲ့ကားတန်းကို AA က တိုက်ခိုက်တာပါ။လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်တာပါ။ အရာရှိပါလာတဲ့ကား အာရ်ပီဂျီထိတော့ ကားပါမီးလောင်သွားတယ်။ အသေအပျောက်တော့များမယ်ထင်တယ်”ဟုပြောသည်။

အရာရှိကားမှာ မီးလောင်သွားခဲ့သော်လည်. သေဆုံးမှုအရေအတွက်ကို အတိအကျမသိရသေးဟု ၎င်းက ပြောသည်။

“ ဗျုဟာမှူးအဆင့်ရှိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကAA လက်ထဲကိုကျဖို့ နည်းနည်း လိုသေးတယ်။ ဒါကြောင့် သူတို့က နတ်ရေကန်ကို စစ်ကူတွေ အပြင်းအထန် ပို့နေတာ။ အဲဒီစစ်ကူ စစ်ကြောင်းတွေကိုသူတို့က နောက်ကနေ ကားတွေနဲ့ လက်နက်ခဲယမ်း၊လူအင်အား ၊စားနပ်ရိက္ခာ ထောက်ပို့လုပ်ပေးနေတာတွေရှိတယ်။ အဲဒီ ကားတန်းကို တိုက်တာ။ အရာရှိအဆင့်ပါကားကမီးလောင်သွားခတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကော်မရှင်သည် ပဒါန်းမြို့အနီးရှိ ဆုန်ကုန်းအမြောက်တပ်၊ကပစ (၁၄) တို့ကရိက္ခာ၊ လက်နက် ခဲယမ်းများကို ပဇီလမ်း၊ဂုတ်ကြီးလမ်းရှိ ရှေ့တန်းထိုးစစ်ဆင်နေသောစစ်ကြောင်းများသို့ပုံမှန် ပို့ဆောင်လေ့ရှိပြီး AA နှင့် ပူးပေါင်းတပ်ဖွဲ့က အပိုင်ရသည့်နေရာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောကြားသည်။

စစ်ကော်မရှင်တပ်သည် ထိုသို့ ရိက္ခာပို့ရာတွင် အိမ်စီးကားများကိုသာမက စစ်ကားများကို လူစီးကား သဖွယ် အရောင်ပြောင်း၍ ပို့ဆောင်နေသည်ဟု ဆိုသည်။

ထိုသို့ပို့ဆောင်ရာတွင်အိမ်စီးကားများ၊ဘုန်းတော်ကြီးပိုင်ကား၊လူမူရေးကူညီဆောင်ရွက်နေသည့်သာရေး၊ နာရေးကားများကိုပါစစ်ရေးတွင် အသုံးချနေသည်ဟု၎င်းကပြောသည်။

“စစ်ကားနဲ့ဆို သူတော့အတိုက်ခိုက်ခံရတာတွေများလာလို့အခုနောက်ပိုင်း အိမ်စီးကား၊လူမူရေးဆောင်ရွက်နေတဲ့ကား၊ဘုန်းကြီးကားတွေကို အသုံးချလာတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့နေရာကိုလာတော့ အဲဒါစစ်သားပါတဲ့ကားဆိုတာကို တော်လှန်ရေးဖက်ကလည်းသိပါတယ်”ဟု ပြောသည်။

ပိတ်မိနေသော နတ်ရေကန်လေကြောင်းရန်ဗျူဟာကုန်းကို အင်အား ၇၀၀ ဝန်းကျင်ဖြင့်လမ်းဟောင်း လမ်းသစ် ကို စစ်ကြောင်းထိုးနေသည်ဟုသိရသည်။

AA နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်သဖြင့် စစ်ကော်မရှင်မှာ အကျဆုံးများဖြင့်ရင်ဆိုင်နေရကာ စစ်ရှောင်နေကြရသောကျေးရွာ ဖြစ်သည့် လိူင်ရွာ၊နောင်ရွာတို့ ကိုလည်း စစ်ကော်မရှင်သည် ဒရုန်း၊လက်နက်ကြီး ဂျက်ဖိုက်တာ၊Y12 တို့ဖြင့်တိုက်ခိုက်မူရှိနေသဖြင့် အဆိုပါကျေးရွာများတွင် စစ်ရှောင်ဒေသခံအချို့ သေဆုံးမူရှိနေသည်ဟုဒေသခံများ၏ပြောကြားချက်အရသိရသည်။

နိရဉ္စရာ


Leave a Reply

Your email address will not be published. Required fields are marked *