Author: Baby Yit Lone

  • မချိတင်ကဲ ပြုံးပြ၊ ဖြဲပြနေရတဲ့ အေသင်ကို

    မချိတင်ကဲ ပြုံးပြ၊ ဖြဲပြနေရတဲ့ အေသင်ကို

    ဆီတန်းရတဲ့ ဘဝကနေ စုံ/ မ စနစ်တွေကြားမှာ မွန်းကြပ် နေတာ သေချာနေပြီပေါ့လေ။ ခြေထောက်ကြီး ချိတ်ပြီး ထက်မြတ်တဲ့ မိန်းမတယောက်အထာနဲ့ ပြည်သူ့အစိုးရမဟုတ်တဲ့ အာဏာရှင်အစိုးရကို ဖောင်းထုဖို့ကလည်း အေသင်အတွက် အခက်ပဲမလား။ အေသင်ရဲ့ဟိုးတုန်းက စိတ်နဲ့ဆို မိန်းမသားတယောက်၏ ဖွင့်ဟဝန်ခံချက်တွေပါ ပွဲတခုလို ကြည်ခွင့်ရဦးမှာ… အခုတော့ မချိတင်ကဲ ပြုံးပြ ၊ ဖြဲပြနေပေမယ့် လှုပ်တာနဲ့ တိုး ဝင်လာမယ့် Dar ချက်တွေကြား ကြည့်စား ကြည့်နေ ကြည့်သွား ရတာပဲမလား။ (အဲ့တာ အာဏာရှင်ရဲ့ စနစ်ဆိုးပဲ အေသင်ကိုရဲ့) အဲ့တော့ သိန်းစိန်ခေတ်အထိ ပြန်တမ်းတပြီး (အဲ့အခြေ အနေကို ပြန်ရရင်ကောင်းမှာပဲ) ဆိုတဲ့ မချိတင်ကဲ စိတ်ကလေးနဲ့ Ball လေး “မ” ရတာလည်း နေ့မအား…

  • မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ

    မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ

    ခြောက်ယောက်ဆေးကုသမှုခံယူနေရ ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေဆုံးကာ နောက်ထပ်ခြောက်ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ မနေ့က မတ်လ ၁၅ ရက်နေ့မှာ ကြက်သားဟင်းချက်စားရာမှာ ဆားကိုထည့်ရမယ့်အစား ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ပြီးချက်စားခဲ့တဲ့အတွက် အစာအဆိပ်သင့်ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက သာမန်လက်လုပ်လက်စား မိသားစုပါ။ ကြက်သားထဲကို ဆိုဒီယမ်နိုက်ထရိုက် အထုတ်ထည့်စားတာကနေ ဖြစ်တာလို့သိရတယ်။ အဲဒီအထုတ်ကလည်း ကျားဖြန့်ဆိုက်တွေက ကောက်လာတာလား ဘာလားတော့ မသိဘူး။ ကလေးနှစ်ယောက်က ဆေးရုံရောက်လာကတည်းက အသက်မပါတော့ဘူးသိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ အစာအဆိပ်သင့်ခဲ့တဲ့ မိသားစုဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဖြစ်ပြီး…

  • ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်မှာ ဒီကနေ့ညနေပိုင်းက ကလေးတွေရေဆင်းချိုးရာကနေ ၅ ဦးရေနစ်ပြီး ၂ ဦးကယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ​ဒီကနေ့ (မတ်လ ၁၆ ရက်) ညနေ ၆ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းမြစ်၊ ဇတ်ဆိပ်အနီးမှာ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ယောက်ျားလေး ၃ဦးနဲ့ မိန်းကလေး ၂ဦး စုစုပေါင်း ၅ ဦး ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၅ ဦးအနက် ယောကျာ်းလေး ၂ ဦးကိုတော့ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ သို့သော် ကျန်တဲ့ ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၂ ဦးကိုတော့ ညပိုင်းအထိ ရှာမတွေ့သေးလို့…

  • ဘုရင်တွေတောင် ကြောက်ခဲ့ရတဲ့ ရွှေတိဂုံစေတီပေါ်က ဆုတောင်းပြည့် တန်ခိုးကြီး လျှို့ဝှက်ဘုရားတစ်ဆူ

    ဘုရင်တွေတောင် ကြောက်ခဲ့ရတဲ့ ရွှေတိဂုံစေတီပေါ်က ဆုတောင်းပြည့် တန်ခိုးကြီး လျှို့ဝှက်ဘုရားတစ်ဆူ

    “နန်းလုပွဲတွေ ဖြစ်မှာစိုးလို့ ကိုယ့်သားတော် မင်းညီမင်းသားတွေကိုတောင် ပေးမဖူးခဲ့တဲ့ ‘တန်ခိုးကြီး လျှို့ဝှက်ဘုရားတစ်ဆူ’ ရွှေတိဂုံစေတီတော်ပေါ်မှာ ရှိနေတာ သင် တကယ် သိပါသလား…?” ရန်ကုန်မြို့ရဲ့ ဂုဏ်ဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အထက်ပစ္စယံပေါ်မှာ “ပတ္တမြားမျက်ရှင်” (သို့မဟုတ်) “တဝဂူ” ဘုရားလို့ လူသိများတဲ့ အလွန်ထူးခြားတဲ့ ရုပ်ပွားတော်တစ်ဆူ ရှိပါတယ်။ ဒီရုပ်ပွားတော်ဟာ သာမန်ရုပ်ပွားတော် မဟုတ်ဘဲ မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ် (ခရစ်နှစ် ၁၇၉၂) မှာ နာမည်ကျော် ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် “ဘိုးဘိုးအောင်” ကိုယ်တိုင် အဓိဋ္ဌာန်နဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဘုရားရဲ့ ထူးခြားချက်ကတော့ တည်ထားတဲ့ ပစ္စည်းတွေပါပဲ။ ဘိုးဘိုးအောင်ဟာ ဒီရုပ်ပွားတော်ကို မင်းမျိုးမင်းနွယ်တွေရဲ့ သွေး၊ မဟာဆီ (နန်းသုံးဆီ) နဲ့ ထူးခြားတဲ့ ဆေးပေါင်းတွေနဲ့ ဖော်စပ်ထားတဲ့…

  • TNLA နှင့် MNDAA  ပဋိပက္ခ လက်ရှိ အခြေအနေ

    TNLA နှင့် MNDAA ပဋိပက္ခ လက်ရှိ အခြေအနေ

    ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်နေ၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းသို့ MNDAA တပ်များ က ဆက်လက် ထိုးစစ်ဆင်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များက က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များအားလုံးက ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာများကို MNDAA က ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “ကွတ်ခိုင်တစ်ကြောကတော့ ရှင်းသွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံစံမျိုးပဲရှိတယ်။ အခုက MNDAA တပ်တွေက နမ့်ဖတ်ကာကနေ နမ့်ခမ်းသွားတဲ့လမ်းမှာတော့ ထိတွေ့ဆက်ဖြစ်နေတယ်။ နမ့်ခမ်းဘက်ကိုတော့ ထိုးစစ်ဆင်နေတယ်။ နမ့်ခမ်းမြို့အထိ သွားမလား၊…