Author: Baby Yit Lone

  • သမီးဖြစ်သူ ရွှေကြိုမယ် ဖြစ်တာနဲ့ NUG နဲ့ PDF တွေကို အကြမ်းဖက်တွေလို့ ပြောဆို

    သမီးဖြစ်သူ ရွှေကြိုမယ် ဖြစ်တာနဲ့ NUG နဲ့ PDF တွေကို အကြမ်းဖက်တွေလို့ ပြောဆို

    ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်အဖြစ် ရွေးချယ်ခံရတဲ့ စာရင်းမှာ မဥမ္မာဖြိုး (ခ) အကြိုင် လည်း ပါဝင်ခဲ့ပါတယ်။

    ရွှေကြိုမောင်မယ် ရွေးချယ်တာကို ပြည်သူလူထုအများစုက စိတ်မဝင်စားကြပေမယ့် ရွှေကြိုမယ် အကြိုင် ရဲ့ အမေဖြစ်သူက “NUG နဲ့ PDF တွေကို အကြမ်းဖက်တွေ” လို့ ပြောဆိုခဲ့တာကြောင့် လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

    “စင်္ကာပူမှာ နေတုန်းက ကျွန်မရဲ့ ပတ်ဝန်းကျင် အ‌ခြေအနေကို ကြည့်ပြီး နေရ၊ ထိုင်ရ၊ ပြောဆိုရတာတွေ ရှိပါတယ်။ မဟုတ်ရင် စင်ကာပူမှာ ဆက်နေလို့ရမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေကို ပြုလုပ်လျက်ရှိတဲ့ NUG နှင့် PDF အဖွဲ့တွေကိုလည်း ထောက်ခံ အားပေးခြင်း မရှိပါဘူး။ မြန်မာပြည်ကို ပြန်လာတုန်းကလည်း အဲ့ Post တွေကို ဖျက်ပြီးမှ ပြန်လာခဲ့တာပါ။ သမီးလေးရဲ့ အနုပညာ လမ်းကြောင်း ပိတ်သွားမှာကို စိုးရိမ်ပါတယ်” လို့ သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ပြောဆိုခဲ့တာပါ။

    ရွှေကြိုမယ် အကြိုင် ရဲ့ အမေ ဟာ ယခင်က စင်္ကာပူမှာ နေထိုင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကို တော်လှန်နေတဲ့ အင်အားစုတွေဘက်က ရပ်တည်ခဲ့သလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်၊ အာဏာသိမ်း စစ်အုပ်စုနဲ့ စစ်တပ်လော်ဘီတွေကိုလည်း မိန်းမအင်္ဂါနဲ့ နှိုင်းကာ ဆဲဆိုတဲ့ တစ်တော့ video ဆော့တာတွေလည်း ရှိခဲ့ပါတယ်။

    “Tiktok မှာ နိုင်ငံရေးနဲ့ ဆိုင်တာတွေ ဆော့ကြတယ်၊ မကြီးကို ဘယ်သူက နောက်ကျော ဓါးထောက်ပြီး ဆော့ခိုင်းနေလို့လဲ၊ နိုင်ငံရေးကလည်း ကိုယ်အသိတရားနဲ့ ကိုယ့်ဉာဏ်မှီသလို လုပ်နေကြတာ၊ ကျမက မကြီး Fan ပါ၊ သမီးလေး အကြိုင် အခုလို ဖြစ်ထွန်းတာလည်း မကြီးရဲ့ ပင်ပန်းမှုတွေအတွက် မျက်ရည်ကျပြီး ကြည်နူးနေရတဲ့ သူပါ၊ ဒါပေမယ့် မကြီး တယောက်တည်း ကောင်းစားဖို့ အတွက်တော့ မကြီးနဲ့ တချိန်က ရင်းနှီးခဲ့တဲ့ လူတွေကို မကြီး မစော်ကားသင့်ဘူး” လို့ မလှိုင်ရဲ့ မိတ်ဆွေတစ်ဦးက ထောက်ပြ ပြောဆိုထားပါတယ်။

    ရွှေကြိုမယ် အကြိုင်ရဲ့ အမေ မလှိုင် ဟာ ရန်ကုန်ကို ရောက်ရှိနေတဲ့ စစ်တပ်လော်ဘီ မော်ဒယ် ရွှေရူပါဦး ကို လူကိုယ်တိုင်သွားရောက်ကာ ယခင်က TikTok မှာ ဆဲဆိုခဲ့တာတွေအတွက် တောင်းပန်ခဲ့ကြောင်းနဲ့ ရွှေရူပါဦးကို ချီးမွမ်းခန်းတွေလည်း ဖွင့်ဆိုပြီး ပို့စ်တင်ခဲ့ပါသေးတယ်။

    “သမီးလေး ရွှေရူပါဦး ရန်ကုန်ရောက်တုန်း၊ ကိုယ်အရင်က သမီးလေးအပေါ် လွန်လွန်ကျူးကျူး ပြောဆိုထားတဲ့အပေါ် သွားရောက် တောင်းပန်ခဲ့ပါတယ်၊ အပြင်မှာလည်း သဘောကောင်းပြီး အသက်ငယ်ပေမယ့် နားလည်မှု အပြည့်နဲ့ ခွင့်လွှတ်ပေးတဲ့အတွက်လည်း အန်တီက ဒီကနေပဲ ကျေးဇူးတင်ပါတယ်နော်၊ အပြင်မှာ ပိုချစ်ဖို့​ကောင်း​သော ခ​လေး​လေး”ဆိုပြီး ပို့စ်တင်ခဲ့တာပါ။

    ရွှေကြိုမယ် အကြိုင်ရဲ့ အမေ မလှိုင် ဟာ မိုးကုတ်သူဖြစ်တာကြောင့် မိုးကုတ်က သူမရဲ့ မိတ်ဆွေကလည်း သူမရဲ့ ပြောဆိုမှုတွေနဲ့ လုပ်ရပ်တွေအပေါ် ခုလို ထောက်ပြထားပါတယ်။

    “လူတွေရဲ့ အသက်တွေကို အားနာပါအုံး အမရယ်၊ မိုးကုတ်သူ အချင်းချင်း လက်ရှိ မိုးကုတ်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့ခံစားချက်တွေကို အမက ပျက်ရယ်ပြုနေသလို မခံစားရဘူးလား၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်းက တခြားနည်းနဲ့ လမ်းပြပေးရင် ရရဲ့သားနဲ့ သမီးအကြောင်းပြလိုက် နီရာက စိမ်းလိုက် မရှက်ဘူးလား” လို့ ပြောဆိုထားပါတယ်။

    အကြိုင် ရဲ့ အမေ ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်တူးကို လက်မောင်းမှာ ထိုးထားခဲ့တယ်လို့လည်း အကြိုင် ရဲ့ အမေကို သိသူတွေက ပြောဆိုနေကြပါတယ်။

    “အစ်မနဲ့ fri ဖြစ်တာ ကြာပြီ၊ ၂၀၂၂ ကတည်းက ထင်တယ်၊ စင်္ကာပူမှာ နေတုန်းက အမေစု အမေစုနဲ့ တက်တူးပါ အမေစုပုံ ထိုးထားတာ၊ အခုတော့ အကြမ်းဖက် NUG၊ PDF တဲ့လား၊ ကောင်းစားဖို့ တခုတည်းနဲ အလိုတော့ မပြောသင့်ပါဘူး၊ ကျမလည်း အစ်မ သမီး fan ပါ” လို့ အကြိုင် ရဲ့ အမေ့ပို့စ်အောက်မှာ မှတ်ချက်ပေးထားတာပါ။

    ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ ရွှေကြိုမောင်မယ်အဖြစ် ရွေးချယ်ခံရဖို့အတွက် ဒါရိုက်တာ မောင်သီ ကို ကျပ်သိန်း (၃၀) ပေးရမယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါခဲ့တယ်လို့ သိရပါတယ်။

    Screenshot

    ရွှေရူပါဦးအပေါ် လွန်ကျူးစွာ ပြောဆိုခဲ့မိတာတွေကို သွားရောက်တောင်းပန်ခဲ့တဲ့ ရွှေကြို အကြိုင်ရဲ့မိခင်

    အကြိုင်ကတော့ လက်တလောမှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုအဖြစ်ရွေးချယ်ခံရတဲ့ ဆယ်လီတစ်ဦးလည်းဖြစ်ပါတယ်။

    အကြိုင်ရဲ့ မိခင်ကတော့ လက်ရှိ ရန်ကုန်ကိုရောက်ရှိနေတဲ့ မော်ဒယ်နှင့်သရုပ်ဆောင်ရွှေရူပါဦးကို လူကိုယ်တိုင် သွားရောက်တောင်းပန်ခဲ့ပါတယ်။

    နားလည်မှုအပြည့်နဲ့ ခွင့်လွှတ်ပေးတဲ့ ရွှေရူပါဦးကို ကျေးဇူးတင်ခဲ့ပြီး သူမဟာ စင်ကာပူမှာနေစဉ်ကာလက ကာလံဒေသံကြည့်ပြီး ပြောဆိုခဲ့ရတာတွေဖြစ်တယ်လို့ ရွှေရူပါဦးအပေါ်စော်ကားမိတာတွေနဲ့ပတ်သက်ပြီးပြောပါတယ်။

    မြန်မာပြည်ပြန်ရောက်တည်းက အဆိုပါပို့စ်တွေကို ဖျက်ခဲ့ပြီး အကြ၊မ်.ဖ၊က်ခြင်း တွေကို ထောက်ခံအားပေးခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။

    ယခုအချိန်သမီးလေးရွှေကြိုပါချိန်ကျမှ သူမရဲ့ ပို့စ်အဟောင်းတွေပြန်တက်လာတဲ့အတွက် သမီးလေးရဲ့ အနုပညာလမ်းကြောင်းအပေါ် အတားအဆီးဖြစ်မှာကို စိုးရိမ်မိတယ်လို့ ယခင်ကလုပ်ခဲ့တဲ့လုပ်ရပ်တွေအပေါ် နောင်တရစွာပြောလာပါတယ်

    “အကြိုင်ဆိုတဲ့ ရွှေကြို Ma ရဲ့ အမေ လက်မောင်းပေါ်က ဒေါ်အောင်ဆန်းစုကြည် ပုံရော တခုခု အုပ်ထားပီးပီလား မေးပေးဦး”

    လူဆိုတာ ယုံကြည်ရာလုပ်လို့ရပါတယ်။ ဒါပေမယ့်အချို့အရာတွေက EX ရဲ့အမည်ထိုးထားမိလို့ တွေ့တဲ့တက်တူးဆိုင်မှာ ကာဗာအုပ်သလို မလွယ်ဘူးဆိုတာ သင်ခန်းစာတခုပါပဲ။

    အကြိုင်ဆိုတဲ့ ရွှေကြိုရဲ့အမေ မလှိုင်လက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်တူးကိုရော ကာဗာဖုံးပြီးသွားပြီလားမသိဘူး။

    တော်လှန်ရေးကို အကျိုးစီးပွါးအတွက် အသုံးချတယ်ဆိုတာ အချိန်တခုပဲ ရမှာပါ။ ပြီးရင်တော့မျက်နှာဖုံးတွေကွာကျတာပါပဲ။

    ရန်အောင်တို့ ခန့်စည်သူတို့ ခင်လှိုင်တို့ ဆန္ဒထွက်ပြသလိုပါပဲ ပေါ်ပင်မှာ လုပ်စားကြတာဟာ ကြာကြာမခံပါဘူး။

    T.H.A

  • စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

    စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

    လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

    ဖမ်းဆီးခံရသူများမှာ စစ်တွေထောင်ပိုင်မောင်ဦး၊ ထောင်အရာရှိသူထွန်းကျော်နှင့်နောက်ထပ် ထောင်ဝန်ထမ်း၃ ဦးတို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းမိသားစုတစ်ဦးကပြောသည်။

    ထောင်ပိုင်မောင်ဦးကိုဇန်နဝါရီလ ၁၈ ရက်ည ၁၀ နာရီခန့်တွင်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းကပြောဆိုသည်။

    “၁၂ရက်နေ့ ည ၈ နာရီမှာ စရဖက ထောင်ကို ဝင်စစ်ခဲ့တာရှိတယ်။ အဲ့ဒီနေ့ကတည်းကထောင်ထဲမှာ ထောင်သားဆီက ဖုန်းတွေ့လို့ ဒုအရာခံအပါအဝင် ထောင်ဝန်ထမ်း ၄ ယောက်၊ထောင်သား ၂ ယောက် အရေးယူခံရပြီး ထောင်ပိုင်အစစ်ဆေးခံနေခဲ့ရတာ။ ၁၈ရက်နေ့ကမှ ထောင်ပိုင်ကို ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။

    စစ်တွေထောင်တွင်ဘင်္ဂလားဒေ့ရှ်မှမွတ်ဆလင် အကျဉ်းသားနှင့် ရခိုင်မှ မွတ်ဆလင် အကျဉ်းသား အချင်းချင်းရန်ဖြစ်ကြစဉ် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် အကျဉ်းသားများက စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို ဖုန်းဆက် တိုင်ကြားခဲ့သည့်အတွက် စစ်ကော်မရှင်ကလည်းအဆိုပါဖြစ်စဉ်ကို သိရှိသွားပြီးနောက် ဇန်နဝါရီလ ၁၂ ရက် ည ၈ နာရီခန့်မှာ စရဖကစစ်တွေအကျဉ်းထောင်ကို ဝင်ရောက် စစ်ဆေးခဲ့သည်။

    ထိုဖြစ်စဉ်အတွင်း ထောင်သား ၂ ဦး နှင့် ဒုအရာခံဗိုလ် ထွန်းကျော်အပါအဝင် ထောင် ဝန်ထမ်း ၄ ဦးကို စရဖက ဖမ်းဆီးခဲ့ပြီး ထောင်ပိုင်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ပိုင်ကိုပါ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

    အကျဉ်းထောင်သားများဖုန်းသုံးခွင့်မရှိသော်လည်း ထောင်အတွင်းတွင်ငွေကြေး ရယူပြီး အသုံးပြုခွင့်ပေးထားရာမှပြဿနာတက်ပြီးနောက်ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားလာခြင်းဖြစ်သည်။

    စစ်တွေထောင်ကို ဝင်ရောက်စစ်ဆေးစဉ်ဖုန်းအလုံး ၅၀ ခန့်ကို စရဖ အဖွဲ့က သိမ်းဆည်းရမိသွားသည်ဟုလည်း သိရသည်။

    (ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်)

  • Princess for a Day

    Princess for a Day

    Princess for a Day (2025)

    သာမန်မိန်းကလေးတစ်ယောက်ကတစ်နေ့တာအတွက် မင်းသမီးအဖြစ် နေထိုင်ရင်း ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

    သာမန်ဘဝနဲ့ နေထိုင်နေတဲ့မိန်းကလေးတစ်ယောက်ဟာမထင်မှတ်ဘဲတစ်နေ့တာအတွက် မင်းသမီးအဖြစ်နေထိုင်ရတဲ့ အခွင့်အရေးရလာပါတယ်။

    တော်ဝင်အဝတ်အစားတွေ၊ စည်းမျဉ်းတွေ၊ လူသစ်တွေကြားမှာသူမအတွက် အရာအားလုံးက အသစ်အဆန်းပါ။

    ဒီတစ်နေ့တာအတွင်းအချစ်နဲ့ အိပ်မက်တွေကို တွေ့ရပြီးသူမရဲ့ ဘဝအမှန်ကိုဘာကိုရွေးချယ်ရမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။

  • Colours of Time

    Colours of Time

    Colours of Time (2025)

    Colours of Time ကအတိတ်နဲ့ လက်ရှိကြားမှာလူတစ်ယောက်ရဲ့ ဘဝကိုအရောင်တစ်ရောင်ချင်းစီနဲ့ ပြန်လည်ဖော်ပြပေးတဲ့ ပြင်သစ်ဇာတ်ကားပါ။

    ပြင်သစ်တွေကို အနုပညာအသားပေးဖွဲ့နွဲ့ရိုက်တဲ့နေရာမှာ ဘယ်သူမှမမီဘူးလို့တောင်ပြောလို့ရမယ်။

    ဒီကားကလည်း အင်ပရက်ရှင်နစ်ခေတ်လို့ခေါ်ရမယ့် လူသားတွေ ဒီဘက်ခေတ် AI ကိုစပြီးမြည်းစမ်းကြည့်လာကြတဲံအချိန်လိုမျိုး 1800 ကျော်ကာလက လျှပ်စစ်မီးကိုစတင်သုံးစွဲလာကြချိန်..ပါရီမြို့ကြီးရဲ့ ပန်းချီကားချပ်တွေနေရာမှာ ဖြူမည်းဓာတ်ပုံတွေ အစားထိုးဝင်ရောက်လာချိန်ကို အတိတ်ကိုပြန်သွားတဲ့ပုံစံနဲ့ပြထားတယ်။

    ဒီဘက်ခေတ် မိသားစုတစ်ခုက အမွေခွဲဖို့အတွက် သူတို့ရဲ့ဘိုးဘေးတွေပိုင်ခဲ့တဲ့ ရဲတိုက်ကြီးဆီကိုပြန်သွားပြီး အတိတ်ကိုခြေရာကောက်ရင်း မိသားစုဇစ်မြစ်ကို ပြန်ပြောသွားတဲ့ပုံစံနဲ့ဖော်ပြသွားတာ အရမ်းလှတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

  • Savage Hunt

    Savage Hunt

    Savage Hunt (2025)

    တောထဲမှာ လူတွေကိုပြန်ပြီး အမဲလိုက်သတ်ဖြတ်နေတဲ့ ဝက်ဝံတစ်ကောင်နဲ့ဖိုက်တဲ့ ဇာတ်ကြမ်းကားဖြစ်ပါတယ်။

    ဒီဝက်ဝံက လူတွေအတွက် သားကောင်မဟုတ်တော့ဘဲ မုဆိုးပြန်ဖြစ်သွားတဲ့အခါ…

    ဘာကြောင့် လူတွေကိုသီးသန့်လိုက်သတ်ဖြတ်နေတာလဲဆိုတာ ကြည့်ရမယ့် Thriller Action ကားကောင်းပါ။