Author: Baby Yit Lone
-

သူရဲကောင်းဆန်လွန်းတဲ့ ၁၄ နှစ်သားလေးရဲ့ နောက်ဆုံးခရီး
“သူရဲကောင်းဆန်လွန်းတဲ့ ၁၄ နှစ်သားလေးရဲ့ နောက်ဆုံးခရီး… 🥀 မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တစ်ခုဟာ လူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ ကျောင်းသားလေး မောင်ကောင်းပြည့်လျှံ ဟာ မိမိကိုယ်တိုင် ရေမကူးတတ်ပေမယ့် ရေနစ်နေတဲ့ မောင်နှမတွေကို တွေ့တဲ့အခါမှာတော့ အကြောက်တရားကို ဘေးဖယ်ပြီး အသက်နဲ့လဲကာ ကယ်တင်ခဲ့ပါတယ်။ သူ့ကို ကယ်တင်ရှင်တစ်ယောက်က ခြေထောက်နဲ့ကန်ပြီး ရေထဲကနေ လွတ်အောင် တွန်းထုတ်ပေးခဲ့ပေမဲ့ သူကတော့ လက်တွဲထားတဲ့ မောင်နှမတွေကို မစွန့်လွှတ်ခဲ့ပါဘူး။ ‘ငါလွတ်ရင် ပြီးရော’ ဆိုတဲ့ စိတ်မျိုး မရှိဘဲ အတူတူကယ်တင်ဖို့ ကြိုးစားရင်း နောက်ဆုံးမှာတော့ ချင်းတွင်းမြစ်ရဲ့ ရေစီးသန်မှုကြောင့် လူငယ် ၃ ဦးလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကယ်တင်ပေးခဲ့လို့ အသက်ရှင်ကျန်ရစ်သူ ရှိခဲ့ပေမဲ့…
-

တော်လှန်ရေးဇာတ်မျောကြီး ဖြစ်သွားတော့မှာလား
ဒီနေ့ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးလုပ်တယ်။ လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ ခင်ရီက ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးအဖြစ် လက်ရှိစစ်ကော်မရှင်မှာ ရာထူးယူထားတဲ့ မောင်မောင်အုန်းက ဒုက္ကဋ္ဌဖြစ်တယ်။ ညိုစောအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများစွာ ပြည်သူ့လွှတ်တော်ထဲ နေရာယူထား တယ်။ ဒီအခင်းအကျင်းကို လက်ရှိ တော်လှန်ရေးတာဝန်တွေယူထားသူတွေရော၊ ပြည်သူတွေပါ သတိထား စောင့်ကြည့်သင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။ အပေါ်ယံအားဖြင့်တော့ စစ်တပ်ကလုပ်တာဘာဆန်းလဲ၊ ရွေးကောက်ပွဲလည်း သူတို့ဘာသာလုပ်တဲ့ အတုယောင်ပဲ၊ လွှတ်တော်လည်းအတုယောင်ပဲ၊ အဲဒီကရွေးတဲ့ အစိုးရကလည်း အတုအယောင်ပဲ ၊ နုဂျီကမှ ငါတို့အစိုးရ စသည်ဖြင့် တွေးမိကြမယ်။ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ အတွက်ပဲ မှန်ပါတယ်။ သတိထားကြည့်ရင် စစ်တပ်ဟာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်နဲ့ လွှတ်တော်စနစ်ကို ပုံဖော်ပေးခဲ့တယ်ဆိုတဲ့ လမ်းကြောင်းကိုသွားနေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာအကြိုက်ပါပဲ။ နိုင်ငံတကာမှာ နိုင်ငံရေး၊…
-

Day Club ဖြစ်နေပြီလား ရွှေစက်တော်
ရွှေစက်တော်က Day club ဖြစ်နေပြီလားလို့ ဒေသခံတွေမေးခွန်းထုတ်နေ မြန်မာနိုင်ငံရဲ့ ရက်အရှည်ကြာဆုံးဘုရားပွဲဖြစ်တဲ့ ရွှေစက်တော်ဘုရားပွဲဟာ Day club ဖြစ်နေပြီလားလို့ ဒေသခံတွေမေးခွန်းထုတ်နေကြပါတယ်။ အရင်က စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်တဲ့ ရွှေစက်တော်ဘုရားပွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေစပြီး မန်းချောင်းရေပြင်တဝိုက်မှာ သီချင်းသံ ဒီဂျေသံတွေနဲ့ ဆူညံနေတယ်လို့ ရွှေစက်တော်အနီးနားက ရွာခံတစ်ဦးက ပြောပါတယ်။ “ မကွေးမြို့က KTV က အဖွဲ့တဲ့ G12 တွေ စာမေးပွဲဖြေတော့ KTV တွေ ပိတ်ရတော့ ရွှေစက်တော်မှာ လာကဲကြတာ DJ တီးတဲ့သူတွေလည်းပါတယ် သူတို့ကိုယ်သူတို့ Club ရောက်နေတယ် ထင်နေလား မသိဘူး သောက်စားမူးရူးပြီး ထင်ရာလုပ်နေကြတာ” လို့ ဆိုပါတယ်။ အရင်တချိန်က ဘုရားပွဲခင်းထဲ အရက်သေစာသယ်ယူခွင့်တောင်မပေးခဲ့တဲ့ ရွှေစက်တော်ဘုရားပွဲမှာ အခုဆိုရင် အများပြည်သူတွေအမြင်မတင့်တယ်တဲ့…
-

သယ်ရခက်ခြင်းကြောင့် ရုရှားစစ်သည်ရုပ်အလောင်းများမှ ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် အမိန့်ပေးထားကြောင်း အသံဖိုင်ပေါက်ကြား
သေဆုံးသွားသော ရုရှားစစ်သည်များ၏ ရုပ်အလောင်းများကို စစ်မြေပြင်မှ ပြန်လည်သယ်ယူမည့်အစား ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် ရုရှားတပ်မှူးများက အမိန့်ပေးထားကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးက ပြောကြားလိုက်သည်။ ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်များ“ကိုယ်ကျင့်တရားပျက်ပြားပြီး စိတ်ဓာတ်ကျဆင်းနေမှု”ကို ဖော်ပြသည့် လက္ခဏာအဖြစ် ရုရှားစစ်သားနှစ်ဦး ပြောကြားထားသည့် အသံဖိုင်တခုကို ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။ “အလောင်းတွေကို သယ်ရတာ ခက်ခဲတဲ့အတွက် ဦးခေါင်းကိုဖြတ်၊ အဲဒီဦးခေါင်းနဲ့အတူ အထောက်အထားစာရွက်စာတမ်းတွေပါ တပါတည်း ယူလာခဲ့ဖို့ ညွှန်ကြားခံထားရတယ်” ဟု အသံဖိုင်တွင် ရုရှားစစ်သားတဦးက ပြောကြားခဲ့သည်။ ရုပ်အလောင်းတခုလုံးကို စစ်မြေပြင်မှ သယ်ထုတ်ရန်မလိုဘဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် ရုရှားတပ်မှူးများက ထိုသို့ ခေါင်းဖြတ်ယူခိုင်းခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ပြောကြားသည်။ ထို့ပြင် ရုရှားအရာရှိများသည် ၎င်းတို့၏ စစ်သားများ၏ ရုပ်အလောင်းများကို “ဝန်ပို”…
-

ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ
ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း တစ်ခုဟာ ထပ်မံ အထိနာခဲ့ရတဲ့အပြင် သူတို့ရဲ့ အထိုင်စခန်းတစ်ခုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်လို့ သတင်းရရှိပါတယ်။ ဒီလ ၁၆ ရက်နေ့က အင်အား ၇၀ ခန့်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်း တစ်ခုဟာ မင်းပြင်နဲ့ သိုင်းချောင်းကြားကနေ အာရက္ခတပ်တော်ထိန်းချုပ်တဲ့နေရာတစ်ခုကို ထိုးစစ်ဆင်လာခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒီစစ်ကြောင်းကို အာရက္ခစစ်သည်တော်တွေက လက်ဦးမှုရယူကာ ချေမူန်းတိုက်ခိုက်လိုက်တဲ့အတွက် သေဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ စစ်ကြောင်း ပြိုကွဲကာ နောက်ဆုတ်သွားခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။ “ဒီလ ၁၆ ရက် ညနေဖက် ထိုးစစ်ဆင်လာတာပါ။ အင်အား ၇၀ ဝန်းကျင်လောက်ပါတယ်လို့ ခန့်မှန်းရတယ်။ တပ်တော်က သေချာ နေရာယူပြီး လက်ဦးမှုယူ တိုက်ခိုက်တော့ အဲဒီစစ်ကြောင်း အကျဆုံးများပြီး…