Author: Baby Yit Lone
-

ဆီဆိုင် ၇ ဆိုင်က ဆိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထား
တောင်သူတွေအတွက် ဓာတ်ဆီကို ပုံးနဲ့ ရောင်းချခဲ့လို့ဆိုကာ ဆီဆိုင် ၇ ဆိုင်က ဆိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထား မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို စစ်ကော်မရှင်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက်နေ့က စတင်ကာ စုံ/မ စနစ်နဲ့ စက်သုံးဆီ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်သူတွေအတွက် စက်သုံးဆီတွေကို ပုံး၊ ပေပါတွေနဲ့ ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ဆိုင်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပါတယ်။ “မင်းသန့် ဆီဆိုင်ရယ်၊ မိဘမေတ္တာ ဆီဆိုင်ရယ်၊ စွမ်းမြန်မာ ဆီဆိုင်ရယ်၊ တခြားဆိုင်တွေက ပိုင်ရှင်နဲ့ မန်နေဂျာတွေကို ဖမ်းတယ်။ တောင်သူတွေကို ဓာတ်ဆီ ရောင်းတာမှာ ပုံးတွေထဲ ထည့်ပြီး ရောင်းလို့ဆိုပြီး…
-

ထိုင်းရေနံတင်သင်္ဘော ၂ စီးကို အီရန်က ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပြု
ထိုင်းနိုင်ငံက စက်သုံးဆီပြတ်လပ်မှုပြဿနာဖြေရှင်းရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆွေးနွေးရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။ ဒါကြောင့် မတ် ၂၄ ရက်ကစလို့ ထိုင်းရေနံတင် သင်္ဘောအပါအဝင် ကုန်တင်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုလိုက်သလို ပစ်ခတ်ခံရတဲ့ မယူရီနားရီးသင်္ဘောပေါ် ကျန်ရှိနေသေးတဲ့ ထိုင်းဝန်ထမ်း ၃ ယောက်ကိုလည်း ကယ်တင်ပေး နေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က “ထိုင်းကုန်သည်သင်္ဘောတွေ ဟော်မုဇ် ရေလက်ကြားကနေ သွားလာခွင့်ရသွားပါပြီ၊ Bangchak ရေနံတင်သင်္ဘောက ပထမဆုံး ဖြတ်သန်း ရတယ်၊ အခု ထိုင်းနိုင်ငံကို ဦးတည် ခုတ်မောင်းပြန်လာနေပါပြီ။ နောက်ထပ် SCG Chemical သင်္ဘောလည်း ဖြတ်သန်းခွင့် ရထားတယ်။ ဘေးရန်ကင်းစွာ ဖြတ်သန်းလာရမယ်လို့ ခန့်မှန်းတယ်”လို့ မနေ့က…
-

အီရန်က ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို လမ်းဖွင့်ပေး၊ သမ္မတ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံ ငြိမ်းချမ်းရေးအစီအစဉ်တရပ် ပေးပို့ခဲ့ပြီး၊ တလနီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရန် အင်္ဂါနေ့တွင် အကောင်းမြင်မျှော်လင့်ချက်ဖြင့် ပြောကြားနေချိန်၌ အီရန်အစိုးရကလည်း ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။ ယင်းမှာ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများမှာ အကြမ်းဖက်မှုအသစ်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး၊ အစ္စရေးကလည်း ဘက်ပေါင်းစုံမှ ဆက်လက်ဖိအားပေးနေကာ လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေ ဒေသတခုကို သိမ်းပိုက်စိုးမိုးရန် ကြွေးကြော်ထားသည်။ မကြာသေးမီရက်များအတွင်း အီရန်ကို အကြီးအကျယ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ရာမှ တလနီးပါးကြာစစ်ပွဲသည် ပြီးဆုံးခါနီးပြီဟု ပြောဆိုပြန်သည့် အပြောင်းအလဲမြန်နေသူ သမ္မတ ထရမ့်က အမေရိကန်သည် အီရန်နှင့် “ ညှိနှိုင်းနေသည်”…
-

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်
🎓 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင် ဒါဟာ တကယ်ပဲ မှန်ကန်တဲ့ ချီးမြှောက်မှုလား? 💰✨ ဒီနေ့ Facebook ပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတဲ့ သတင်းတစ်ခုပါ။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစမှာတင် မိခင်ဖြစ်သူက သားသမီးကို လူကြားထဲမှာတင် ငွေသား သိန်းရာချီ ဆုချခဲ့တဲ့ ဖြစ်စဉ်ပါ။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးအပေါ် ထားတဲ့ မေတ္တာနဲ့ ဂုဏ်ယူမှုကို နားလည်ပေးလို့ ရပေမဲ့ အခုလို အပြုအမူအပေါ် စဉ်းစားစရာတွေ ရှိလာပါတယ်။ 🚩 ဆုချတာ စောလွန်းနေပြီလား? စာမေးပွဲရလဒ် မထွက်သေးခင်၊ အောင်၊ မအောင် မသေချာသေးတဲ့ အချိန်မှာ အခုလို လူသိရှင်ကြား အကြီးအကျယ် ဆုချလိုက်တာဟာ ကလေးအတွက် အားဆေးဖြစ်စေမှာလား? ဒါမှမဟုတ် “ရလဒ်မကောင်းခဲ့ရင်”…
-

စစ်ကော်မရှင် အရာရှိအဆင့်ပါနတ်ရေကန်ထောက်ပို့ကား AA ၏ တိုက်ခိုက်မှုအတွင်း မီးလောင်သွား
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် ဆက်သွယ်ထားသည့် မကွေးတိုင်း ငဖဲမြို့နယ်၊ရိုးမတောင်ကျော်လမ်းတွင် စစ်ကော်မရှင်တပ်၏ ထောက်ပို့ကားတန်းအား အာရက္ခတပ်တော် (AA) ကတိုက်ခိုက်ရာတွင် အရာရှိပါလာသောကားမှာကျည်ထိမှန်ပြီး မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။ မတ်လ ၂၃ ရက်နေ့က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ထိုးဖောက်နေသည့် စစ်ကူ စစ်ကြောင်းများအား လက်နက်နှင့် ရိက္ခာပို့ဆောင်ရန် လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းအား AA မှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြောသည်။ “သူ့တို့လာတဲ့ကားတန်းကို AA က တိုက်ခိုက်တာပါ။လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်တာပါ။ အရာရှိပါလာတဲ့ကား အာရ်ပီဂျီထိတော့ ကားပါမီးလောင်သွားတယ်။ အသေအပျောက်တော့များမယ်ထင်တယ်”ဟုပြောသည်။ အရာရှိကားမှာ မီးလောင်သွားခဲ့သော်လည်. သေဆုံးမှုအရေအတွက်ကို အတိအကျမသိရသေးဟု ၎င်းက ပြောသည်။ “ ဗျုဟာမှူးအဆင့်ရှိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကAA လက်ထဲကိုကျဖို့ နည်းနည်း…