Author: Baby Yit Lone

  • Mama

    Mama

    Mama (2013)

    Mama (2013) ဟာ Horror / Fantasy / Mystery လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဒါရိုက်တာကြီး Guillermo del Toro ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သူ့ရဲ့ Theme Style တွေတော်တော်ပါဝင်ပါတယ်။

    ဒါ့အပြင် မင်းသားမင်းသမီးတွေကလည်း ပရိသတ်နဲ့မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်တာမလို့ အတော်လေးကြည့်လို့ကောင်းတယ်လို့ဆိုရပါမယ်။

    Horror ရုပ်ရှင်တစ်ကားဖြစ်ပေမဲ့ ကြောက်ဖို့တင်မကပဲ မိခင်မေတ္တာကိုလည်း ပြသသွားပါတယ်။

    ဇာတ်ညွှန်း

    တောထဲက လူသူအရောက်အပေါက်နည်းတဲ့ တဲအိမ်လေးတစ်လုံးမှာ ကလေးမလေးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။

    ကလေးမလေးနှစ်ယောက်ဟာ တောထဲမှာနေတာကြာလာသောကြောင့် လောကကြီးနဲ့အဆက်အသွယ်ပြတ်ကာ စကားပြောနည်းကိုလည်းမေ့၊ ဘာဆိုဘာမှမသိတော့ပဲ အရိုင်းမလေးနှစ်ယောက်ဖြစ်လာခဲ့ပါတယ်။

    အဲထက်ပိုပြီးထူးဆန်းတာက သူတို့ကို စောင့်ရှောက်နေတာက မာမားလို့ခေါ်တဲ့ သရဲတစ်ယောက်ဖြစ်နေတာပါပဲ။

    ဒီကလေးမလေးနှစ်ယောက်ကိုလက်လျှော့ပဲရှာနေခဲ့တာက သူတို့ရဲ့ဦးလေးဖြစ်သူ လူကပ်စ်ပဲဖြစ်ပါတယ်။

    တစ်ရက်မှာတော့ ကြိုးစားမှုရလဒ်အရာထင်ခဲ့ပြီး ကလေးမလေးနှစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။

    ဒါပေမဲ့ သူတို့မသိခဲ့တာက ကလေးမလေးတွေနဲ့အတူတူ မာမားပါ,ပါလာတယ်ဆိုတာပါပဲ။

    လူကပ်စ်မှာ ရည်းစားရှိတယ်။ သူ့နာမည်က အနာဘဲလ်။

    တစ်ဖက်မှာလည်း ကလေးတွေရပိုင်ခွင့်ကိုတရားစွဲလာတဲ့လူတစ်ယောက်ကလည်းပေါ်လာပြန်တယ်။

    တစ်ဖက်မှာကလည်း သူတို့တောင်မသိလိုက်ပဲ အိမ်ထဲကိုရောက်လာတဲ့ တစ်ဖက်ကမ္ဘာက လူတစ်ယောက်။

    ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။

  • Secret Reunion

    Secret Reunion

    Secret Reunion (2010)

    အခုတစ်ခါမှာတော့ 2010 ခုနှစ်ရဲ့ Blue Dragon Awards မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့တဲ့ Secret Reunion ဆိုတဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

    သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Parasite, A taxi driver မှ မင်းသားကြီး Song Kang Ho နှင့် Tempest, Uprising မှ မင်းသားကြီး Kang Dong Won တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ကြည့်ရတာ တန်မဲ့ကားလေးပဲ ဖြစ်ပါတယ်။

    ဇာတ်လမ်းအညွှန်း

    လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဆိုးလ်မြို့မှာ ပဟေဠိဆန်တဲ့ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး အဲဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပဲ အီဟန်ဂယူ (Song Kang Ho) ဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကနေ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။

    အဲဒီလိုနဲ့ ၆ နှစ်အကြာမှာတော့ ဆိုးလ်မြို့ရဲ့ မြို့ပြဒေသ တစ်နေရာမှာ လှုပ်ရှားနေတဲ့ မြောက်ကိုရီးယား သူလျှိုဟောင်း ဆုန်းဂျီဝန်း (Kang Dong Won) နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ အချင်းချင်း သရုပ်မှန်ကို ဖုံးကွယ်ပြီး တစ်ယောက် အချက်အလက်ကို တစ်ယောက် ခိုးယူရန်အတွက် စပ်တူစီးပွါးရေးလုပ်ဖို့ သဘောတူလိုက်တဲ့အခါမှာတော့ …။

  • ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ

    ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ

    ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာအလုပ်သမားတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။

    ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်သူတွေ၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ နိုင်ငံခြားသား ဝင်ရောက်လုပ်ကိုင်တာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

    အခုလို ဖမ်းဆီးမှု အရှိန်တိုးလာတဲ့ အကြောင်းကတော့ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ထိုင်းပစ္စည်းပို့သမားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ရန်ပွဲနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြန်မာနိုင်ငံသားတွေ ဆိုင်ဖွင့်ပြီး ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    MHAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းနိုင်ငံက ဒီ ၁ လပိုင်းနဲ့ ၂ ပိုင်းအတွင်းမှာ ၂၄ ရက်အတွင်း အထူးစီမံကိန်းအနေနဲ့ ပိုက်စိပ်တိုက်ပြီး ရှာဖွေဖမ်းဆီးမှာ။ အဓိကကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားတာပေါ့နော်။ အဲ့တော့ နေရာစုံမှာ ဝင်ဖမ်းလိမ့်မယ်။ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ စသဖြင့် တခြားသော မြန်မာလုပ်သားတွေ အများဆုံးရှိတဲ့ နေရာတွေ ဝင်ဖမ်းဆီးလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေဆီက အကြီးအကဲတယောက်ဆီက ကြားရတယ်။ အခုလည်း နေရာစုံမှာ စဖမ်းနေပြီ။ ဒီတခေါက် ဖမ်းဆီးမှုက ပိုပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် ဖမ်းဆီးမှာ သေချာတယ်။ အခု ထိုင်းနိုင်ငံသားတွေ သိပ်မနှစ်သက်တဲ့ အခြေအနေမျိုးလည်း ဖြစ်လာတော့ ဖမ်းဆီးမှုတွေက ပိုပြီး ပြင်းထန်လာဖို့ ရှိတယ်” လို့ ပြောပါတယ်။

    ထိုင်းအစိုးရက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပေးတဲ့ အလုပ်ပေါင်း ၄၀ ကျော်ရှိပါတယ်။

    ကန့်သတ်ထားတဲ့ အလုပ်တွေဟာ ဈေးရောင်းတာ၊ ဈေးဆိုင်ဖွင့်တာ၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလမ်းညွှန်၊ အလှပြင်ဆိုင်၊ ထိုင်းရိုးရာအနှိပ်ပညာနဲ့ ပန်းချီ ပန်းပု စတဲ့ အနုပညာအလုပ်တွေလည်း ပါဝင်ပါတယ်။

    ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံတဝန်းရှိ ခရိုင်အလုပ်သမားရုံးတွေကို နိုင်ငံခြားသား လုပ်သားတွေ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်တာတွေ့ရင် ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

    မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “လတိုင်းကတော့ ၁,၀၀၀ ကျော် ဖမ်းခံနေရတယ်။ အခု နှစ်သစ်ကူးကာလတွေမှာ‌တော့ စာရင်းတွေအရတော့ ၂၀၀ ကျော် အဖမ်းခံထားရတယ်။ အသေအပျောက်လည်း ရှိသလို ၂၀၀ ကျော် အဖမ်းခံရတယ်။ အဓိကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေထက် ထိုင်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသားတွေထဲက စာရွက်စာတမ်း မစုံသူနဲ့ စာရွက်စာတမ်း အထောက်အထားနဲ့ အလုပ်အကိုင် လွဲနေတာတွေ များပါတယ်။ မရှိသူရယ်၊ အထောက်အထားလွဲတာရယ်၊ အလုပ်တည်နေရာနဲ့ အလုပ်အကိုင် ပုံစံမတူတာတွေကို အဲဒါတွေ ရှောင်လွှဲလုပ်နေတာပေါ့။ ဒါတွေအားလုံးကလည်း နှုတ်ခမ်းမွေးလို့ လူသိများတဲ့ မျိုးချစ်ခေါင်းဆောင်ရဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး ထိုင်းရဲတွေရယ်၊ လဝကဆိုင်ရာ ပုဂ္ဂိုလ်တွေက လိုက်လုပ်တဲ့ ပုံစံမျိုးလည်း ရှိပါတယ်” လို့ ပြောပါတယ်။

    ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေသူတွေ၊ ဒါမှမဟုတ် တားမြစ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်သလို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ကို ၂ နှစ်အထိ ပိတ်သိမ်းခံရနိုင်တယ်လို့ သိရပါတယ်။

    လက်ရှိ ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ပဋိပက္ခတချို့ ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဥပဒေ စည်းကမ်းတွေကို လိုက်နာပြီး သတိထားနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကလည်း သတိပေးထားပါတယ်။

    ဇွဲသစ်

  • Arasayyana Prema Prasanga

    Arasayyana Prema Prasanga

    Arasayyana Prema Prasanga (2026)

    အချစ်စစ်

    ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် အာရ်ဆေရက ရိုးသားဖြူစင်လွန်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ စစ်မှန်တဲ့ အချစ်နဲ့ နွေးထွေးတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ပါ။

    ဒါပေမယ့် ဒီကနေ့ခေတ်လို ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ သူ့လို ရိုးသားလွန်းတဲ့ သူတစ်ယောက်အတွက် အချစ်ကို ရှာဖွေရတာဟာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

    သူ့ရဲ့ အချစ်ရှာပုံတော်ခရီးစဉ်မှာ မထင်မှတ်ထားတဲ့ အလွဲအချော်တွေ၊ ရယ်မောစရာဖြစ်ရပ်တွေနဲ့အတူ လူသားတွေရဲ့ စိတ်နေစိတ်ထား အမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်သွားပုံကို ဇာတ်လမ်းထဲမှာ ပေါ့ပေါ့ပါးပါး မြင်တွေ့ရမှာပါ။

    တစ်ဖက်မှာလည်း မိသားစုအပေါ် ထားရှိတဲ့ သူ့ရဲ့ သံယောဇဉ်နဲ့ အခက်အခဲတွေကြားက ရုန်းကန်မှုကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။

    စစ်မှန်တဲ့ မေတ္တာကို ရှာဖွေနေတဲ့ Arasayya တစ်ယောက် နောက်ဆုံးမှာ ဘယ်လို အဆုံးသတ်မျိုးနဲ့ ကြုံတွေ့ရမလဲ ဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

  • A Man & a Woman

    A Man & a Woman

    A Man & a Woman (2016)

    ဒီတစ်ခါမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2016 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.7 ရရှိထားတဲ့ အိမ်ထောင်ရေး ဒရာမာဇာတ်ကားလေးဖြစ်ပါတယ် ။

    (အိမ်ထောင်ရေးကားမို့လို့ ၁၈+ ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါဘူး)

    Castတွေအနေနဲ့ကတော့ Goblin နဲ့ Train to Busan စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသားချော Gong Yoo နဲ့ The Price of Confession ထဲက မင်းသမီး Jeon Do-yeon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။

    ဇာတ်လမ်းအညွှန်း

    အီဆန်းမင်(Jeon Do-yeon)ဟာ ဖက်ရှင်လုပ်ငန်းကို အစ်မဖြစ်သူနဲ့အတူလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အော်တစ်ဇင်ရောဂါခံစားနေရတဲ့ သားလေးကိုပြုစုစောင့်ရှောက်ရတဲ့သူဖြစ်ပါတယ် . .

    ခင်ပွန်းဖြစ်သူက အလုပ်နဲ့ပဲအချိန်ကုန်ပြီး ကလေးကိစ္စမှန်သမျှ ဆန်းမင်ကိုပဲ တာဝန်ယူခိုင်းသလိုဖြစ်နေတာကြောင့် တဖြည်းဖြည်းနဲ့ ဆန်းမင်ဟာ စိတ်ပင်ပန်းပြီး အထီးကျန်သလို ခံစားလာခဲ့ရပါတယ် . .

    တစ်နေ့မှာ သားလေးကို ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ကို စခန်းချခရီးလိုက်ပို့ရင်း ဂင်ဂီဟုန်(Gong Yoo)ဆိုတဲ့လူနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပါတယ်။

    ဂီဟုန်ကတော့ ဖင်လန်နိုင်ငံမှာ တာဝန်ကျနေတဲ့ အဆောက်အဦဒီဇိုင်နာ ဗိသုကာပညာရှင်တစ်ဦးပါ။

    သူ့မိသားစုဘဝကလည်း ပြီးပြည့်စုံမှုမရှိဘဲ စိတ်ကျရောဂါခံစားနေရတဲ့ သမီးလေးတစ်ယောက်နဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ရောဂါရှိတဲ့ ဇနီးတစ်ယောက်ကိုပဲ ဂရုစိုက်ပေးနေရသူပါ ..

    ဆန်းမင်က သားလေးကိုစိတ်မချတာကြောင့် ဂီဟုန်ရဲ့ကားအကူအညီနဲ့ စခန်းချတဲ့နေရာကိုလိုက်သွားခဲ့ရာက အပြန်ခရီးမှာတော့ နှင်းတွေကြောင့် လမ်းပိတ်ပြီး လမ်းမှာ တစ်ညတာတည်းခိုဖို့ ဖြစ်လာပါတော့တယ် ။

    သူတို့နှစ်ယောက်ဟာ တည်းခိုခန်းမှာ အပြန်အလှန် စကားတွေပြောကြည့်ရင်းနဲ့ အချင်းချင်း ထူးခြားတဲ့စိတ်အေးချမ်းမှု နားလည်နိုင်တဲ့ချိတ်ဆက်မှုတွေနဲ့အတူ မထင်မှတ်ဘဲ ငြိတွယ်သွားကြပါတယ်။

    ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့နှစ်ဦးဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့ မိသားစုတာဝန်တွေကြားမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာနဲ့ ရွေးချယ်သွားနိုင်မလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်ပါဦးနော်။