Author: Baby Yit Lone
-

နတ်မောက်နဲ့ မြို့သစ်မှာ ပေါ်တာဆွဲရာပါဝင်တဲ့ အငြိမ်းစားအရာရှိနဲ့ ပျူစောထီးကို PDF ဖမ်းဆီး
မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အငြိမ်းစားအရာရှိတစ်ဦးနဲ့ ပျူစောထီးတစ်ဦးကိုဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။ မြို့သစ်မြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပတ်သက်နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးအောင်သိုက်ဆိုသူကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီးရှိ ရွှေနတ်ကယ်တောင် ဘုရားကြီးအတွင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာက ပျူစောထီး ကိုဇော်နိုင်ဝင်းဆိုသူကို စိုင်ကောင်းကျေးရွာအနီးမှာပဲ ဖမ်းဆီးရမိခဲ့ကြောင်း ကိုအောင်ဒင်က ပြောပါတယ်။ “ကိုဇော်နိုင်ဝင်းက လက်နက်ကိုင် ပျူစောထီးဖြစ်တယ်။ ပေါ်တာဆွဲတဲ့ထဲလည်းပါတယ်။ နောက်တစ်ယောက်က အရာရှိအငြိမ်းစားကတော့ သူ့မှတ်တမ်းထဲမှာ ပေါ်တာဆွဲတဲ့စာရင်းတွေ…
-

ပေါ့ဆမိသည့် အမှားတစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦး
ပေါ့ဆမိသည့် အမှားတစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦး၏ ရင်နင့်ဖွယ်ဖြစ်ရပ် 💔🕊️ ဒီနေ့ဟာ မိခင်တစ်ယောက်အတွက်တော့ သူ့ရဲ့တစ်ကိုယ်စာ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။ ပေါ့ဆမိတဲ့ အမှားလေးတစ်ခုကနေ အဆုတ်ခဲပြီး ဘဝကူးသွားခဲ့ရတဲ့ သားငယ်လေးအတွက် တစ်နှစ်ပြည့်မှ ဖွင့်ဟလာတဲ့ ဒီဇာတ်လမ်းလေးက ဖတ်ရှုသူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။ ⚠️ သတိပေးချက်ဖြစ်စေမည့် ဖြစ်စဉ်အကျဉ်း သားငယ်လေး ဖျားနာစဉ်က မိခင်ဖြစ်သူဟာ အပြင်ဆေးခန်းတစ်ခုမှာ ပြသခဲ့ရာ ဆေးခန်းက သွေးပေါင်ကျနေသည်ဆိုကာ ၃ ရက်အတွင်း ဒရစ် (၁၀) လုံးကျော် သွင်းပေးခဲ့ပါတယ်။ ဆေးရုံကြီးကို ရောက်တဲ့အချိန်မှာတော့ ဆရာဝန်တွေက “ဒရစ်တွေ အများကြီးသွင်းပြီးမှ လာတော့ ဘာမှလုပ်ပေးလို့မရတော့ဘူး” လို့ ဆူပူခဲ့ရတဲ့အထိ အခြေအနေက ဆိုးရွားနေခဲ့ပါပြီ။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ သားငယ်လေးရဲ့ အဆုတ်တွေဟာ ခဲနေခဲ့ပါပြီ။ ဆေးရုံရဲ့…
-

တရုတ်နိုင်ငံက အိမ်ပြန်တယ်ဆိုတဲ့ ခွေး (၇) ကောင်ဇာတ်လမ်း
ခွေးသားကုန်သည်လက်မှလွတ်၍ အိမ်အပြန်ခရီး အတူနှင်ခဲ့သည့် ခွေးအုပ်စုဆိုသော ဇာတ်လမ်းမှာ သတင်းမှားသာဖြစ် ယခုအချိန်ထိဆိုလျှင် အဆိုပါဗီဒီယိုကို ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိနေပြီဖြစ်သည်။ အင်တာနက်အသုံးပြုသူများမှာလည်း ဗီဒီယိုကို အလွန်အမင်း နှစ်သက်နေကြပြီး ထိုကဲ့သို့ ချစ်စရာကောင်းသည့် မြင်ကွင်းမျိုးကို မည်သူက မချစ်ဘဲ နေနိုင်ပါမည်နည်း။ ဗီဒီယိုတိုလေးထဲတွင် တရုတ်နိုင်ငံမှ ခွေးတအုပ်သည် အသားကုန်သည်လက်မှ ထွက်ပြေးလွတ်မြောက်လာပြီး၊ အိမ်ပြန်လမ်းကို ခက်ခဲစွာ ရှာဖွေနေကြသည့် ပုံစံမျိုး ဖော်ပြထားသည်။ အဆိုပါအဖွဲ့တွင် ဂိုးလ်ဒန်းရက်ထရီဗာ (Golden Retriever) တကောင်၊ ဒဏ်ရာရနေသည့် ဂျာမန်သိုးထိန်း (German Shepherd) တကောင်နှင့် ရှေ့ကနေ သတ္တိရှိရှိ ဦးဆောင်နေသည့် ကော့ဂီ (Corgi) လေးတကောင်တို့ ပါဝင်နေမှုက ကြည့်ရှုသူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သည်။ သို့သော် ပြဿနာမှာ အဆိုပါဖြစ်ရပ်သည် အစစ်အမှန်မဟုတ်ပေ။…
-

“ကျေးဇူးရှင် တောင်သူဦးကြီး” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ ဘဝတွေ ရှိရဲ့လား?
🌾 “ကျေးဇူးရှင် တောင်သူဦးကြီး” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ ဘဝတွေ ရှိရဲ့လား? ”စပါးတွေအကုန်ရောင်းလည်း ဆီတစ်ပေပါတောင် ဝယ်မရတော့ဘူး…” 💔 ဒါဟာ လယ်သမားတစ်ယောက်ရဲ့ လူမှုကွန်ရက်ပေါ်က ရင်နင့်စရာ ရင်ဖွင့်သံပါ။ ကျွန်တော်တို့ ထမင်းတစ်လုပ် စားနိုင်ဖို့ ရုန်းကန်ပေးနေတဲ့ တောင်သူဦးကြီးတွေဟာ အခုတော့ သူတို့ရဲ့ စိုက်ပျိုးစရိတ်၊ စက်သုံးဆီစရိတ်တွေကြားမှာ အရှုံးနဲ့ ရင်ဆိုင်နေရပါပြီ။ တောင်သူတွေရဲ့ လက်ရှိအခြေအနေ ကုန်ဈေးနှုန်း မမျှတမှု: စပါးဈေးက တက်မလာပေမဲ့ စိုက်ပျိုးရေးသုံး စက်သုံးဆီနဲ့ မြေသြဇာဈေးတွေက အဆမတန် မြင့်တက်နေပါတယ်။ အရင်းအနှီး ပျောက်ဆုံးခြင်း: စပါးခင်း တစ်ခင်းလုံး ရောင်းလိုက်မှ ဆီတစ်ပေပါတောင် မရတော့တဲ့အခါ နောက်ထပ် စိုက်ပျိုးဖို့ အင်အားတွေ ကုန်ခမ်းကုန်ပါပြီ။ ”ငါတို့ စပါးမစိုက်တော့ဘူး… မင်းတို့လည်း ထမင်းငတ်ဖို့သာ ပြင်ထားတော့”…
-

အီရန်က သဘောတူညီချက်ရဖို့ တောင်းပန်နေပြီလို့ ဒေါ်နယ်ထရမ့် ပြော
အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်နေတယ် လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ဟာ အခုဆိုရင် လုံးဝကို “အမြစ်ပြတ်” သွားပြီဖြစ်သလို ဒီအခြေအနေ တွေကြောင့်ပဲ တီဟီရန်အစိုးရဟာ ညှိနှိုင်းဖို့ ဖြစ်လာတာလို့ သူက ဆိုပါတယ်။ ဒါပေမဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်မရရင်တော့ အမေရိကန်ဟာ အီရန်အတွက် “အဆိုး ဝါးဆုံး အိပ်မက်ဆိုး” ဖြစ်လာလိမ့်မယ်လို့လည်း ၎င်းက သတိပေးလိုက်ပါတယ်။ ကြာသပတေးနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှုအခြေအ နေတွေကို ရှင်းပြခဲ့တာပါ။ အမေရိကန်က ညှိနှိုင်းရေးအဖွဲ့မှာ အထူးကိုယ်စားလှယ် စတိဝှစ်ကော့ဖ်၊ ဒေါ် နယ်ထရမ့်ရဲ့ သမက် ဂျာရတ်ကက်ရှ်နာ နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ ပါဝင်ပါတယ်။ အီရန်က ညှိနှိုင်းမှုတွေကို ဂျေဒီဗန့်ဟ်…