Author: Baby Yit Lone
-

စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အရေးယူဖို့လိုအပ်
စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။ “အခုက တချို့ တက္ကစီသမားတွေက ကားမဆွဲကြတော့ဘူး။ ဆီတန်းစီပြီး…
-

Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်
အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ် အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း Defense Expressက သတင်းဖော်ပြသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်က လေယာဉ်အမှတ် ၁၉၀၁ နှင့် ၁၉၀၂ ပါရှိသော ရုရှား လုပ် Su-30SME တိုက်လေယာဉ် ၂ စီးကို လေတပ်အတွင်း ထည့်သွင်းသည့် တရားဝင်အခမ်း အနားတစ်ရပ်ကို ကျင်းပခဲ့သည်။ ယင်းမှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိသော Su-30SME တိုက်လေယာဉ်…
-

မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်
မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ် ပိတ်ဆို့မှုရှောင်ရန် ချွေးမအမည်ဖြင့် အမည်ခံကုမ္ပဏီသုံး၍ ဝယ်ယူခဲ့ ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို တရားမဝင် မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် ချွေးမဖြစ်သူတို့သည် ဘန် ကောက်မြို့ရှိ တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ကြောင်း Justice For Myanmar က ဖော်ထုတ်လိုက်သည်။ အဆိုပါဝယ်ယူမှုကို မင်းအောင်လှိုင်မိသားစု၏ အတွင်းလူဖြစ်သူ မြန်မာစစ်အုပ်စုခရိုနီ ထွန်းမင်းလတ် က ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ထွန်းမင်းလတ်သည် ၂၀၂၂…
-

မီးသင်္ဂြိုဟ်ရင် ဒီဇယ် ၅ဂါလံယူလာရမယ်
စက်သုံးဆီအခက်အခဲကြောင့် ကျောက်ဆည်မှာမီးသင်္ဂြိုဟ်ရင် ဒီဇယ် ၅ဂါလံယူလာရမယ့်အပေါ် နာရေးရှင်တွေ အခက်တွေ့ စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ မီးသင်္ဂြိုဟ်စက်ဟာ ယခင်က နာရေးသင်္ဂြိုလ်ဖို့အတွက် နှူန်းထားတစ်ခုနဲ့ ဆောင်ရွက်ပေးခဲ့ပေမဲ့ ယခုအခါ စက်သုံးဆီ ရှားပါးလာတာကြောင့် နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံ ယူလာမှသာ မီးသင်္ဂြိုလ်ပေးတော့မယ်လို့ သိရကြောင်း ဒေသခံအချို့က ပြောပါတယ်။ “တို့မြို့ကမီးသင်္ဂြိုလ်စက်က ဒီဇယ် ၅ ဂါလံယူလာမှ သဂြိုလ်လို့ ရပါမယ်တဲ့။ ပိုင်ရှင်မဲ့နာရေး သင်္ဂြိုလ်ဖို့ ရာသက်ပန်တာဝန်ယူထားလို့ တိတ်တခိုး စိတ်ပူမိတယ်ပေါ့ကွယ်”လို့ ကျောက်ဆည်ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားပါတယ်။ လောင်စာဆီရှားပါးမှုတွေကြောင့် သုဿန်အချို့မှာ စက်သုံးဆီမသုံးဘဲ တာယာကွင်းတွေအသုံးပြုကာ မီးသင်္ဂြိုလ်နေရတယ်လို့ မန္တလေးတိုင်းထဲက နာရေးကူညီသူအချို့က…
-

ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့
ကျောက်ပန်းတောင်း၊ အင်ပင်ကြီးရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၁၈ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် သေနတ်များ၊ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် အမျိုးသမီး…