Author: Baby Yit Lone

  • မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင်

    မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင်

    မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင် ၂၀၁၇ ၁၈ လောက်ကတည်းက ဝယ်သွားတဲ့ဇာတ်လမ်းပါ.. “ဆယ့်နှစ်ကြိုးခင်သုန်” ကို နာမည်ပြောင်းထားတာထင်ပါတယ်။ သူတို့ကို ရောင်းဖူးတာလည်း အဲ့ဒီ တခုတည်းရှိတယ်။ ကျွန်တော့်ကို လာလာမေးနေကြလို့ဖြေရတာပါ။ ပြောရရင် ဒီကာလမှာ အဲ့ဒီဘက်ကို စိတ်လည်းမဝင်စားဘူး။ ပတ်လည်း မပတ်သတ်ချင်ပါဘူး။ ခုချိန်ရိုက်မယ်ဆိုတာမျိုး အကြောင်းကြားတာ၊ အသိပေးတာမျိုးလည်း မရှိပါဘူး။ အသိပေး၊ အကြောင်းကြားလည်း ကျွန်တော့်ဘက်က ဘာမှ လက်ခံပြောဆို ဆက်ဆံနေစရာမရှိပါဘူး။ အချိန်တွေကြာနေပြီး ကျွန်တော့်ဆီလည်း စာချုပ်တောင် လက်ခံမရှိတော့တာမို့ ဘာဘာညာညာလည်း ပြောချင်၊ ငြင်းချင်စိတ်မရှိပါ။ ခုမှ ထရိုက်တာကတော့ ဘာအထာလဲ မိမိလည်း မပြောတတ်။ မင်းသားက ထောင်ကလွတ်လွတ်ချင်းမှာ အီးပါချင်တာနဲ့.. လမ်းဘေးက အိမ်တစ်အိမ်ကို ခိုးဝင်ပြီးအိမ်သာတက်ဖို့လုပ်။ အိမ်ရှင်သမီးလေးကလည်း…

  • “ကျနော် အမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ’ ဟု  ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း ပြော

    “ကျနော် အမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း ပြော

    အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က လက်ရှိတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ၎င်း၏ သက်ကြီးရွယ်အို မိခင်ဖြစ်သူကို ပြန်လည်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုလိုက်သည်။ “ကျနော့်ဖခင်ဟာ အဲဒီအချိန်က ကျနော့်မိခင် အကျဉ်းကျနေတာကြောင့် သူမကို နောက်ထပ်ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကျနော်ကတော့ သူမကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရဖို့နဲ့ သူမ ကျန်းမာရေးကောင်းမွန်ကြောင်း သိခွင့်ရဖို့ပဲ ရိုးရိုးရှင်းရှင်း လိုချင်တာပါ”ဟု ကိုထိန်လင်းက အမေရိကန် NPR သတင်းဌာနထံသို့ ပြောဆိုသည်။ ကိုထိန်လင်း၏ ဖခင် ဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ် (Michael Aris) သည် ၁၉၉၉ ခုနှစ်၊ လန်ဒန်မြို့ရှိ ၎င်း၏ ၅၃ နှစ်မြောက် မွေးနေ့တွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်တပ်က မိုက်ကယ်အဲရစ်ကို…

  • အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး

    အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး

    အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် ခရီးသည်တင်သင်္ဘောတစင်းပေါ်တွင် လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံးတဦးမှာ ကြွက်များမှတဆင့် လူသို့ကူးစက်တတ်သော ရှားပါးရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။ လက်ရှိတွင် ကျန်းမာရေးတာဝန်ရှိသူများသည် အာဂျင်တီးနားနိုင်ငံ အူရွှာအာမြို့မှ ကိပ်ဗာဒီသို့ ခရီးနှင်နေသည့် MV Hondius သင်္ဘောပေါ်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြသည်။ ကူးစက်ခံရသူ တဦးကို အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ငါးဦးခန့်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ “ရောဂါဖြစ်ပွားသူ ခြောက်ဦးထဲမှာ သုံးဦး သေဆုံးသွားခဲ့ပြီး တဦးကတော့ လက်ရှိ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်” ဟု…

  • ဒေါပုံတွင် စစ်ရှောင်ရိုဟင်ဂျာ ၅၀ ခန့်ကို အုပ်ချုပ်ရေးနှင့်မဘသဘုန်းကြီးများက ဖမ်းဆီးပြီး ရဲစခန်းပို့

    ဒေါပုံတွင် စစ်ရှောင်ရိုဟင်ဂျာ ၅၀ ခန့်ကို အုပ်ချုပ်ရေးနှင့်မဘသဘုန်းကြီးများက ဖမ်းဆီးပြီး ရဲစခန်းပို့

    ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မေ ၂ ရက်နေ့ ညနေ ၅ နာရီက ရခိုင်ပြည်နယ်က စစ်ရှောင်လာတဲ့ ရိုဟင်ဂျာ ၅၀ နီးပါးကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ မဘသ ဘုန်းကြီးတွေက ဖမ်းဆီးပြီး ရဲစခန်းကိုပို့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ ညနေ ၅ နာရီ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် နဂါးနီ ၂ လမ်း တိုက်အမှတ် ၄၇ နဲ့ ၄၈ မှာ ရောက်ရှိနေတဲ့ စစ်ရှောင်ရိုဟင်ဂျာတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ဆေးပြီးနောက် မဘသဘုန်းကြီးတွေကို ခေါ်ကာ ရဲစခန်းကို ပို့ခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။ “ရခိုင်ကနေ စစ်ရှောင်လာတဲ့ ကလေးတွေနေတဲ့တိုက်ကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ် မှူးတွေက ဝင်စစ်တယ်။ စစ်ဆေးနေရင်း မဘသ…

  • မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု  ရှေ့ဆက်တိုး

    မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု ရှေ့ဆက်တိုး

    အရှေ့တီမောတွင် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု ရှေ့ဆက်တိုးနေပြီး တရားစီရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန် တရားရုံးသို့ ရောက်ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တီမော်လက်စတေး ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများဖြင့် တရားစွဲဆိုထားခြင်း၏ နောက်ဆက်တွဲအဖြစ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန်အတွက် ပထမအဆင့် တရားရုံးသို့ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။ အဆိုပါ အမှု၏ တရားလို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်က ဇန်နဝါရီလတွင် စတင်ခဲ့သည့် အမှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက်…