Author: Baby Yit Lone

  • မိန်းမဖြစ်သူက ပေးမအိပ်လို့

    မိန်းမဖြစ်သူက ပေးမအိပ်လို့

    မိန်းမက- သူ့ကို မပေးအိပ်လို့ဆိုပီး -မိန်းမကို ရှင်းပစ်ခဲ့တဲ့ သတင်း-

    ဘန်ကောက်မြို့က- အငှါးတိုက်ခန်းတွေမှာ လင်မယား၂ယောက်က- အတူနေထိုင်ကြတယ်။

    မိန်းမရဲ့ အသက်က- 49နှစ်- ဒါပေမဲ့ ပီးခဲ့တဲ့- ၂လပိုင်းက- သူတို့လင်မယားတွေက-

    အကြောင်းတခုခုကြောင့်- ကွာရှင်းလိုက်ကြပီး-

    ၁-ယောက်၁ခန်းဆီ၊ ခွဲပီး နေခဲ့ကြတယ်။

    အဲတော့- မိန်းမမဟုတ်တော့ပဲ- ဇနီးဟောင်းဖြစ်သွားတယ်။

    – 8ရက်နေ့ ညတုန်းက- ယောက်ကျားက- ဇနီးဟောင်းဖြစ်သူ မိန်းမကို ခေါ်ပီး-

    အပြင်မှာသွားစားသောက်ကြတယ်။

    ပြန်လာတော့- မနက်-၄ နာရီ ထိုးနေပီ။

    သူတို့ ၂ ယောက်လဲ- သောက်စားလာတော့- မူးလဲမူးနေကြတယ်။

    အဲတာနဲ့- ယောက်ကျားက သူ့ဇနီးဟောင်းနဲ့ အိပ်ချင်တယ်ပြောတာ- ဇနီးဟောင်းက လက်မခံဘူး။

    ဒီတော့ ယောက်ကျားလုပ်သူက မပေးအိပ်တဲ့ သူ့-မိန်းမကို-စိတ်တိုပီး- ဓ-ားနဲ့- လည်ပင်းကို ထိုးသွင်း ရှင်းလိုက်တယ်။

    နောက် ယောက်ကျားက- ထောင်ကျမှာစိုးလို့- သူ့ကိုသူစီရင်မယ် အလုပ်မှာ- ရဲတွေ အချိန်မှီရောက်လာလို့-မလုပ်နိုင်ခဲ့ဘူး။

    မိန်းမဖြစ်သူရဲ့- အလောင်းကို စစ်ဆေးတော့၊ လည်ပင်း

    ထိုးသွင်းဒဏ်ရာနဲ့- ကိုပေါ်မှာ ဘာမှ မရှိဘူး။

    အ.တ.ခ- တစ်ထည်ပဲ ဝတ်ထားပီး ကုတင်ပေါ်မှာ ဆုံးနေပါပီ။

    အဲတော့ ရဲတွေက- ဘာမဟုတ်တာလေးနဲ့- ကို့မိန်းမကိုရှင်းခဲ့တဲ့- ယောက်ကျားကို ဖမ်းသွားပါတယ်။

    Nanpiya Panno

  • ယင်းမာပင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့စော်ကားမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် ၁၄၉ ဖွဲ့ တောင်းဆို

    ယင်းမာပင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့စော်ကားမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် ၁၄၉ ဖွဲ့ တောင်းဆို

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်း (၂၀) (ရိုးမရာဇာ) တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်တဦးအပေါ် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ကာ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့က တောင်းဆိုလိုက်သည်။

    ယနေ့ (မတ်လ ၉) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်၍ နစ်နာသူ အမျိုးသမီးရဲဘော်အား တပ်ရင်းတာဝန်ရှိသူများက မတရားဖမ်းဆီးကာ ကျေးရွာလူထုရှေ့တွင် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း လက်ပြန်ကြိုးတုတ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် နစ်နာသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် နာမည်နှင့် တပ်ရင်းနံပါတ်များအား အဓမ္မ ရေးထွင်းခြင်း စသည့်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကိုပါ ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းလုပ်ရပ်သည် တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ကာ ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ဗကသများအဖွဲ့ချုပ်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် ဒေသအသီးသီးမှ သပိတ်ကော်မတီများ အပါအဝင် အဖွဲ့အစည်း ၁၄၉ ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များထံ အချက် သုံးချက်ကို အလေးအနက် တောင်းဆိုထားသည်။

    ကျူးလွန်သူ တပ်ရင်းမှူးနှင့် အဖွဲ့ကို တော်လှန်ရေး တရားစီရင်ရေးစနစ်ဖြင့် အမြန်ဆုံး အရေးယူရန်၊ နစ်နာသူနှင့် မိသားစုဝင်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်နှင့် နောင်တွင် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ခိုင်မာသောမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်တို့ ဖြစ်သည်။

    ယခု ထုတ်ပြန်ချက်တွင် အဖွဲ့အစည်း ၁၁၉ ဖွဲ့က အမည်ဖော်ပြကာ လက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသည့် အဖွဲ့အစည်း ၃၀ တို့ကလည်း ပူးပေါင်း ပါဝင်ထားကြောင်း သိရသည်။

  • ညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ

    ညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ

    ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့အတွင်း စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူ ၁၆၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

    KNU ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နေ့မှာ ခမရ-၂၀၊ ခလရ-၂၆၄ နဲ့ ခမရ-၄၃၉ တပ်ရင်းတွေ ပါဝင်တဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းဟာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအရပ်သား ၁၆၀ ဝန်းကျင်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    648980715 940532678476400 2892353862438310002 N

    မတ်လ ၇ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ ဂျက်ဖိုက်တာအသုံးပြုကာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်တွေ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အခြား ၅ ဦးကိုလည်း စစ်ကော်မရှင်တပ်တွေက သတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

    647546777 940532695143065 7801622999073245263 N

    KNU ကတော့ စစ်ကော်မရှင်တပ်တွေဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေချိန်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုကျူးလွန်နေတယ်လို့ KNU က ထောက်ပြထားပါတယ်။

    လက်ရှိမှာ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်စာရင်းတွေကို KNU က ဆက်လက် စိစစ်အတည်ပြုနေဆဲဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

  • စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

    စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက်ရက် ၄၀ ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ

    ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိသဖြင့် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း၊

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများမှ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး

    စက်သုံးဆီ ထပ်မံဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး

    သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိများမှလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊

    စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စက်သုံးဆီလက်ကျန်များ တိုင်းတာစစ်ဆေးခြင်း၊

    Auto Tank Gauge (ATG)များအား စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    တိုင်ကြားရန် – 067 – 3411048

  • မြန်မာနိုင်ငံမှ KIA အပါဝင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများမှာ ကမ္ဘာ့အဆင့် ၁  မြေရှားသတ္တုများ ထွက်ရှိရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသော်လည်း တရုတ်က အပြည့်အ၀ထိန်းချုပ်ထား

    မြန်မာနိုင်ငံမှ KIA အပါဝင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများမှာ ကမ္ဘာ့အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသော်လည်း တရုတ်က အပြည့်အ၀ထိန်းချုပ်ထား

    မြန်မာနိုင်ငံမှ ကချင်လွတ်လပ်ရေးတပ်မတော်-KIA အပါဝင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသော နယ်မြေများမှာ အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိပိုင်ဆိုင်ထားသော်လည်း တရုတ်နိုင်ငံက အပြည့် အ၀ ထိန်းချုပ်ထားကြောင်း အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx) က ထုတ်ပြန်သည်။

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များက မြန်မာနိုင်ငံ၏ အဓိကကျသော မြေရှားသတ္တု (Heavy Rare Earth) တူးဖော်ရေးဒေသများကို ထိန်းချုပ်ထားကြပြီး၊ လျှပ်စစ်ကား (EV) မော်တာများနှင့် လေအားလျှပ်စစ် တာဘိုင်များအတွက် အလွန်အရေးကြီးသည့် Dysprosium နှင့် Terbium သတ္တုများကို တူးဖော်နေကြသော တရုတ်လုပ်ငန်းရှင်များထံမှ တစ်နှစ်လျှင် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေသည်ဟု ခန့်မှန်းရကြောင်း သိရှိရည်။

    မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း ရရှိရာ အကြီးဆုံး ပြည်ပအရင်းအမြစ် ဖြစ်လာခဲ့ကြောင်း၊ ၎င်းသည် တရုတ်၏ သတ္တုသန့်စင်ခြင်းနှင့် သံလိုက်ထုတ်လုပ်မှု လုပ်ငန်းများမှတစ်ဆင့် အနောက်နိုင်ငံထုတ် လျှပ်စစ်ကားများကို သွယ်ဝိုက်၍ အထောက်အပံ့ ဖြစ်စေသည့်၊ နိုင်ငံရေးအရ ထိရှလွယ်ပြီး အရင်းအမြစ် စုပြုံနေသော ထောက်ပံ့မှုကွင်းဆက်တစ်ခုကို ဖန်တီးထားကြောင်း Rare Earth Exchanges (REEx) က ဆိုသည်။

    မြန်မာ့မြေရှားသတ္တုကဏ္ဍ၏ မဟာဗျူဟာမြောက် အရေးပါမှုသည် ပြတ်သားသော လက်တွေ့အခြေ အနေတစ်ခုကို မီးမောင်းထိုးပြနေပြီး ၎င်းမှာ စွမ်းအင်ကူးပြောင်းမှုအတွက် အရေးပါသော တွင်းထွက် ပစ္စည်း ထောက်ပံ့မှုကွင်းဆက်များသည် ကမ္ဘာ့မတည်ငြိမ်ဆုံး ဒေသအချို့ကို ဖြတ်သန်းနေရခြင်းဖြစ် ကြောင်း၊ ယင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် မူဝါဒချမှတ်သူများအတွက် ထောက်ပံ့မှု ပြတ်တောက်နိုင်သည့် ကြီးမားသော စွန့်စားရမှုများ ရှိနေခြင်းပင် ဖြစ်သည်ဟု အဆိုပါအဖွဲ့က ဆိုသည်။

    ပြင်သစ်နိုင်ငံအခြေစိုက် မဟာဗျူဟာလေ့လာရေးအဖွဲ့ (IRIS) က မကြာသေးမီက ထုတ်ဝေခဲ့သော ဆောင်းပါးတစ်စောင်တွင် မြန်မာနိုင်ငံမှ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ၊ အထူးသဖြင့် KIA သည် အရေးပါသော မြေရှားသတ္တုတူးဖော်ရေး နယ်မြေများကို ထိန်းချုပ်ထားသဖြင့် ကမ္ဘာ့စွမ်းအင်ကူးပြောင်းမှု ဖြစ်စဉ်တွင် မဟာဗျူဟာမြောက် ပါဝင်ပတ်သက်သူများ ဖြစ်လာသည်ဟု ဖော်ပြထား သည်။

    အမှန်စင်စစ် KIA နှင့် အခြားသော တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများသည် Rare Earth Exchanges (REEx Insights) ၏ အဆင့်သတ်မှတ်ချက်တွင် နံပါတ် (၁) အဆင့်ရှိ မြေရှားသတ္တု ပိုင်ဆိုင်မှုများအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။

    အဆိုပါ ဆောင်းပါးသည် စိတ်မသက်မသာဖြစ်ဖွယ် လက်တွေ့အခြေအနေတစ်ခုကို အသားပေးဖော်ပြထားပြီး မြန်မာနိုင်ငံသည် လျှပ်စစ်ကားများနှင့် လေအားလျှပ်စစ် တာဘိုင်များတွင် အသုံးပြုသည့် စွမ်းဆောင်ရည်မြင့် သံလိုက်များအတွက် မရှိမဖြစ်လိုအပ်သော Dysprosium နှင့် Terbium သတ္တုများ၏ အဓိက ထောက်ပံ့သူဖြစ်ကြောင်း၊ ဤကုန်ကြမ်းအများစုမှာ ကမ္ဘာ့သံလိုက်ထောက်ပံ့မှုကွင်းဆက်ကို စိုးမိုးထားသည့် တရုတ်နိုင်ငံ၏ သန့်စင်မှုစနစ်အတွင်းသို့ စီးဝင်သွားကြောင်း သိရှိရသည်။

    IRIS ၏ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှုကို မှန်ကန်စွာ ဖော်ထုတ်နိုင်ခဲ့ကြောင်း Rare Earth Exchanges (REEx) က ထောက်ပြသည်။

    IRIS ဆောင်းပါးအရ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ပွဲများသည် သဘာဝသယံဇာတ ထိန်းချုပ်မှုပုံစံကို ပြောင်းလဲစေခဲ့သည်ဟု ဆိုသည်။ ခွဲခြမ်းစိတ်ဖြာချက်များအရ KIA သည် ယခုအခါ မြန်မာနိုင်ငံမြောက်ပိုင်းရှိ အဓိက မြေရှားသတ္တုတွင်း နယ်မြေအချို့ကို ထိန်းချုပ်ထားပြီး မြေစေးလွှာပါ မြေရှားသတ္တု (Ion-adsorption clay ores) များကို တူးဖော်နေသည့် တရုတ်လုပ်ငန်းရှင်များထံမှ အခွန်ကောက်ခံနေကြောင်း REEx အနေဖြင့်လည်း လွန်ခဲ့သောနှစ်အတွင်း အစီရင်ခံစာများစွာတွင် ယင်းအချက်ကို အတည်ပြုခဲ့ပြီးဖြစ်ကြာင်း သိရှိရသည်။

    အဆိုပါ လုပ်ငန်းများက တစ်နှစ်လျှင် အခွန်ငွေ ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိစေပြီး ကုန်ကြမ်းများကို နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံအတွင်းသို့ သန့်စင်ရန် သယ်ယူသွားကြောင်း၊ ပထဝီနိုင်ငံရေး ရှုထောင့်အရ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့တစ်ခုသည် ကမ္ဘာ့လျှပ်စစ်ကား ထောက်ပံ့မှုကွင်းဆက်တွင် သွယ်ဝိုက်၍ ပါဝင်ပတ်သက်သူ ဖြစ်လာခြင်းပင် ဖြစ်ကြောင်း သိရှိရသည်။

    အမှန်စင်စစ် မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်အတွက် အလွန်အရေးပါပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း (အထူးသဖြင့် EV မော်တာ၊ ကာကွယ်ရေးစနစ်နှင့် လေအားတာဘိုင်များတွင် သုံးသည့် အပူဒဏ်ခံ သံလိုက်များအတွက် လိုအပ်သော Dysprosium နှင့် Terbium) ရရှိရာ အကြီးဆုံး ပြည်ပအရင်းအမြစ် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

    တရုတ်သန့်စင်စက်ရုံများက အဆိုပါ ကုန်ကြမ်းများကို ဆက်လက်ထုတ်လုပ်ရာတွင် စိုးမိုးထားကြောင်း၊ အနောက်နိုင်ငံမှ ကားထုတ်လုပ်သူများသည်ပင် တရုတ်၏ စက်မှုဂေဟစနစ်အတွင်း ထုတ် လုပ်သည့် သံလိုက်များကို နောက်ဆုံးတွင် မှီခိုနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

    ထို့ကြောင့် အနောက်နိုင်ငံထုတ် လျှပ်စစ်ကားများသည် တရုတ်တွင် သန့်စင်ထားသော မြန်မာ့မြေရှားသတ္တုရိုင်းများအပေါ် သွယ်ဝိုက်၍ မှီခိုနေရနိုင်သည်ဟူသော ဆောင်းပါး၏ အဆိုပြုချက်သည် ထောက်ပံ့မှုကွင်းဆက်၏ တကယ့်တည်ဆောက်ပုံဆိုင်ရာ မှီခိုမှုကို ထင်ဟပ်နေကြောင်း သိရှိရသည်။

    KIA က နယ်မြေကို ထိန်းချုပ်ထားနိုင်သော်လည်း တူးဖော်ရေးလုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များကို တရုတ်ပုဂ္ဂလိက ကုမ္ပဏီများနှင့် ကုန်သွယ်ရေးကုမ္ပဏီများကသာ စီမံခန့်ခွဲနေခြင်းဖြစ်ပြီး ပုံမှန်အစိုးရချင်း ဆွေးနွေးမှုမျိုး မဟုတ်ကြောင်း ၊ မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု (Heavy Rare Earth) အတွက် အထိခိုက်အလွယ်ဆုံး ထောက်ပံ့မှု ဗဟိုချက်တစ်ခု ဖြစ်လာကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တင်းကျပ်မှုများ သို့မဟုတ် နယ်စပ်ကုန်သွယ်ရေး အနှောင့်အယှက်များသည် ကမ္ဘာ့ Dysprosium နှင့် Terbium ထောက်ပံ့မှုကို ရုတ်တရက် ထိခိုက်စေနိုင်ကြောင်း ထောက်ပြထားသည။

    မြေရှားသတ္တု အပါအဝင် သတ္တုများသည် စွမ်းဆောင်ရည်မြင့် အမြဲတမ်းသံလိုက်များအတွက် မရှိမဖြစ်လိုအပ်သဖြင့်၊ အနှောင့်အယှက် တစ်ခုခု ဖြစ်လာပါက လျှပ်စစ်ကားများ၊ လေအားတာဘိုင်များနှင့် ကာကွယ်ရေးစနစ်များအထိ ဂယက်ရိုက်ခတ်သွားနိုင်ကြောင်း သုံးသပ်ထားသည်။

    တစ်နည်းအားဖြင့်ဆိုရသော် စွမ်းအင်ကူးပြောင်းမှု၏ ထောက်ပံ့မှုကွင်းဆက်သည် ကမ္ဘာ့နိုင်ငံရေးအရ အထိခိုက်အလွယ်ဆုံး ဒေသအချို့ကို ဖြတ်သန်းနေရဆဲ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် မူဝါဒချမှတ်သူများအတွက် မြန်မာ့မြေရှားသတ္တုကဏ္ဍသည် အရေးကြီးသော သတိပေးချက်တစ်ခု ဖြစ်သည်ဟု ဆက်လက် သုံးသပ်ထောက်ပြထားသည်။