Author: Baby Yit Lone

  • အမွှာ ညီအစ်ကို ၂ ယောက်ကို ယူထားတဲ့ မိန်းကလေး ..

    အမွှာ ညီအစ်ကို ၂ ယောက်ကို ယူထားတဲ့ မိန်းကလေး ..

    အမွှာ ညီအစ်ကို ၂ ယောက်ကို ယူထားတဲ့ မိန်းကလေး ..

    အစတုန်းက သူတို့၂ယောက်နဲ့မိတ်ဆွေသူငယ်ချင်း

    တွေအဖြစ်နဲ့ စကားပြောခဲ့ကြပေမဲ့ နောက်ပိုင်းမှာ

    သူတို့နှစ်ယောက်က တပြိုင်နက် ချစ်ကြိုက်ခဲ့ကြတဲ့

    အတွက် လင်-ကြီး လင်-ငယ်ဆိုတဲ့သဘောမျိုးနဲ့

    ပြန်ချစ်ကြိုက်ခဲ့တာမဟုတ်ဘူး။

    နှစ်ယောက်လုံးကို တပြိုင်နက် ချစ်ကြိုက်ခဲ့တာ။ 😱

    ထိုင်းနိုင်ငံက အသက်၂၄ နှစ်အရွယ် အမျိုးသမီးက

    အမွှာညီအစ်ကို ၂ ယောက်နဲ့ တအိမ်ထဲမှာ အတူ

    ပေါင်းသင်းနေထိုင်နေတာဖြစ်ပါတယ်။

    သူမ ယောက်ျား၂ယောက်ယူထားတာဟာ

    AIမဟုတ်သလို Celeဖြစ်ချင်လို့ ယူထားတာ

    မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

    သူယူ‌ထားတဲ့ယောက်ျားနှစ်ယောက်ထဲက

    တစ်ယောက်ယောက်က နောက်မိန်းမယူဖို့

    ခွင့်တောင်းလာခဲ့မယ်ဆိုရင် လုံးဝခွင့်ပြုမှာ

    မဟုတ်ဘူးလို့လည်း သူမက သူ့ရဲ့ သဘောထားကို

    ထုတ်ဖော်ခဲ့ပါတယ်။

  • ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ  ရုတ်တရက် သွားရောက်

    ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်

    စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်

    ရခိုင်ယတြာခေါင်းလောင်း၊ တပ်နှင့် အစိုးရ အပြောင်းအလဲယတြာကိစ္စများ ပါဝင်နိုင်ဟု သုံးသပ်

    အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်က ရုတ်တရက်သွားရောက်ခဲ့ပြီး ယင်းသွားရောက်မှုတွင် ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲလုပ်ရန်အတွက် ယတြာကိစ္စများ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ကြောင်း၊ သွားရောက်ရာတွင် ၀စီပိတ် ဘုန်းကြီး ဟု အများခေါ်ကြသည့် ကောဝိဒထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်ခဲ့ပြီး ဘုန်းကြီးနှင့် မင်းအောင်လှိုင်အကြား ၂ နာရီအကြာ နှစ်ဦးတည်း သီးသန့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်သည် နေပြည်တော်ပြင်ပသို့ ခရီးထွက်ပါက အနည်းဆုံး ၇ ရက်ခန့်ကြို တင်၍ လုံခြုံရေးယူခြင်း၊ နယ်မြေတပ်များ ချထားခြင်း၊ ဒရုန်းနှင့် လေကြောင်းရန်ကာ ကွယ်ရေးအတွက် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခိုင်းလေ့ရှိကြောင်း၊ သို့ရာတွင် ယမန်နေ့ ၀စီပိတ်ဘုန်းကြီးထံသို့ သွားရောက်သည့် ခရီးစဉ်မှာမူ ကြိုတင် စီစဉ်ထားခြင်း မရှိသော ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။

    “ကျိုင်းတုံခရီးစဉ်က ကြိုတင် စီစဉ်ထားတာမျိုးမဟုတ်ဘူး။ ရုတ်တရက်သွားတယ်လို့ ပြောရမယ်။ ဆရာတော်နဲ့လည်း ၂ နာရီလောက် တပ်ချုပ်နဲ့ သီးသန့် စကားပြောတာရှိတယ်လို့ ပြန်သိရတယ်။ အာဏာမသိမ်းခင်ကလည်း ဆရာတော်ကို နေပြည်တော်ကို ပင့်ပြီးတော့ တပ်ချုပ်အိမ်မှာ ၅ ရက်လောက် နေခိုင်းပြီး ယတြာတွေ လုပ်ခဲ့ဖူးတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ၀စီပိတ်ဘုန်းကြီး ကောဝိဒမှာ မင်းအောင်လှိုင် တိုင်းမှူးဘ၀ကတည်းက သိကျွမ်းခဲ့သော ဘုန်းကြီးဖြစ်ပြီး မင်းအောင်လှိုင်တစ်မိသားစုအားလုံး အားကိုးအားပြုသော ဘုန်းကြီးဖြစ်ကြောင်း၊ ဗေဒင်ယတြာ အဆောင်လက်ဖွဲ့နှင့် အင်းပြားများကို မင်းအောင်လှိုင် မိသားစုအတွက် အမြဲ စီမံပေးသော ဘုန်းကြီးဖြစ်ပြီး နေပြည်တော်ရှိ မင်းအောင်လှိုင် မိသားစုနေအိမ်သို့ မကြာခဏ ပင့်ဖိတ်ခံရသော ဘုန်းကြီးလည်းဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်က ဝစီပိတ်ဘုန်းကြီးက ဆန္ဒပြပြည်သူများကို မင်းအောင် လှိုင်က အကြမ်းဖက် နှိမ်နင်းရန် “ခေတ်ကို ပြောင်းချင် ခေါင်းကို ပစ်” ဟု အတိတ်နမိတ်ဖြင့် ယတြာပေးခဲ့သူအဖြစ် စစ်တပ်အတွင်း ပြောစမှတ်ပြုကြသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ဇန်နဝါရီလဆန်းပိုင်းတွင် ရခိုင်တွင် AA က တူးဖော်တွေ့ရှိသွားသည့် သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်း လောင်းအကြောင်း အသေးစိတ် အစီ ရင်ခံစာများ ရေးသား၍ အမြန်ဆုံးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း၊ထို့ကြောင့် ၀စီပိတ်ဆရာတော်ထံသို့ သွားရောက်သည့် အကြောင်းအရင်းများတွင် ရခိုင်ယတြာခေါင်း လောင်းကိစ္စ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်သည်။

    “ကျနော့်အထင်တော့ ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ လာမယ့် မတ်လနဲ့ ဧပြီလ အစိုးရအပြောင်းအလဲ အတွက် ဗေဒင်မေး ယတြာသွားလုပ်တာလို့ ထင်တယ်။ တပ်နဲ့ အစိုးရ အဖွဲ့ အပြောင်းအလဲမှာ ပါဝင်မယ့်သူတွေ၊ လွှဲမယ့်သူရဲ့ နေ့နံတွေ တွက်တာ၊ အဲဒါတွေလည်း ပါမယ်လို့ ထင်တာပဲ။ သူက ဘာလုပ်လုပ် ဗေဒင်ယတြာနဲ့ အချိန်အခါတွေ အမြဲတွက်ပြီး လုပ်လေ့ရှိတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

    ၀စီပိတ်ဘုန်းကြီး ခေါ် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ က မင်းအောင်လှိုင် တပ်ချုပ်ရာထူးရရှိရေးအတွက် ယတြာချေပေးခဲ့ပြီး ၎င်းချေပေးသည့် ယတြာများအတိုင်း မင်းအောင်လှိုင်က ရာထူးအဆင့်ဆင့်တက်ကာ တပ်ချုပ်ရာထူးရရှိခဲ့ကြောင်း၊ထို့ကြောင့် ၀စီပိတ်ဘုန်းကြီးအပေါ် မင်းအောင်လှိုင် မိသားစု၏ ယုံကြည်မှု လွန်ကဲကြောင်း သိရှိရသည်။

  • The Secret Agent

    The Secret Agent

    The Secret Agent (2025)

    အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် ရွှေကမ္ဘာလုံးဆုရထားတဲ့ကား လာပါပြီ။ နာမည်ကျော် ဒါရိုက်တာ ဒါရိုက်တာ Kleber Mendonça Filho ရိုက်ကူးထားတာဖြစ်ပါတယ်။

    ဇာတ်လမ်းက ၁၉၇၇ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံရဲ့ ၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ် သက်တမ်းတစ်ဝက်လောက်မှာ အခြေခံထားပါတယ်။

    ဘရာဇီး စစ်အာဏာရှင်ခေတ် (1964–1985)ရဲ့ အလယ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါ။

    ဇာတ်လိုက် Marcelo (Wagner Moura) က Volkswagen ကားလေးကို စီးပြီး Recife မြို့ကို ရောက်လာတယ်။

    သူ ဘာလို့ လာတာလဲ ဘယ်သူမှ မသိဘူး။

    ဇာတ်လမ်းကလည်း ချက်ချင်း အဖြေမပေးပါဘူး။

    ဒီမြို့မှာ လူတွေက စကားကို တည့်တည့်မပြောကြဘူး။

    တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာကို ကြောက်နေကြရတာကိုး။

    လူသ-တ်မှုတွေကလည်း နေရာအနှံ့ပါပဲ။ အစိုးရကို ဆန့်ကျင်လို့ အသ-တ်ခံရတာရှိသလို၊ လမ်းဘေး ရာဇဝတ်မှုတွေကြောင့် သေတာလည်း ရှိတယ်။

    အဆိုးဆုံးကတော့ လူသ-တ်သမားတွေဟာ တစ်ဖက်သားကို သ-တ်ပြီးရင် ဘာမှမဖြစ်သလိုပဲ ညစာကောင်းကောင်းစား၊ အိပ်ရာဝင်နိုင်လောက်အောင် ယဉ်ပါးနေကြတဲ့ လောကကြီးတစ်ခုအဖြစ် ပုံဖော်ထားတာပါ။

    အဲဒီလောကကြီးထဲမှာမှ အတိတ်ဆိုးတစ်ခုနဲ့လူတစ်ယောက်က သူ့သားလေးနဲ့ ဇာတ်မြှပ်ပြီးပြန်နေဖို့ ကြိုးစားနေတုန်းမှာပဲ၊ ကြေးစားနှစ်ယောက်က နောက်ကလိုက်လာပြီး လုပ်ကြံတဲ့အကြောင်းကို သမိုင်းနောက်ခံနဲ့ အခြား ဇာတ်ကောင်အပြိုင်ဘဝတွေနဲ့ အနုပညာမြောက်မြောက် ပုံဖော်ထားပါတယ်။

    တချို့ဝေဖန်သူတွေက ဒီကားကို ဟိုတစ်စ ဒီတစ်စနဲ့ ဖန့်တီးလွန်းတယ်လို့ ဆိုကြပါတယ်။ ဥပမာ – ငါးမန်းဗိုက်ထဲက တွေ့တဲ့ ခြေထောက်တစ်ဖက်ကနေ သရဲပြန်ခြောက်တဲ့ အခန်းမျိုးပေါ့။

    ဒါပေမဲ့ ဒါတွေက ဇာတ်လမ်းအစစ်အတိုင်း ယူဆရတာမဟုတ်ဘဲ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာမျိုးတွေပါပါတယ်။

    ဒါရိုက်တာ Kleber ဟာ Bacurau နဲ့ Aquarius တို့လို ကမ္ဘာကျော်ဇာတ်ကားတွေကို ဖန်တီးခဲ့သူဖြစ်လို့ ဒီကားမှာလည်း ရုပ်ရှင်အနုပညာ အသားပေး ရိုက်ချက်တွေကို မြင်တွေ့ရမှာပါ။

    The Secret Agent ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးနဲ့ အထူးခြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ကြည့်လေလေ နက်နဲလေလေ ဖြစ်နေတဲ့ ဇာတ်ကားမျိုးပါ။

    အဆုံးသတ်ကတော့ ကြည့်တဲ့သူကို တစ်ကမ္ဘာလုံးကနေ ခွဲထုတ်ပြီး တခြားတစ်နေရာကို ခေါ်သွားသလို ခံစားရပါလိမ့်မယ်။

    ခေတ်စနစ်ဆိုးတစ်ခုရဲ့ အငွေ့အသက်တွေကို ရုပ်ရှင်အနုပညာနဲ့ ပေါင်းစပ်ပြီး အတွေ့အကြုံသစ်တစ်ခု ရချင်တယ်ဆိုရင်တော့ ဒီကားကို မဖြစ်မနေ ကြည့်သင့်ပါတယ်။

  • Rebuilding

    Rebuilding

    Rebuilding (2025)

    ၂၀၂၅ မှာ ထွက်ရှိထားတဲ့ “Rebuilding” ရုပ်ရှင်ဟာ စိတ်နှလုံးကို နွေးထွေးစေပြီး ဘဝကို အသစ်ကပြန်စဖို့ ကြိုးစားရပုံကို ရိုက်ပြထားတဲ့ Drama ဇာတ်ကားကောင်းတစ်ကားပါ။

    ဇာတ်လမ်းက Colorado ပြည်နယ်က Dusty ဆိုတဲ့ နွားကျောင်းသား (Cowboy) တစ်ယောက်အကြောင်းပါ။

    တစ်နေ့တော့ တောမီးအကြီးအကျယ်လောင်ပြီး သူတို့မိသားစု မျိုးဆက် ၄ ဆက်စာ ထိန်းသိမ်းလာခဲ့တဲ့ ခြံကြီးတစ်ခုလုံး ပြာကျသွားခဲ့တယ်။

    အိမ်တင်မကဘူး၊ သူ့ရဲ့ နွားတွေ၊ တင်းကုပ်တွေနဲ့ ဘဝတစ်ခုလုံး ဆုံးရှုံးသွားတာပေါ့။

    အဲဒီနောက်မှာတော့ သူဟာ အစိုးရကစီစဉ်ပေးတဲ့ ဒုက္ခသည်စခန်းလေးထဲမှာ သွားနေရတယ်။

    အရာအားလုံး ဆုံးရှုံးသွားတဲ့ Dusty ဟာ စိတ်ဓာတ်တွေကျပြီး လူတွေနဲ့လည်း သိပ်မဆက်ဆံတော့ဘဲ တစ်ယောက်တည်း အထီးကျန်ဖြစ်နေခဲ့တာပေါ့။

    ဒါပေမဲ့ အဲဒီစခန်းလေးမှာ သူနဲ့ဘဝတူ အိမ်ခြေမဲ့သွားတဲ့ အိမ်နီးချင်းတွေနဲ့ ဆုံလာရတယ်။

    သူကတော့ အစပိုင်းမှာ သူတစ်ပါးအကူအညီကို ငြင်းဆန်နေပေမဲ့ တဖြည်းဖြည်းနဲ့ အသိုက်အဝန်းရဲ့ အရေးပါမှုကို နားလည်လာတယ်။

    အဆင်မပြေဖြစ်နေတဲ့ ဇနီးဟောင်း Ruby နဲ့ သမီးလေး Callie Rose တို့နဲ့ ပြန်နီးစပ်ခွင့်ရလာတယ်။

    သမီးလေးက သူ့ဆီကို လာလည်ပြီး သူ့ရဲ့ အေးစက်နေတဲ့ နှလုံးသားကို နွေးထွေးအောင် ပြန်လုပ်ပေးခဲ့တယ်။

    Dusty ရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိလာတယ်။ တစ်ခုကတော့ အဝေးက Montana မှာ အလုပ်သစ်သွားလုပ်ပြီး အရင်လို တစ်ယောက်တည်း ဘဝကို ပြန်တည်ဆောက်မလား၊…

    ဒါမှမဟုတ် အခုရှိနေတဲ့ မိသားစုနဲ့ အိမ်နီးချင်းတွေကြားမှာပဲ ဘဝသစ်ကို အတူတူ ပြန်စမလားဆိုတာပါပဲ။

    ဒီကားက “အိမ်” ဆိုတာ အုတ်ခဲတွေ၊ သစ်သားတွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတင်မဟုတ်ဘဲ “ကိုယ်ချစ်ရတဲ့သူတွေရှိတဲ့နေရာ” ဆိုတာကို ပြပေးသွားတာပါ။

    ရုပ်ရှင်နာမည် “Rebuilding” ဆိုတဲ့အတိုင်း မီးလောင်သွားတဲ့ အိမ်ကို ပြန်ဆောက်တာထက် ပျက်စီးသွားတဲ့ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ကို ပြန်လည် တည်ဆောက်တဲ့အကြောင်းကို အရမ်းလှလှပပ ရိုက်ပြထားပါတယ်။

    မင်းသား Josh O’Connor က Cowboy တစ်ယောက်ရဲ့ ခံစားချက်ကို စကားအများကြီး မပြောဘဲ မျက်လုံးတွေနဲ့တင် သရုပ်ဆောင်သွားတာ တကယ်ကို ကောင်းပါတယ်။

    Colorado ရဲ့ သဘာဝအလှတရားတွေကို တောမီးလောင်ပြီးနောက်ပိုင်း မြင်ကွင်းတွေနဲ့ ယှဉ်ပြီး အနုပညာဆန်ဆန် ရိုက်ကူးထားပါတယ်။

    “Rebuilding” က ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားရင်တောင် ဘေးနားမှာ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိနေသေးသရွေ့ အသစ်ကနေ ပြန်စလို့ရတယ်ဆိုတာကို ခံစားချက်အပြည့်နဲ့ ပြသွားတဲ့ ကားလေးပါပဲ။

  • Ordinary People (or) The Villagers

    Ordinary People (or) The Villagers

    Ordinary People (2018)

    မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ ဇာတ်ကောင်တွေမှာ ပါဝင်လေ့ရှိတဲ့ မင်းသားကြီး Ma Dong-seok တို့ရဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

    ဇာတ်လမ်းအညွှန်း

    လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဂီချော (Ma Dong-seok) ဟာ မဟုတ်မခံ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ကြောင့် နည်းပြအဖြစ် လုပ်ကိုင်နေရာကနေ ပြဿနာတွေတက်ပြီး နယ်မြို့လေးဘက်ကို အားကစားဆရာအဖြစ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ပါတယ်။

    သူလုပ်ကိုင်ဖို့ ဖြစ်လာတဲ့ ကျောင်းမှာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားတဲ့ ဆူယွန်းဆိုတဲ့ ကျောင်းသူလေးတစ်ဦးရှိနေပါတယ်။

    အဲဒီကျောင်းသူလေးကို လိုက်ရှာဖို့ အသည်းအသန် ကြိုးစားနေတဲ့ ဂန်ယူဂျင်း (Kim Sae-ron) နဲ့ တွေ့ရှိပြီး နှစ်ယောက်သား ဆူယွန်းကို အတူရှာရာကနေ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေသလဲဆိုတာကို ဖော်ထုတ်သွားကြမယ့် ကားကောင်းလေးဖြစ်တဲ့အပြင် Kim Sae-ron လေးကို အလွမ်းပြေ ပြန်လည်ကြည့်ရှုကြည့်ကြပါဦးနော်။