Author: Baby Yit Lone

  • နတ်ရေကန်ကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ ကာကင်းကုန်းတခု AA သိမ်းပိုက်

    နတ်ရေကန်ကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ ကာကင်းကုန်းတခု AA သိမ်းပိုက်

    ရခိုင်ပြည်နယ် အမ်း နဲ့ မကွေးတိုင်း ငဖဲမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ရိုးတောင်ကျော်လမ်းရှိ ပိတ်မိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်စခန်းကို စစ်ကောင်စီက လမ်းဟောင်းကနေ ထိုးစစ်ဆင်နေပြီး ကာကင်းစခန်းကုန်းတခုကို AA က ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

    ဇန်နဝါရီ ၁၇ ရက် ညနေမှာ နတ်ရေကန်တောင် လမ်းဟောင်း ပဇီကျေးရွာအနီးရှိ စစ်ကောင်စီ ကာကင်းကုန်းတခုကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “မနေ့ညက ညနေဘက်မှာ ထိုးစစ်ဆင်ပြီး သိမ်းလိုက်တာပါ။ စကစ ဘက်က ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ပဇီရွာကို ထွက်ပြေးသွားကြတယ်။”

    စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ အလောင်းတချို့ကို သိမ်းဆည်းရလိုက်ပြီး တပ်ဖွဲ့ဝင်အများစုက ပဇီကျေးရွာစခန်းဘက် ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။

    နှစ်ဖက်တိုက်ပွဲ ပြင်းထန်ချိန်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဇင်ပြွန်းရွာ၊ ပဇီရွာတို့ကနေ ဒရုန်း၊ လက်နက်ကြီး ပစ်ကူအပြင် လေကြောင်းကနေလည်း လာရောက်ဗုံးကြဲခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    အင်အားရာချီ ပိတ်မိနေတဲ့ နတ်ရေကန်တောင် ဗျူဟာစခန်းကို စစ်ကောင်စီက လမ်းဟောင်း၊ လမ်းသစ် နှစ်ခုလုံးက ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ ပဇီနဲ့ ဂုတ်ကြီးရွာတို့မှာ ရပ်တန့်နေတဲ့အပြင် AA စနိုက်ပါသမားတွေရဲ့ ဝိုင်းပိတ်တိုက်ခိုက်မှုကြောင့် နေ့စဉ် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    “ပဇီနဲ့ ဂုတ်ကြီး နှစ်ရွာလုံးမှာ သူတို့ တပ်စွဲထားတယ်။ တော်လှန်ရေးဘက်ကလည်း ထွက်ပေါက်မရအောင် ဝိုင်းပိတ်ထားတယ်။ နေ့စဉ် စနိုက်ပါနဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးရှိတယ်။”

    ထွက်ပေါက်မရှိတဲ့ နတ်ရေကန်စခန်းကို စစ်ကောင်စီ လေကြောင်းကနေ Y8 လေယာဉ်နဲ့ ပုံမှန် စားနပ်ရိက္ခာ လာချနေရပြီး ပစ္စည်းလာကောက်တဲ့ တပ်ဖွဲ့ဝင်အချို့ကို ​AA ဘက်က စနိုက်ပါ၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးလို့ ပစ္စည်းထုပ်တွေကို နေ့ခင်းဘက်မှာ မကောက်ယူဘဲ နေဝင်မှ ကောက်ယူနေရတယ်လို့ သိရပါတယ်။

  • ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်

    ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်

    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲမေ တယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတဲ့ ရဲတပ်သားတယောက်ကို စစ်တပ်က ဇန်နဝါရီ ၁၇ ရက် မနက်က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၁၆ ရက် မနက်က ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်သား မင်းဉာဏ်ထက်အောင်နဲ့ ဇနီးဖြစ်သူတို့ စကားများ ရန်ဖြစ်ရာကနေ ရဲတပ်ကြပ်နဲ့ ရဲတပ်သား၂ ယောက်က ဝင်ရောက်ဖျန် ဖြေပေးရာမှာ ထပ်မံစကားများပြီး ဇနီးဖြစ်သူနဲ့ရဲ ၃ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “လင်မယားချင်း စကားများတာ သူ့မိန်းမကလည်း ရဲမေပဲ။ စကားများတဲ့အချိန် ရဲတပ်ကြပ် တယောက်ရယ်၊ ရဲတပ်သား ၂ ယောက်ရယ် လာဆွဲတာ၊ ဆွဲရင်း စကားထပ်များပြီး သူ့မိန်းမရော ရဲသုံးယောက်ကိုရော သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာ။ ထွက်ပြေးသွားတဲ့ ရဲကို စစ်တပ်က မနေ့က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်။”

    ထွက်ပြေးသွားတဲ့ ရဲတပ်သား မင်းဉာဏ်ထက်အောင်ကို ဇန်နဝါရီ ၁၇ ရက် မနက်က စစ်ကောင်စီတပ်က ပိန်းဇလုပ်မြို့ ကင်းပွန်းချုံဘုန်းကြီးကျောင်းအနီးမှာ ပစ်သတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ထွက်ပြေးသွားတဲ့ ရဲတပ်သားမှာ သေနတ်တွေရော ကျည်တွေရောပါသွားလို့ စစ်တပ်က အင် အားအလုံးအရင်းနဲ့လိုက်ရှာတာ၊ ပိန်းဇလုပ်ရဲစခန်းဘက်မှာ မိသွားတယ်။ မိတော့ ယူသွားတဲ့သေနတ်နဲ့ကျည်တွေ ပြန်တောင်းတယ်။ ရဲတပ်သားက ဖွက်ထားတဲ့နေရာ ကိုလိုက်ပြတယ်။ သေနတ်ပြန်ရရော အဲ့ဒီရဲတပ်သားကို စစ်တပ်က သေနတ်နဲ့ပစ်သတ်လိုက်တယ်။ ရဲစခန်းမှာတော့ ခုခံထွက်ပြေးလို့ ပစ်ခတ်တာဆိုပြီး စာတင်ထားတယ်။”

    ကျောက်တံခါးမြို့နယ်ဟာ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါဝင်တဲ့အတွက် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်စဥ်အပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ်တယောက် သေဆုံးကာ ရဲတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အလားတူ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်ကလည်း ပဲခူးတိုင်း၊ မင်းလှမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်လို့ ရဲတပ်ကြပ်တယောက် သေဆုံးခဲ့ပါတယ်။

  • မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

    မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

    ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀ နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။

    မနေ့က(ဇန်နဝါရီ ၁၇ရက်)ညပိုင်းမှာ အကျဥ်းသားတွေက လက်နက်အချို့ပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

    “၅၉ ဦး မယ်စဲ့ IECထောင်ကနေ လွတ်သွားတာ။သေနတ်တွေလည်းပါသွားတယ်။ထောင်ဝန်းထမ်းတွေကို ကြိုးတုတ်ပြီးအချုပ်ထဲ ထည့်ခဲ့တာ”လို့ ကရင်နီဒေသခံတစ်ဦးက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

    ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC )ရဲ့တွဲဖက်အတွင်း ရေးမှူး ဦးဗညားက”ကျ​နော်တို့အသိ​ပေးထုတ်ပြန်ပါ့မယ်။ထွက်ပြေးသွားတာတော့ မှန်တယ်”လို့ ပြောပါတယ်။

    ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ စစ်ကောင်စီတပ်သမား စစ်သုံ့ပန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

    လက်ရှိ အခြေအနေကြောင့် မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။

    ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

    စစ်ကိုင်း၊ရှမ်းမြောက် နဲ့ မန္တလေးတိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေ အကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

    အကျဉ်းသားများကို ခေါ်ထုတ်သွားသည့် တရားခံ (၂)ဦး

    ကရင်နီပြည်နယ်၊ အကျဉ်းထောင် အမှတ် (၂) မှ အကျဉ်းသား (၈၀) ဦး ထွက်ပြေးသည့်အမှုတွင် အကျဉ်းသားများကို ခေါ်ထုတ်သွားသည့် အဓိက တရားခံထောင်ဝန်ထမ်း (၂)ဦး၏ ရုပ်ပုံဖြစ်ပါသည်။

    မယ်စဲ့အကျဉ်းထောင်မှ စစ်သုံ့ပန်း ၅၉ ဦး ထွက်ပြေး ထောင်ဆေးမှူးက လမ်းဖွင့်ပေးခဲ့ပြီး လက်နက်များယူဆောင်သွား

    ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မယ်စဲ့အကျဥ်းထောင်(၂) မှ စစ်သုံ့ပန်း အကျဥ်းသားများ ၅၉ ဦးထွက်ပြေးသွားကြောင်း သိရသည်။

    အကျဉ်းသားများသည် ယနေ့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

    “ထောင်ဆေးမှူးကနေဖွင့်ပေးတာလို့သိရတယ်။ အစောင့်တွေကို ကြိုးတုပ်ပြီးအချုပ်ပြန်ထည့်ခဲ့တယ်။ သတ်သွားတာမျိုးမရှိဘူး၊ ဆေးမှူးနဲ့နောက်တစ်ယောက်ကတော့ ထွက်ပြေးသွားတဲ့လူတွေနဲ့ ပါသွားတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက ပြောသည်။

    ထွက်ပြေးသွားသည့် အကျဉ်းသားများက သေနတ် ကိုးလက်နှင့် ဆက်သွယ်ရေးစကားပြောစက်များကို ယူဆောင်သွားကြောင်းသိရသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်းအောင်ကို ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

    အလားတူ ယမန်နှစ် အောက်တိုဘာလ ၉ ရက်နေ့ကလည်း ကရင်နီပြည်နယ်အတွင်းရှိ အကျဉ်း ထောင်တစ်ခုမှ အကျဉ်းသား ခြောက် ဦး ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

    လက်ရှိတွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

  • ရွှေနန်းတော်မှ ရေကြည်အိုင်သို့

    ရွှေနန်းတော်မှ ရေကြည်အိုင်သို့

    ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လုပ်ငန်းရှင်နိုင်ငံရေးသမား ဒေါက်တာသက်သက်ခိုင်ရဲ့နိုင်ငံရေးက ရိုလာကိုစတာစီးနေရသလို အတက်အကျ၊ အနိမ့်အမြင့် များလှပါတယ်။

    နိုင်ငံသိအမျိုးသမီးလုပ်ငန်းရှင်အဖြစ်ကနေ ပြည်သူထောက်ခံမှုကြီးတဲ့ပါတီရဲ့အမတ်တစ်ဦးအဖြစ် ၂၀၁၅ ကာလတွေမှာ မျက်နှာသစ်နိုင်ငံရေးသမားရဲ့ အစခရီးက ချောချောမွေ့မွေ့ပါပဲ။

    လွှတ်တော်သက်တမ်းတစ်ခုမကုန်ဆုံးခင်မှာပဲ NLD နဲ့လမ်းခွဲပြီး ပါတီသစ်တစ်ခု ထူထောင်လိုက်တာက သူ့ရဲ့ နိုင်ငံရေးခယောင်းလမ်းအစပျိုးကာလတွေ ဖြစ်ခဲ့ပါတယ်။

    ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးနေရာလက်ခံမှုအပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမဲ့ ဒေါ်သက်သက်ခိုင်က သူ့လမ်းကို မယိမ်းမယိုင်ဆက်လျှောက်ခဲ့ပါတယ်။

    ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တားမြစ်ခံရချိန်မှာတော့ ဒေါက်တာသက်သက်ခိုင် တစ်ယောက် နိုင်ငံရေးအပေါ် သူ့ရဲ့ဆုံးဖြတ်တွက်ချက်မှုတွေကို ပြန်လည် မေးခွန်းထုတ်ကောင်းထုတ်နေခဲ့ပါလိမ့်မယ်။

    ဒါပေမဲ့ သူ့အတွက် နိုင်ငံရေးလောကဓံက မပြီးသေးပါဘူး။

    ရေကြည်အိုင်မှာ တစ်ညတာ

    ဒေါ်သက်သက်ခိုင်ကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၃ ရက်မှာ ခေါ်ယူစစ်ဆေးတဲ့အကြောင်းက နိုင်ငံရေးလောကမှာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

    အဓိက အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ သံရုံးတစ်ခုက တာဝန်ရှိသူတချို့နဲ့ ရန်ကုန်မြို့၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။

    သူနဲ့အတူ တွေ့ဆုံပွဲမှာ ပါသွားတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်လည်း ခေါ်ယူစစ်မေးခံရပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သူတို့နှစ်ယောက်ကို ခွင့်ပြုချက်မတောင်းခံဘဲ ပြည်ပသံရုံးတစ်ခုနဲ့တွေ့ဆုံတာကြောင့် အရေးယူမယ်လို့ ဇန်နဝါရီ ၁၄ ရက်မှာထုတ်ပြန်ပါတယ်။

    ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ သံရုံးအမည်မတပ်ထားပေမဲ့ ဗြိတိသျှသံရုံးလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    “ထမင်းစားရင်းတွေ့တာလေးကို သက်သက်ပုံကြီးချဲ့တာ” လို့ ပြည်သူ့ရှေ့ဆောင်ပါတီဝင်တစ်ဦးက ပြောပါတယ်။

    နိုင်ငံရေးသမားတွေအတွက် နိုင်ငံခြားသံတမန်တွေနဲ့တွေ့တာက ပုံမှန် လုပ်ရိုးလုပ်စဥ်လို သဘောထားပေမယ့် စစ်တပ်အတွက်ကတော့ ဒါကအထူးတင်းကျပ်ထားတဲ့ ကိစ္စတစ်ခုပါ။

    “ပါတီတွေဘက်ကကြည့်ရင်မှန်ပါတယ်။ ဒါပေမဲ့ ပါတီတွေက သူတို့ဘယ်အုပ်ချုပ်ရေးမှာ နေနေရတယ်ဆိုတာ မမေ့သင့်ပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ဒေါ်သက်သက်ခိုင်ကတော့ စားသောက်ဆိုင်တစ်ခုမှာ သံရုံးတစ်ခုနဲ့တွေ့ဆုံမှုရဲ့အကျိုဆက်အဖြစ် ၂၄ နာရီနီးပါးထိန်းသိမ်းစစ်ကြောခံလိုက်ရပါတယ်။

    နှင်းဆီပါတီနောက် လိုက်နိုင်လား

    စားသောက်ဆိုင်တစ်ခုမှာ သံရုံးတစ်ခုနဲ့တွေ့ဆုံမှုရဲ့အကျိုဆက်အဖြစ် ၂၄ နာရီနီးပါးထိန်းသိမ်းစစ်ကြောခံလိုက်ရ

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌရဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ကိုးကားထားတဲ့ပုဒ်မကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရင်းမြစ်ရဲ့သုံးသပ်ချက်ကို ထင်ဟပ်စေပါတယ်။

    နိုင်ငံခြားအစိုးရတစ်ခုရဲ့ သြဇာခံမဖြစ်ရ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီမှတ်ပုံတင်ပယ်ဖျက်မယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကို ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ အလေးပေးဖော်ပြထားပါတယ်။

    ဒီသတိပေးချက်ကို ပါတီအနေနဲ့ အစောပိုင်းကတည်းက ရရှိထားပြီး ဒေါ်သက်သက်ခိုင် အနေနဲ့လည်း အများကြီးစောင့်ထိန်းဆင်ခြင်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပါတီအနေနဲ့ ကော်မရှင်က ဘယ်လိုအရေးယူမလဲဆိုတာကို စောင့်ကြည့်နေရတဲ့အခြေအနေလို့ သူကပြောပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဖျက်သိမ်းခံခဲ့ရပါတယ်။ ပါတီရဲ့ အမှတ်တံဆိပ်ကို အစွဲပြုပြီး UDP ကို နှင်းဆီပါတီလို့ အသိများပါတယ်။

    ပါတီကို ဖျက်သိမ်းတဲ့အကြောင်းအရင်းက နိုင်ငံခြားတိုင်းပြည်က အထောက်အပံ့ကိုရယူလို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီတုန်းက ဘယ်တိုင်းပြည်ရဲ့ အထောက်အပံ့ကို ယူခဲ့တယ်ဆိုတာမျိုး တိုက်ရိုက်မထုတ်ပြန်ပေမဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

    လက်ရှိ PPP ပါတီဖြစ်စဥ်မှာတော့ ငွေကြေးကိစ္စမပါဝင်ပေမဲ့ ပြည်ပအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ပုဒ်မကို ကော်မရှင်က ရည်ညွှန်းထားတဲ့အတွက် အရေးယူခံရနိုင်ခြေများပါတယ်။

    PPP ပါတီဟာ ပြည်ပသံရုံးတွေနဲ့လျှို့ဝှက်တွေ့နေလို့ဆိုပြီး ကော်မရှင်က သတိပေးခဲ့ပြီးလည်းဖြစ်ပါတယ်။

    ဒီလိုကိစ္စမျိုးတွေဆိုရင် ပါတီဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့မယ့် ပုဒ်မမျိုးအထိ ကော်မရှင်က သတိပေးတတ်ပါတယ်။

    တကယ်တော့ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့မညီလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ NLD ပါတီကနေ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာသက်သက်ခိုင်အနေနဲ့ ဒီသတိပေးချက်တွေက ခံပြင်းစရာကောင်းနေမယ်လို့ သူနဲ့ နီးစပ်သူတွေက ရှုမြင်ကြပါတယ်။

    NLD ပါတီကနုတ်ထွက်ပြီးတဲ့နောက် ၂၀၁၉ နိုဝင်ဘာမှာလုပ်တဲ့ ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ဒေါ်သက်သက်ခိုင်က အခုလိုပြောခဲ့ပါတယ်။

    ” ဒီမိုကရေစီနဲ့မညီတဲ့ ကန့်သတ်မှုတွေ ကျွန်မကိုလုပ်တယ်၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ အခွင့်အရေးကို ကန့်သတ်ဖို့ကြိုးစားတယ်၊ ၂၀၂၀ (ရွေးကောက်ပွဲ)မှာလည်း ကျွန်မကို ထည့်တော့မှာမဟုတ်ဘူး ဆိုတဲ့အခါကျတော့ ကျွန်မ အန်အယ်ဒီက နုတ်ထွက်တာဖြစ်ပါတယ်ရှင့်”

    ရွှေရောင်နေ့ရက်များ

    ၂၀၁၅ ရွေးကောက်ပွဲနေ့က တွေ့ရတဲ့ ဒေါ်သက်သက်ခိုင်
    ပါတီအနေနဲ့ ကော်မရှင်က ဘယ်လိုအရေးယူမလဲဆိုတာကို စောင့်ကြည့်နေရတဲ့အခြေအနေ

    ၂၀၁၅ ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးကာလတွေမှာ ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းမပေါ်က ဒေါ်သက်သက်ခိုင်ရဲ့ နေအိမ်မှာ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။

    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ရဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်မှုမှာ ဒေါ်သက်သက်ခိုင်က အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်ခဲ့ပါတယ်။

    သူ့အစ်မဖြစ်သူ တေးသံရှင်ထွန်းအိန္ဒြာဗိုကလည်း NLD အောင်နိုင်ရေးအတွက်ဝန်းရံခဲ့ပြီး အနုပညာ၊ စီးပွားရေးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေအထိ ဂုဏ်သတင်းမွှေးတဲ့ မိသားစုဖြစ်ခဲ့ပါတယ်။

    နေပြည်တော်ရောက် ဒဂုံအမတ်ဟာ တခြားအမတ်တွေနည်းတူ စည်ပင်ရိပ်သာမှာ နေထိုင်ခဲ့ပေမဲ့ သူ့ရဲ့ကြွယ်ဝမှု အရှိန်အဝါကြောင့် ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။

    ဒေါ်သက်သက်ခိုင်မိသားစုပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၁၈၅ သန်းအထိစျေးတွက်ထားတဲ့ ရန်ကုန်မြို့ ဆရာစံလမ်းပေါ်က 68 Residence ဇိမ်ခံကွန်ဒိုဆောက်လုပ်ရေးဟာ NLD ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အထပ်မြင့်မူဝါဒတွေကြောင့် နှောင့်နှေးခဲ့ရပါတယ်။

    “အဓိကက လူနေထိုင်ခွင့်မချပေးခဲ့တာပေါ့၊ ဝယ်ထားတဲ့သူတွေလည်းနေမရဘူး၊ ပိုက်ဆံတွေဆက်မသွင်းကြတာတွေလည်းရှိတယ်။ လုပ်ငန်းတွေကမလည်၊ ဘဏ်တိုးတွေက တက်နေရော” လို့ ဒေါ်သက်သက်ခိုင်မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

    အဲဒီနောက် ပါတီနဲ့အစိုးရတွင်း ဆောင်ရွက်ချက်တွေအပေါ် လုပ်ငန်းရှင်အမတ်အနေနဲ့ မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။

    ပါတီကသူ့ကိုသတိပေးစာတွေထုတ်ပြီး နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်ပါ အမတ်လောင်းစာရင်းကနေ ဖယ်ထုတ်ဖို့အထိ တင်းမာခဲ့ကြပါတယ်။

    ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဒေါ်သက်သက်ခိုင်က ပါတီကနုတ်ထွက်ခဲ့ပြီး NLD နဲ့ ရွှေရောင်နေ့ရက်တွေကုန်ဆုံးသွားခဲ့ပါတယ်။

    အနီမှ အပြာသို့

    ၂၀၁၅ ရွေးကောက်ပွဲနေ့က တွေ့ရတဲ့ ဒေါ်သက်သက်ခိုင်

    NLD ကနေ ခွဲထွက်ပြီး ပါတီထောင်တာ ဒေါ်သက်သက်ခိုင်ကပထမဆုံးမဟုတ်ပေမဲ့ သူထောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကို လူစိတ်ဝင်စားမှုများခဲ့ပါတယ်။

    ဒါပေမဲ့ NLD ကထွက်ပြီ ပါတီထောင်ခဲ့ကြတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ၂၀၁၀ ရွေးကောက်ပွဲမှာရခဲ့တဲ့ အောင်မြင်မှုမျိုးတောင် PPP က မရခဲ့ပါဘူး။

    လုပ်ငန်းရှင်တွေ၊ လူငယ်နဲ့တတ်သိပညာရှင်တွေ အခြေပြုဖွဲ့စည်းတဲ့ အပြာရောင်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ပြိုင်ဘက်ဖြစ်မလာဘဲ အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားတွေ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေထဲမှာ ဒေါ်သက်သက်ခိုင်လည်းအပါအဝင်ဖြစ်ပြီး အဲဒါကြောင့်ပဲ ဝေဖန်ခံခဲ့ရပါတယ်။

    ဒါပေမဲ့ ၂၀၂၁ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့မှာ ဝန်ကြီးတစ်နေရာ ရယူပြီးတဲ့နောက် ဒေါ်သက်သက်ခိုင်ရဲ့ နိုင်ငံရေးသမားဘဝမှာ မုန်တိုင်းအထန်ဆုံးအချိန်တွေ ဖြစ်လာပါတယ်။

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ အဲဒီနောက်ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးနေရာတွေကို တာဝန်ယူခဲ့တဲ့ ဒေါ်သက်သက်ခိုင်ဟာ အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူ၊ အဖွဲ့အစည်းတွေရဲ့ ရှုတ်ချတိုက်ခိုက်မှုနဲ့ လူမှုရေးပြစ်ဒဏ်ချမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

    ဘုရားပြီး ငြမ်းဖျက်သလား

    ၂၀၂၁ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့မှာ ဝန်ကြီးတစ်နေရာ ရယူ

    ထူးခြားတာတစ်ခုက NLD က ခွဲထွက်သွားကြတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်နဲ့ ဒေါ်သက်သက်ခိုင်တို့ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းအစိုးရလမ်းကြောင်းမှာ ပါခဲ့ကြပါတယ်။

    ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်မှာတော့ NDF ပါတီ ဖျက်သိမ်းခံရသလို ဒေါ်သက်သက်ခိုင်လည်း ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံရပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေအရလုပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ နိုင်ငံရေးအရ မေးခွန်းထုတ်စရာတွေရှိခဲ့ပါတယ်။

    ဒေါ်သက်သက်ခိုင်ပိတ်ပင်ခံရမှုမှာ ကမ္ဘောဇဘဏ်ကယူထားတဲ့ ကြွေးမြီတွေက အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။

    ကြွေးမြီအတိအကျကို မထုတ်ပြန်ခဲ့ကြပေမဲ့ အယူခံအောင်မြင်ဖို့အတွက် ကျပ် သိန်းငါးသောင်းကို ကြွေးမြီတစ်စိတ်တစ်ပိုင်းအဖြစ် ဆပ်ခဲ့တာက ပမာဏကြီးမားမှုကို တိုင်းတာနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်ခွင့်ပြန်ရဖို့ ကြွေးတချို့ဆပ်ပြီး အယူခံခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် ၂၀၂၀ တုန်းကအရှုံးကို ပြန်ချေပခွင့်မရခဲ့ပါဘူး။

    ရွေးကောက်ပွဲမပြိုင်ရတဲ့ ပါတီခေါင်းဆောင်ဟာ သံရုံးတစ်ခုနဲ့တွေ့ခဲ့တဲ့အတွက် ကော်မရှင်ကဘယ်လိုအရေးယူမလဲဆိုတာကို စောင့်ဆိုင်းနေရပါတယ်။

    အပြာရောင်ပါတီဟာ ရွေးကောက်ပွဲအကြိုကာလတွေတုန်းကထားခဲ့ကြတဲ့ အောင်နိုင်ရေး မျှော်လင့်ချက်တွေဟာ ပါတီခေါင်းဆောင်အရေးယူခံရမယ့် စိုးရိမ်ချက်တွေနဲ့ ရောထွေးနေပါတယ်။

    အနိမ့်အမြင့်အတက်အကျ

    ဒေါ်သက်သက်ခိုင်မိသားစုပိုင်တဲ့ 68 Residence ကွန်ဒို

    မြန်မာနိုင်ငံရဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်ခိုင်နဲ့ပတ်သက်ရင် စီးပွားရေးမှာရော နိုင်ငံရေးမှာပါ ပြောစရာများပါတယ်။

    အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ပေမဲ့ ကျပ်ဘီလျံချီတဲ့ အကြွေးတွေလည်းရှိနေပါတယ်။

    “ဘယ်သူဌေးမှ အကြွေးနဲ့မကင်းပါဘူး” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ပတ်သက်ရင်တော့ အငြင်းပွားစရာတွေရှိပါတယ်။

    NLDနဲ့ လမ်းခွဲပြီး ပါတီပြောင်းထောင်တာကိုနားလည်ပေးကြသူတချို့ရှိပေမယ့် အာဏာသိမ်းစစ်အစိုးရရဲ့ အစိုးရအဖွဲ့ထဲ ဝန်ကြီးနေရာကိုရယူပြီးနောက်မှာတော့ နိုင်ငံရေးရပ်တည်ချက်နဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပါတယ်။

    လူမှုရေးပြစ်ဒဏ်သာမက စီးပွားရေးလုပ်ငန်းတွေပါ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။

    “ဝန်ကြီးရာထူးလက်ခံလိုက်ကတည်းက ရွှေနန်းတော်က ရောင်းအားတော်တော်ကျသွားတာ” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

    ၂၀၂၁ ဇူလိုင်မှာ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

    မြန်မာနိုင်ငံက နာမည်ကြီးသရုပ်ဆောင်တွေနဲ့ကြော်ငြာတွေရိုက်ပြီး နှစ်ပေါင်းများစွာပရိသတ်ရဲ့အားပေးလက်ခံမှုကိုရခဲ့တဲ့ ရတနာဆိုင်မှာဖြစ်ခဲ့တာပါ။

    အဲဒီပေါက်ကွဲမှုမတိုင်ခင် ဇွန်လကလည်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်က ဒေါ်သက်သက်ခိုင်မိသားစုပိုင်တဲ့ 68 Residence ကွန်ဒိုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသေးတယ်။

    ဓမ္မစေတီလမ်းက ဖြတ်သန်းသွားသူတွေငေးကြည့်ရတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ခြံဝန်းဟာလည်း သံဆူးကြိုးတွေနဲ့ လုံခြုံရေးမြှင့်လိုက်ရပါတယ်။

    အဲဒီကာလတွေမှာ ဒေါ်သက်သက်ခိုင်ကတော့ နေပြည်တော်မှာပဲအနေများပြီး လူကယ်ပြန်ဝန်ကြီးကနေ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့ခန့်အပ်ခံရပါတယ်။

    ဒါပေမဲ့ ၂၀၂၅ နှစ်ဦးပိုင်းမှာ ဝန်ကြီးရာထူးကနေ အနားပေးခံလိုက်ရပေမဲ့ ရွေးကောက်ပွဲအတွက် ပါတီကိုဦးဆောင်ဖို့အတွက် အနားပေးလိုက်တာလို့ ဒေါ်သက်သက်ခိုင်က ယုံကြည်ခဲ့ပါတယ်။

    ဒေါ်သက်သက်ခိုင်က ယုံကြည်မှုလွန်ကဲတယ် လို့ မိတ်ဆွေတစ်ဦးကပြော

    ဒေါ်သက်သက်ခိုင် ယုံကြည်ရာပြောသလား

    ဒေါ်သက်သက်ခိုင်ရဲ့ နိုင်ငံရေးခရီးလမ်းကြမ်းတမ်းရတာဟာ သူ့ရဲ့ ယုံကြည်မှု လွန်ကဲမှုကြောင့် လို့ PPP ဥက္ကဋ္ဌရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။

    တကယ်လည်း ဒေါ်သက်သက်ခိုင်ဟာ ပွဲဆူစေမယ့် စကားတချို့ကို ပြောခဲ့သူပါ။

    NLD ပါတီကထွက်ရစဥ်က သူ့ပြောဆိုချက်တွေကို ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက သဘောမကျတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

    အစိုးရအဖွဲ့မှာဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်တွေကို ရည်ညွှန်းတဲ့ တစ်ယောက်ထဲ တစ်ကွင်းလုံးပတ်ကစားနေတယ် ဆိုတဲ့ သုံးသပ်ချက်မျိုးပါ။

    ပြီးခဲ့တဲ့လပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အစိုးရတစ်ရပ်ဖြစ်ခဲ့ချိန်က အကျင့်ပျက်လာဘ်စားမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး စစ်ဆေးပေါ်ပေါက်လို့ ပြစ်ဒဏ်ကျခံနေရတာလို့ ဒေါ်သက်သက်ခိုင်က ပြောခဲ့ပါသေးတယ်။

    ” နိုင်ငံတကာကတော့ နိုင်ငံရေးအကျဥ်းသားလို့ နာမည်တပ်တာပေါ့နော်။ သို့သော်လည်း တကယ်တမ်း ပုဒ်မတွေကတော့ နိုင်ငံရေးပုဒ်မတွေ မဟုတ်ပါဘူးရှင့်။ အစိုးရတစ်ရပ် ဖြစ်ဖူးတဲ့အချိန်မှာ အကျင့်ပျက်လာဘ်စားမှု ပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်”လို့ မီဒီယာအင်တာဗျူးတစ်ခုမှာ သူက ပြောခဲ့ပါတယ်။

    ဒါ့အပြင် ဒီရွေးကောက်ပွဲကာလမှာလည်း ကြံ့ခိုင်ရေးပါတီဟာ state sponsor (နိုင်ငံတော်အထောက်အပံ့နဲ့) နဲ့ထောင်တဲ့ပါတီဖြစ်လို့ တခြားပါတီတွေထက်သာတယ်လို့ ပြောခဲ့လို့ ကြံ့ခိုင်ရေးပါတီ၀င်တွေက မကျေနပ်ခဲ့ကြပါဘူး။

    တပ်မတော်အစိုးရတစ်ရပ်ကလုပ်ပေးတဲ့ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအစိုးရတစ်ရပ်ကလုပ်ပေးတဲ့ရွေးကောက်ပွဲထက် ပိုပြီးယုံကြည်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။

    ဒါပေမဲ့ နောက်ပိုင်းမှာလေသံပြောင်းသွားပါတယ်။

    “ကျွန်မတို့ပါတီတွေက အာဏာရအစိုးရနဲ့ပြိုင်ရသလို ဖြစ်သွားတယ်” လို့ သူကပြောပါတယ်။

    “တပ်က လက်ရှိလည်းအုပ်ချုပ်နေတယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်းဖွဲ့တယ်။ ရွေးကောက်ပွဲဥပဒေတွေလည်းဆွဲတယ်။ ကိုယ်က ဒိုင်လူကြီးလည်းလုပ်နေတယ်၊ ကိုယ့်လူတွေကိုလည်း အင်အားကြီးပါတီတစ်ခုကိုပို့ပြီးဝင်လည်းပြိုင်တယ်…ဆိုတော့ မေးခွန်းထုတ်စရာဖြစ်သွားတယ်” စတဲ့ ပြောဆိုချက်တွေကိုလည်း ဆက်တိုက်ပြောခဲ့ပါတယ်။

    ဒီလို ပြောဆိုမှုတွေကို ရွေးကောက်ပွဲကော်မရှင်ကလည်း သည်းမခံခဲ့ပါဘူး။ ဒေါ်သက်သက်ခိုင် ခံဝန်ထိုးထားရတယ်လို့ ပါတီဝင်တစ်ဦးကပြောပါတယ်။

    နောက်ဆုံးဖြစ်စဥ်ဖြစ်တဲ့ ယူကေသံရုံးနဲ့တွေ့ဆုံမှုအတွက်လည်း အရေးယူခံရဖို့ စောင့်ဆိုင်းနေရပါတယ်။

    စစ်တပ်ကိုရော အာဏာရပါတီ (NLD)ကိုပါ သူယုံကြည်ရာတွေ ပြောခဲ့လုပ်ခဲ့တဲ့ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးရဲ့ နိုင်ငံရေးလက်ကျန်ခရီးက ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

  • မြင်းခြံပသစသတင်း

    မြင်းခြံပသစသတင်း

    PDF လူငယ်လေး နှစ်ယောက်ကို

    အရှင်လတ်လတ် မီးမြှိုက် သ-က်ဖြတ် ခဲ့တဲ့

    သီတာယုမွန်ကို လက်စားချေချင်သော အားဖြင့်

    ယခုဖမ်းမိထားတဲ့ အန်တီသီတာ့ ယောကျာ်းဖြစ်သူ

    စိန်လွင် ကို ရှင်းလိုက်မည်ဆိုပါက

    ကျပ် သိန်း ၅၀၀ ဆုချီးမြှင့်မည်ဟု ပြည်သူတစ်ဦးက

    ကြေညာလိုက်သည်။

    အန်တီသီတာဘက်ကလည်း

    အဆိုပါ စိန်လွင်နှင့် ကွာရှင်းပြတ်ဆဲထားတာကြာပြီ

    ဖြစ်ကြောင်း ၊ စိန်လွင်က အန်တီသီတာ၏ ဒုတိယလင်ဖြစ်ကြောင်း၊

    ပထမလင်နှင့်ကွဲကာ စိန်လွင်နှင့် ယူခဲ့ကြောင်း၊

    ယူပြီးမှ စိန်လွင်ဟာ မိန်းမတအားရှုပ်တာ သိရကြောင်း၊

    ထို့ကြောင့် ရှင်းလိုက်လျှင်လည်းဝမ်းသာမည်ဖြစ်ကြောင်း

    လူမှုကွန်ယက်မှတဆင့် ပြန်လည်ချေပထားသည်။

    အလားတူ ထိုင်းရောက်နေတဲ့ ယခင် လင်ကြီးနဲ့ရထားတဲ့

    သီတာယုမွန်သမီး အကြီးမ ယွန်းယုလွင်ဦးကို

    နေရာပြောင်းခိုင်းနေပြီး ထိုင်းရောက်မြန်မာပြည်သူများကလည်း

    အသည်းသန်လိုက်လံ ရှာဖွေနေကြကြောင်းသိရသည်။

    အန်တီသီတာယုမွန်ရဲ့ အသက်တမျှချစ်ရသော

    ယွန်းယုလွင်ဦး တစ်ယောက် ထိုင်းကနေအမြန်ဆူံး

    ထွက်ပြေးလွတ်မြောက်နိုင်ပါစေ။

    Nay Min Thar