Author: Baby Yit Lone
-

တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးအရေးယူ
တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားကျူးလွန်ထားလို့ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေး PDF ထုတ်ပြန် စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူးကိုနိုင်ကြီးတို့ဟာတန်ဖိုးကြီးတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ စည်းကမ်းချိုးဖောက်ထုတ်ယူပြီး ပြန်မအပ်သေး၍ဖြစ်ဟု ရှင်းလင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို သာမန်စည်းကမ်းဖောက်ဖျက်မှုမဟုတ်တဲ့ ကြီးမားတဲ့ ပြစ်မှု အမျိုးအစား ကျူးလွန်ထားတာကြောင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေး PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ သူတို့ နှစ်ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကိုတပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့တာကြောင့် အပြစ်ရှိကြောင်း၊ ပြစ်ဒဏ်ခံရယူရမှာဖြစ်ကြောင်း ကာယကံရှင်တွေကိုယ်တိုင် ပါဝင်တဲ့ ၂၀၂၅ ဩဂုတ်လ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်ဘဏ္ဍာပစ္စည်းတွေကိုတပ်ထံသို့ အမြန်ဆုံး…
-

ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာပြည်သူများ ပါဝင်နိုင်စေမည့် အခြေ အနေမရှိ၍ ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု လိုက်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော အကြိမ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက မဲမခွဲဘဲ…
-

Crazy Crying Lady
Crazy Crying Lady (2012) ဒီ ဇာတ်ကားကတော့ မည်သည့်ကိစ္စမဆို ချက်ချင်း ငိုချတတ်သောကြောင့် “အငိုသန် သခင်မ ဟို” လို့ အမည်တွင်တဲ့ “ဟိုဂ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝရုန်းကန်မှုတွေကို ဖော်ကျူးထားတဲ့ကားလေးပါပဲ။ “ဟို” ဟာ ရော့ခ်ဂီတသမား ဘွိင် နဲ့ ချစ်သူဖြစ်နေတာပါ။ သူတို့အတွဲလေးဟာ ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ရာကနေ တနေ့မှာတော့ “ဟို”ကို ကျန်းမာရေး စစ်ဆေးကြည့်ရာ သားသမီးမရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ သားအိမ်ပြဿနာအကြောင်း ရုတ်တရတ် သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ သူ့ရဲ့ ဘဝဟာလည်း အပြောင်းအလဲကြီး ဖြစ်လာခဲ့ပါတော့တယ်။ ငယ်ငယ်လေးကတည်းက သားသမီးလိုချင်လှတဲ့ “ဟို”အတွက်တော့ ဒီပြဿနာဟာ အိပ်မက်ဆိုးကြီးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် အချိန်မီ မိခင်တစ်ဦး ဖြစ်လာဖို့အရေး ဘဝလက်တွဲဖော် အမြန်ဆုံး ရှာဖို့ ဖြစ်လာပါတော့တယ်။…
-

No Other Choice
No Other Choice (2025) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ IMDb 7.9/10 အထိ ရရှိထားပြီး ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆုပေါင်းများစွာကို သိမ်းယူနေတဲ့ ရုပ်ရှင်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ။ Donald E. Westlake ရဲ့ နာမည်ကြီး Mystery, Thriller ဝတ္ထုဖြစ်တဲ့ “The Ax” ဝတ္ထုကိုအခြေခံရိုက်ထားတဲ့ ဒီကားလေးကိုတော့ Old Boy၊ The Handmaiden စတဲ့ နာမည်ကြီးလက်ရာများကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Park Chan Wook က ရိုက်ကူးထားပြီး Cast တွေအနေနဲ့လည်း ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြတဲ့ Lee Byung-Hun၊ Son Ye-Jin၊ Cha Seung-Won တို့အပြင် Park Hee-Soon၊ Lee Sung-Min၊…
-

Run
Run (2025) ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ Run (2025) ဟာ လက်ရှိကမ္ဘာကြီးရဲ့ အကြီးမားဆုံးသော လူမှုရေး ပြဿနာတစ်ရပ်ဖြစ်တဲ့ ရွှေ့ပြောင်းအခြေချသူများ အရေးအခင်းကို တိုက်ရိုက်ပုံဖော်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ မြေထဲပင်လယ်ကို အသက်စွန့်ပြီး ဖြတ်သန်းလာခဲ့ကြတဲ့ အာဖရိကမှ ရွှေ့ပြောင်းလာသူများ အဖွဲ့တစ်ဖွဲ့ဟာ အီတလီကမ်းခြေမြို့ငယ်လေး တစ်ခုဆီကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ရမယ့် ခရီးသစ်ဟာ စတင်ခဲ့ပါပြီ။ ဒီရွှေ့ပြောင်းလာမှုကြောင့် အပန်းဖြေနေတဲ့ ဧည့်သည်တွေနဲ့ သာမန်ဒေသခံတွေရဲ့ ငြိမ်းချမ်းနေတဲ့ဘဝတွေဟာ ချက်ချင်းဆိုသလို စိန်ခေါ်မှုများနဲ့ ရှုပ်ထွေးမှုတွေထဲကို ကျရောက်သွားပါတယ်။ ရုပ်ရှင်ဟာ ဒိအခြေအနေကို ကိုင်တွယ်ဖို့ ကြိုးစားနေရတဲ့ ရဲအရာရှိတွေ၊ ကြီးမားလှတဲ့ ဗျူရိုကရေစီ ယန္တရားကြီးရဲ့ အချည်းနှီးဖြစ်မှုတွေ အစိုးရစနစ်ထဲက အဂတိလိုက်စားမှုတွေနဲ့ ရွှေ့ပြောင်းသူတွေကို…