No Other Choice

No Other Choice

No Other Choice (2025)

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ IMDb 7.9/10 အထိ ရရှိထားပြီး ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆုပေါင်းများစွာကို သိမ်းယူနေတဲ့ ရုပ်ရှင်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ။

Donald E. Westlake ရဲ့ နာမည်ကြီး Mystery, Thriller ဝတ္ထုဖြစ်တဲ့ “The Ax” ဝတ္ထုကိုအခြေခံရိုက်ထားတဲ့ ဒီကားလေးကိုတော့ Old Boy၊ The Handmaiden စတဲ့ နာမည်ကြီးလက်ရာများကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Park Chan Wook က ရိုက်ကူးထားပြီး Cast တွေအနေနဲ့လည်း ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြတဲ့ Lee Byung-Hun၊ Son Ye-Jin၊ Cha Seung-Won တို့အပြင် Park Hee-Soon၊ Lee Sung-Min၊ Yum Hye-Ran စတဲ့ ပရိသတ်ကြီးတို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း ~

ဂရုစိုက်တဲ့ဇနီးသည်၊ ကလေးနှစ်ယောက်၊ ခွေးနှစ်ကောင်နဲ့ ခက်ခက်ခဲခဲ ဝယ်ခဲ့ရတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ယူမန်ဆူ (Lee Byung-Hun) ရဲ့ ဘဝဟာ ၂၅ နှစ်ကျော် အလုပ်လုပ်လာခဲ့တဲ့ စက္ကူကုမ္ပဏီကနေ ရုတ်တရက် အလုပ်ပြုတ်သွားပြီးနောက်မှာတော့ ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။

အချိန်အတော်ကြာ အလုပ်ပြန်မဝင်နိုင်တာကြောင့် ငယ်ဘဝရဲ့အမှတ်တရတွေရှိနေတဲ့ အိမ်ကိုလည်းရောင်းရတော့မလို အခြေအနေဖြစ်သွားပြီး မိသားစုဝင်တွေကိုလည်း ကျွေးမွေးဖို့တာဝန်ရှိတဲ့ မန်ဆူတစ်ယောက် အလုပ်ပြန်ရဖို့ရန်အတွက် အနှောက်အယှက်တစ်ခုလိုဖြစ်နေတဲ့ လူတွေကို ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်မှာတော့…..

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *