Author: Baby Yit Lone

  • မိသီတာရဲ့ ကူလီကူမာကွက်တွေ ဖော်ပြီဟေ့

    မိသီတာရဲ့ ကူလီကူမာကွက်တွေ ဖော်ပြီဟေ့

    သီတာယုမွန်က စိန်လွင်ဟာ သူ့ယောက်ျားမဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်က ကွာရှင်းထားတာလို့ပြောတာဟာလိမ်တာဖြစ်တယ်။ အခု မြင်းခြံခရိုင် တပ်ရင်း ၃ ကဖမ်းထားတာဟာ သူနဲ့ဘာမှမဆိုင်တဲ့လူဖြစ်တယ်၊ ဒါကြောင့်သူကိုဘာမှမသက်ရောက်ဘူးဆိုတဲ့ ပုံစံချိုးပြတာဖြစ်တယ်။ နောက်ပြီး သူယောက်ျားကိုဖမ်းထားတာ PDF တွေဖြစ်တဲ့အတွက် သူနဲ့မသက်ဆိုင်ဘူးလို့ပြောခြင်းအားဖြင့် သူ့ယောက်ျားသက်သာရာရနိုင်တယ်လို့သူယူဆတယ်။ စိန်လွင့်ကို ဖမ်းသွားတာ အကြမ်းဖက်စစ်တပ်ဆိုရင် ဒါကျွန်မယောက်ျားပါဆိုပြီးလိုက်ကယ်ထုတ်မှာဖြစ်တယ်။ သီတာယုလွင်ဟာ တချိန်က ကေတီဗီမှာ အခကြေးငွေပေးပြီး တညတာပျော်ပါးဖို့ခေါ်လို့ရတဲ့သူလို့သိရတယ်။ သူတို့လိုလမ်းဘေးမှာရှင်သန်ကြီးပြင်းခဲ့သူတွေက လူကျောနပ်တယ်၊ လူရည်လယ်တယ်။ဉာဏ်နီဉာဏ်နက်များတယ်၊ ကလိမ်ကကျစ်ကျတယ်၊ ဗြောင်လိမ်ဗြောင်စားလုပ်ကြတယ်။ အဲ့ဒါလမ်းဘေးနေလူတန်းစားရဲ့သဘောသဘာဝဖြစ်တယ်။ အဲ့ဒါကြောင့် ဒီအမျိုးသမီးက ဒီပုံစံဖြစ်နေတာဖြစ်တယ်။ သူ့ယောက်ျားပျောက်သွားစဉ်က ပြာယာခတ်ပြီးKTV အစုံလိုက်ရှာတဲ့မိန်းမက ၊ သူယောက်ျားဘယ်မှာရှိနေတယ်၊ အန္တရယ်ကင်းတယ်လဲသိသွားရော လေသံပြောင်းသွားတာဖြစ်တယ်။ စိန်လွင်ကိုယ်တိုင်က သူဟာသီတာယုမွန်ရဲ့ လက်ရှိယောက်ျားပါ၊ တအိမ်ထဲနေတယ် လို့ထွက်ဆိုထားတယ်။ နောက်ပြီးသီတာယုမွန်တို့လို အလေအလွင့်၊ ကလိမ်ကကျစ်တွေဟာ သူတို့ကိုယ်တိုင်…

  • မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့

    မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့

    မကွေးတိုင်း မင်းဘူးမြို့နယ် မုန်တောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့က(ဇန်နဝါရီ ၁၆ ရက်) မနက် အစောပိုင်းက မုန်တောင်ရွာရဲစခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ “စခန်းမှူးဒဏ်ရာရတယ်။ နောက်ရဲတချို့လည်းကျည်ထိတယ်။ ပြေးကြတာ။ စကုဆေးရုံရောက်သွားတယ်။ မိတဲ့သူ မရှိဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ မုန်တောင် စခန်းကို သိမ်းပိုက်ပြီး နောက် မီးရှို့ရှင်းလင်းခဲ့တယ်လို့ သူက အသိပေးပါတယ်။ စခန်းကနေ စစ်ဘက်အသုံးအဆောင်ပစ္စည်း တချို့ သိမ်း ရခဲ့တယ်လို့ ဆိုပါတယ်။ မုန်တောင်ရွာဟာမင်းဘူးမြို့ရဲ့တောင်ဘက်ခြမ်းနဲ့ ဆားပွက်ချောင်းဘေးမှာရှိပါတယ်။လက်ရှိမှာ မုန်တောင်ရွာကိုဦးတည်ပြီး စစ်တပ်က မင်းတုန်းမြို့ကနေစစ်ကူတချို့ ပို့နေတယ်လို့ သိရပါတယ်။ မကွေးတိုင်းထဲက မကွေးခရိုင်၊ သရက်ခရိုင်၊ပခုက္ကူခရိုင်၊မင်းဘူးခရိုင် နဲ့ ဂန့်ဂေါခရိုင် တွေမှာ ရှိတဲ့စစ်တပ်ကင်းစခန်း၊ဂိတ်စခန်းတွေ ကို ကာကွယ်ရေးတပ်တွေက…

  • ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့  ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့ ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော စစ်ကော်မရှင်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်မှ တိုက်ခိုက်ရာကနေ တိုက်ပွဲဆက်လက် ပြင်းထန်နေသည်ဟု သတင်းရရှိသည်။ “သိုင်းချောင်းပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးကာနေရာယူလာတဲ့စစ်ကြောင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်‌တာပါ။တိုက်ပွဲပြင်းထန်နေပါတယ်။စစ်တပ်ကအင်အား ၁၅၀ လောက်ရှိမယ်ထင်ပါတယ်။ မနေ့ကဇန်နဝါရီ ၁၆ ရက်နေ့မှာဖြစ်နေတာပါ။ စစ်တပ်ဘက်က မရှုမလှ ဖြစ်နေတဲ့ အနေထားလို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းစစ်ကြောင်းသည် ကျောက်ဖြူမြို့နယ် အမှတ်(၃၂)ရဲတပ်ရင်းမှ ထွက်လာသောစုပေါင်း စစ်ကြောင်းဖြစ်ပြီး ဒရုန်းပစ်ကူ၊လက်နက်ကြီးပစ်ကူများဖြင့်သိုင်းချောင်းဘက်သို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။ “သူတို့ကတော့ စစ်ကြောင်းတစ်ခုထိုးမယ်ဆိုရင် အခုက ဒရုန်းတွေနဲ့ရော၊ မြေပြင်ကရော လက်နက်ကြီးတွေနဲ့ သူတို့ စစ်ကြောင်းထိုးမယ့် နေရာတွေကို ပစ်တယ်။ ပီးရင်နေဗီကလည်းလက်နက်ကြီးတွေနဲ့ ပစ်တယ်။ အေအေဘက်ကတော့ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ရင် ရှိနေတဲ့ နေရာက ရှောင်ပေးတာပေါ့။ လေယာဉ်လာရင်လည်း…

  • အရေခြုံအချစ်

    အရေခြုံအချစ်

    ဖိုးတုတ်က မနီကို လုလင်ပြန်ချိန်အကြောင်း ရှင်းပြနေ၏။ လူငယ်သလောက် ဗဟုသုတကြွယ်သော ဖိုးတုတ်ကို မနီ အံ့သြနေသည်။ သူမပင် ဒီဝေါဟာရတွေ မသိတော့။ ငယ်ငယ်ကတော့ ကြားဖူးသလိုရှိ၏။ ဘာအဓိပ္ပာယ်မှန်းတော့ မသိ။ ဖိုးတုတ်က ဆက်ပြောသည်။ “ ရှေးမြန်မာမင်းတွေ လက်ထက်က တောက လူပျို ကာလသားတွေဟာ နေပြည်တော်ကြီးနဲ့ဝေးတော့ ရွှေဗဟိုရ် စည်သံတွေ မကြားရဘူးပေါ့ မမရာ။ ဒီတော့ ရွာလည်ရင် အခုလို ရွှေဗဟိုရ်ကြက်တွန်သံနဲ့ လည်ကြရတာတဲ့ ” “ ရွာလည်တယ်ဆိုတာက ဘာလဲဟင် ” မနီက တကယ်ပင်မသိ၍ စိတ်ဝင်တစား မေးလိုက်သည်။ “ ရွာလည်တယ်ဆိုတာ လူပျိုကာလသားတွေက အပျိုကညာမယ်တွေဆီ ပိုးဖို့ပန်းဖို့ လည်ပတ်သွားလာတာကို ပြောတာ။ အိမ်ထောင်ဖက်ရွေးဖို့ ရည်စားရှာတာလေ။ သူတို့ လူပျိုလှည့်တဲ့ အချိန်က…

  • ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု မုဒိမ်းမှုများစွာ ကျူးလွန်ထားသော ပျူစောထီးခေါင်းဆောင် လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာပျူစောထီးများခြင်းခတ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် ငလင်း (ခ)လင်းထင်အပါအဝင် ၁၀ ဦးသေဆုံးပြီး ပျူခေါင်းဆောင် ငလင်း(ခ) လင်း ထင် မှာ မိန်းကလေးငယ်များကို ဖမ်းဆီးပြီး အချုပ်ခန်းအတွင်း မုဒိမ်းကျင့်နေသူဖြစ် ကြောင်း ရေစ ကြိုပကဖမှ တာဝန်ရှိသူက ပြောကြားသည်။ ဇန်နဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ရေစကြို -ပခုက္ကူကားလမ်း ဘေး ဆင်ချောင်းပျူရွာ၌ ခြင်းခတ်နေသည့် ပျူစောထီးအဖွဲ့ကို ရေစကြို…