Author: Baby Yit Lone

  • ဒုချုပ် စိုးဝင်းကို မင်းအောင်လှိုင် နှုတ်ဆက်ပြီလား

    ဒုချုပ် စိုးဝင်းကို မင်းအောင်လှိုင် နှုတ်ဆက်ပြီလား

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း သူနဲ့အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ကျေးဇူးတင်ကြောင်း မနေ့က မတ် ၁၃ ရက်မှာ နေပြည်တော်ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့မှုကို စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

    ၂၀၁၁ ခုနှစ်၊ မတ် ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း တပ်ချုပ်တာဝန်ကို ထမ်းဆောင်ချိန် စစ်တပ်ကို ခေတ်မီတပ်မတော်ဖြစ်လာအောင် လုပ်ဆောင်ခဲ့မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားမှုတွေကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ချိန် ဒုတပ်ချုပ်စိုးဝင်းကိုလည်း ဂုဏ်ပြုစကား ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

    ဒီအခမ်းအနားကို စစ်အုပ်စုဘက်က ဒုတပ်ချုပ်စိုးဝင်းအပါအဝင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့နဲ့ စစ်အုပ်စုဘက်က အဆင့်မြင့်အရာရှိတွေနဲ့ တိုင်းစစ်ဌာနအလိုက်က စစ်တိုင်းမှူးတွေ၊ တပ်ဌာနချုပ်အလိုက် ဌာနမှူးတွေ၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေ အစုံအလင် တက်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

    စစ်ခေါင်းဆောင်က ၁၅ နှစ်တာကာလအတွင်း သူ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်လည်သုံးသပ် ဆွေးနွေးပြောဆိုခဲ့တာဟာ သူ့အနေနဲ့ တပ်ချုပ်နေရာက အနားယူဖို့ ဖြစ်နိုင်ပြီး ဒီလိုပြောကြားမှုနဲ့ အစီအစဉ်ပုံစံတွေဟာ တပ်ချုပ်ရာထူးကနေ အနားယူတော့မယ့် အခြေအနေလို့ သုံးသပ်နိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

    ဒါဟာ စစ်ခေါင်းဆောင်က လာမယ့် အစိုးရသစ်အဖွဲ့မှာ သမ္မတ ဒါမှမဟုတ် နိုင်ငံတော်အတိုင်ပင်ခံ ရာထူးနေရာကို ရယူဖို့ ပြင်ဆင်မှုတွေ ရှိလာနေတာလည်း ဖြစ်တယ်လို့ CDM လေတပ်အရာရှိတစ်ဦးကလည်း ကို ပြောပါတယ်။

    “နားမယ်လို့ ထင်ရပါတယ်။ ဒီအတိုင်းကတော့ သူက သမ္မတ၊ ဒုတပ်ချုပ်က အတိုင်ပင်ခံနေရာ ယူမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်မှာက ရာထူးတိုက်ရိုက်မရှိရင် ထိန်းချုပ်ဖို့ခက်တဲ့ အစဉ်အလာရှိတော့ အဓိက တပ်ချုပ်နေရာနဲ့ တပ်ချုပ်ကို ဘယ်လိုထိန်းမလဲဆိုတာတော့ စောင့်ကြည့်ရမယ်” လို့ MDSI အဖွဲ့ CDM လေတပ်အရာရှိတစ်ဦးက သုံးသပ်ပြောပါတယ်။

    သူ့အနေနဲ့ တပ်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ချိန် စစ်တပ်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော်၊ မျိုးချစ်တပ်မတော်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း ပြောဆိုခဲ့သလို ရေတပ်စွမ်းအားကိုလည်း ကိုယ်ပိုင်လုပ်ဆောင်နိုင်တဲ့အထိ စွမ်းဆောင်ရည် တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

    အခု မတ်လအတွင်းမှာ စစ်ခေါင်းဆောင်အနေနဲ့ အနားယူဖို့ ရှိနိုင်ပြီး စစ်တပ်ကို နောက်မျိုးဆက်သစ်တွေနဲ့ သွေးသစ်လောင်း လက်ဆင့်ကမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနိုင်သလို မင်းအောင်လှိုင်အနေနဲ့ အစိုးရအဖွဲ့သစ်အတွင်းမှာ ရာထူးနေရာတစ်ခုကို ရယူဖို့ ရှိနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း သုံးသပ်ပြောထားပါတယ်။

    လာမယ့် မတ် ၁၆ ရက်မှာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ယူဖို့ ရှိနေပြီး မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်တို့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တို့ကို စတင်ကျင်းပသွားဖို့ ရှိနေသလို လွှတ်တော်ကနေတစ်ဆင့် အစိုးရဖွဲ့ဖို့အတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

  • မြန်မာလိုရေးပေးထားတာတောင် ဘယ်လိုတွေဖတ်ပြနေတယ်မသိ

    မြန်မာလိုရေးပေးထားတာတောင် ဘယ်လိုတွေဖတ်ပြနေတယ်မသိ

    မြန်မာလိုရေးပေးထားတာတောင် ဘယ်လိုတွေဖတ်ပြနေတယ်မသိ၊ 🧐

    အောက်က ထိုင်နားထောင်နေတဲ့ လူတွေကြည့်ပီးပဲ ရယ်ချင်မိတော့တယ်။

    နဲတဲ့ ဝဋ်မဟုတ်ဘူး

    မြန်မာလိုရေးပေးထားတာတောင် စင်ပေါ်က ငနဲကလည်း

    လိပ်ပတ်လည်အောင် ဖတ်မပြတတ်ဘူး၊

    ထေ့ငေါ့ ‌ထေ့ငေါ့နဲ့၊

    အောက်က အားပေးတဲ့ သူတွေကလည်း ဘောပိ ဘောခပ်ချောင်ချောင်တွေ၊

    ကျပ်မပြည့်တဲ့ သန်းဗရူးကို လက်ခုပ်တီး အရောက်ပို့ပေးနေတာ

    ဒီကောင် ဒီကောင်မတွေ ထိပ်ဆုံးကပါတယ်။

    တစ်အုပ်စုလုံးကြည့်လိုက်ပြန်တော့လည်း မျက်နှာမှာတော့ သနပ်ခါးတွေ အဖွေးသားနဲ့၊

    အောက်ငုံ့ကြည့်တော့ ပေါင်မှာ သေးစီးကြောင်းနဲ့ ဆိုသလိုပဲ

    ယာယီသန်းဗကြီးနှင့် နင်းကျိုးနင်းပဲ့အဖွဲ့ရေ

    ဟုတ်‌တော့နေပြီ။

    ဆက်လုပ် ကြိုးစင်နီးပြီ😆

  • ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

    ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

    ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

    စစ်အာဏာသိမ်းပြီးနောက် သဘာ၀ပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်စေမည့် ယင်းစက်ရုံစီမံကိန်းကို စစ်တပ်က ပြန်လည်စတင်နေပြီဟုဆို

    ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရကြောင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

    ယနေ့ နေပြည်တော်တွင် ပြုလုပ်သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

    ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ၏ ကန့်ကွက်မှုများကြောင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွား ရေးဦးပိုင် လီမိတက်က ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော ကော့စတစ်ဆိုဒါစက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်၍ စက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း ၊ စက်ရုံအတွက် စက်များမှာယူထားပြီးဖြစ်၍ စီမံကိန်း ဖျက်သိမ်းလိုက်ရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရပြီး ငွေများ ပြန်မရခဲ့ကြောင်း ၎င်းကဆိုသည်။

    “ကျနော်တို့ စက္ကူလုပ်ဖို့ ပျော့ဖတ်လုပ်ဖို့ အထောက်အကူဖြစ်ဖို့အတွက် ကော့စတစ် ဆိုဒါစက်ရုံ ဆောက် ဖို့အတွက် ကျနော်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်က စပြီး ကြိုးစားခဲ့ပါတယ်။ အောင်လံဘက်မှာ စက်ရုံထောင်ဖို့လုပ်တာပေါ့။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ လုပ်တာ။ ပထမတော့ တော် တော်ကို အခြေအနေပေးလာတယ်။ စက်ရုံက စာချုပ်တွေ ဘာတွေ ချုပ်ပြီးပြီ။ ဒုတိယအစိုးရ(ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ) တက်လာတော့ ကန့်ကွက်တယ်။ ပထမ အစိုးရ လက်ထက်မှာကတည်း က စကန့်ကွက်ခံရတယ်။ ပထမ ဦးသိန်းစိန်အစိုးရလက်ထက်မှာတင် တစ်ဝက်လောက်ကျမှ ကျနော့်ကို ကန့်ကွက်တယ်။ လုပ်လို့ မရဘူး ဘာ၀ူးညာ၀ူးနဲ့ ဖြစ်တာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဖြစ်တယ်။ ကျနော်တို့က မျိုးစုံ ညှိနှိုင်းဆွေးနွေးတယ်။ မရဘူး။ ကန့် ကွက်မှုတွေ မျိုးစုံလုပ်တယ်။ ကဲ အဲဒါဆိုရင်လည်း တို့မလုပ်နိုင်ရင် နေရာရွှေ့ကြတာပေါ့ဆိုပြီး အဲဒီမှာ စက်တွေကမှာပြီးနေပြီ။ နောက်ဆုံးတော့ အဲဒီစက်ရုံစီမံကိန်း ဖျက်ပစ်လိုက်ရတယ်။ ဒေါ်လာ သန်း ၂၀ ဖိုးလောက် ဆုံးရှုံးသွားတယ်။ ပိုက်ဆံပြန်မရဘူး” ဟု မင်းအောင်လှိုင်က ဆိုသည်။

    စစ်တပ်က ကော့စတစ်ဆိုဒါစက်ရုံကို တည်ထောင်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဝါးဧက သန်း ၃၀၀ ကျော်ထွက်ရှိသော်လည်း ကောင်းမွန်စွာ အသုံးမချနိုင်သေးကြောင်း၊ ဝါးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းများ၊ Bamboo Cotton ခေါ် ဝါးချည်ထည်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော့စတစ်ဆိုဒါစက်ရုံကို ၂၀၁၁ ခုနှစ်ကတည်းက အောင်လံမြို့တွင် စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်အနေဖြင့် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    ဒီမိုကရေစီအစိုးရ ၂ ဆက်လက်ထက်တွင် ကန့်ကွက်ခံရမှုကြောင့် ဖျက်သိမ်းခဲ့ရသော အဆိုပါကော့စတစ်ဆိုဒါ စက်ရုံစီမံကိန်းကို ယခု စစ်အာဏာသိမ်းပြီးနောက် ပြန်လည် စတင်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

    “ အဲဒါနဲ့ ကျနော် (စက်တွေကို) စက်မှုဝန်ကြီးဌာန လွှဲလိုက်တယ်။ စက်မှုဝန်ကြီးဌာနကလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ဦးပိုင်ကို တစ်ခါ ပြန်လွှဲတယ်။ အခု ကျနော်တို့ ပြန်လုပ်တယ်။ အသစ်က ပြန်စရတယ်။ တကယ်လို့သာ အဲဒီတုန်းက စက်ရုံရှိခဲ့လို့ရှိရင် အခု ပျော့ဖတ်တွေ ဘာတွေ အများကြီးလုပ်နိုင်ပြီ။ အများကြီးရှိနေပြီ။ ကျနော်ကန့်ကွက်ခံရတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

    ကော့စတစ်ဆိုဒါ (Sodium Hydroxide) ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် ပြင်းထန်သော ဆိုးကျိုးများ သက်ရောက်စေနိုင်သည့် အလွန်အန္တရာယ်ကြီးသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။

    ကော့စတစ်ဆိုဒါ စက်ရုံက စွန့်ပစ်လိုက်သော ပြင်းထန်သည့် အယ်လ်ကာလီဓာတ်ပါဝင်သည့် ရေဆိုးများသည် မြစ်ချောင်းများအတွင်းသို့ စီးဝင်ပါက ရေ၏ PH Level ကို မြင့်တက်စေပြီး ရေနေသတ္တဝါများနှင့် ငါးများကို ချက်ချင်း သေကြေပျက်စီးစေနိုင်ကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ထောက်ပြထားသည်။

    ထို့ပြင် စက်ရုံမှထွက်သော ဓာတုအမှုန်အမွှားများနှင့် အငွေ့များသည် စက်ရုံတည်ရှိရာ နေရာမှ ပြည်သူများ၏ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး မြေဆီလွှာအတွင်းသို့ စိမ့်ဝင်ပါက စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရေရှည်ပျက်စီးစေနိုင်ကြောင်း သိရှိရသည်။

    အထူးသဖြင့် ကော့စတစ်ဆိုဒါ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည့် နည်းပညာအချို့ (ဥပမာ- Mercury Cell နည်းပညာ) သည် ပြဒါး (Mercury) ကဲ့သို့ အလွန်အဆိပ်ပြင်းသော ဒြပ်စင်များကို ပတ်ဝန်းကျင်အတွင်းသို့ ပျံ့နှံ့စေနိုင်ကြောင်း၊ ယင်းဒြပ်စင်များသည် ရေထုနှင့် မြေထုအတွင်း နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နိုင်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် အဆိုပါစက်ရုံများကို တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိကြောင်း သိရှိရသည်။

  • 📢 ခရီးသွားမယ့်သူများ သတိပြုရန် အရေးကြီးသတိပေးချက်

    📢 ခရီးသွားမယ့်သူများ သတိပြုရန် အရေးကြီးသတိပေးချက်

    ​ခရီးသွားဖို့ ပြင်ဆင်နေသူများအနေနဲ့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။

    အခုတလော လမ်းခရီးမှာ စစ်ဆေးမှုတွေ တော်တော်လေး တင်းကျပ်နေပါတယ်…။



    ✅ ခရီးစဉ် ရွေးချယ်မှု

    ခရီးထွက်ရင် ညအိပ်ရက်ကျော်တာမျိုးထက် တစ်ရက်အတွင်း အရောက်သွားနိုင်မယ့် ခရီးစဉ်မျိုး ကိုသာ ရွေးချယ်ကြဖို့ အကြံပြုပါရစေ။

    ✅ ယာဉ်အမှတ်နှင့် ရက်သတ်မှတ်ချက်



    စုံကား (နံပါတ်အဆုံးစာလုံး စုံဂဏန်း) များသည် စုံရက် တွင် ထွက်ရန်။

    မကား (နံပါတ်အဆုံးစာလုံး မဂဏန်း) များသည် မရက် တွင် ထွက်ရန်။

    📍 လက်ရှိအခြေအနေ

    အခု ချောင်းသာဘက်ကို သွားမယ့်လမ်းကြောင်းဖြစ်တဲ့ ကျောင်းကုန်း နှင့် ပုသိမ် ဘက်မှာ အဖွဲ့စုံနဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပါတယ်။

    မိမိတို့ရဲ့ ခရီးစဉ် အဆင်ပြေချောမွေ့စေဖို့နဲ့ မလိုလားအပ်တဲ့ အခက်အခဲတွေမဖြစ်အောင် စနစ်တကျ ပြင်ဆင်သွားကြပါခင်ဗျာ။

  • ဓာတ်တိုင်များတွင် သွယ်ထားသည့် ဝိုင်ဖိုင်ကြိုးများကို လျှပ်စစ်ဌာနက ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီး

    ဓာတ်တိုင်များတွင် သွယ်ထားသည့် ဝိုင်ဖိုင်ကြိုးများကို လျှပ်စစ်ဌာနက ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီး

    လတ်တလော ရန်ကုန်မြို့နယ်တွေမှာ EPC ရဲ့ ဓာတ်တိုင်တွေပေါ် တရားမဝင် သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချနေပါတယ်။

    ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီးဓာတ်တိုင်တွေကို အသုံးပြုပြီး သွယ်တန်းထားတဲ့ ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ဓားတွေနဲ့ ခုတ်ဖြတ်ပြီး ဖျက်ဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်ပေါ်မှာ တရားမဝင်သွယ်တန်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေ (ဝိုင်ဖိုင်ကြိုး) တွေကို မိမိတို့အစီအစဉ်နဲ့ ဖယ်ရှားဖို့ အသိပေးကြေညာခဲ့ပေမယ့် ဖယ်ရှားတာမျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

    “လျှပ်စစ်က လာပြီးတော့ ဓာတ်တိုင်မှာရှိသမျှ ကြိုးတွေအကုန် ဓားနဲ့ခုတ်ဖြတ်သွားတာ။ ရပ်ကွက်ထဲက ဝိုင်ဖိုင်တပ်ထားတဲ့သူတွေ တော်တော်များများ လိုင်းတွေပြတ်ကုန်တယ်။ ရုံးတွေကို ဆက်တော့ ၂၄ နာရီအတွင်း ပြင်ပေးပါ့မယ်ပဲ ပြောကြတာ။ မလွယ်လောက်ဘူး။ နောက်တခါထပ်တပ်ရင် နောက်တခါ ထပ်အဖျက်ဆီးခံရမှာပဲ” လို့ အင်းစိန်မြို့နယ်နေ ငွေလဲ/ငွေထုတ်လုပ်ကိုင်နေထိုင်သူတဦးက ပြောပါတယ်။

    အဲ့ဒီဝိုင်ဖိုင်ကြိုးတွေကို လျှပ်စစ်ဌာနက လာရောက်ဖျက်ဆီးချိန်မှာ လုံခြုံရေးအနေနဲ့ စစ်ကောင်စီတပ်က DC ကားတွေနဲ့ လုံခြုံရေးယူပေးတယ်လို့ ဆိုပါတယ်။

    အဲဒီလို ဓာတ်တိုင်တွေပေါ် ဝိုင်ဖိုင်ကြိုး သွယ်တန်းတဲ့ ကိစ္စကို EPC နဲ့ ဝိုင်ဖိုင် ကုမ္ပဏီတွေ အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

    အကြိမ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးမှ ခက်ခက်ခဲခဲ ရလိုက်တဲ့ အဖြေကတော့ ဓာတ်တိုင်တွေပေါ်က ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချလိုက်မယ်ဆိုတဲ့ ဓာတ်ကြမ်းတိုက် နည်းလမ်း ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် သိရပါတော့တယ်။

    ဒါပေမယ့် ရွှေပြည်ကြီးရဲ့ ထုံးစံအတိုင်း ဝိုင်ဖိုင်ကုမ္ပဏီတွေဟာ ကြိုးတွေ ဖြတ်ချခံရကာနီး ဖြစ်နေတာတောင် ဝန်ဆောင်မှု သုံးစွဲသူတွေကို သတိတချက် မပေးခဲ့ပါဘူး။

    EPC က တာဝန်ကျေ လုပ်သားကြီးတွေကလည်း တင်းမာတဲ့ မျက်နှာထားတွေနဲ့ လာရောက် ဖြ၊တ်သွားတဲ့အခါ ကာစတန်မာတွေက ဝိုင်ဖိုင်ကုမ္ပဏီကို ဖုန်းလှမ်းဆက်တော့မှ အံ့ဩတကြီးနဲ့ “ဪ ဟုတ်လား” ဆိုပြီး ပြန်မေးကြတဲ့ အဖြစ်။

    ဝိုင်ဖိုင် မသုံးခင်ကတော့ လိုင်းပြတ်ခဲ့ရင် ၄၈ နာရီအတွင်း ပြန်လာလုပ်ပေးမယ်လို့ ရွှန်းရွှန်းဝေအောင် ပြောခဲ့တဲ့ မားကတ်တင်းအဖွဲ့တွေကလည်း မတုန်မလှုပ် ကျောက်ရုပ်၊

    Call Center လို့ ကြီးကျယ်စွာ နာမည်ပေးထားတဲ့ ဖုန်းလက်ခံတဲ့ဌာနကလည်း ကွန်ပလိန်း တင်ထားပေးမယ်ဆိုတာက အပြင် မပြောတတ်။

    လစဉ်ကြေးတွေ နှစ်နဲ့ချီပြီး ပေးထားတဲ့ ကာစတန်မာ ပြည်သူတွေမှာ ကလေး စာသင်နေတုန်း ရုတ်တရက် အင်တာနက် ပြတ်သွားတော့ တတိယကမ္ဘာစစ်ပဲ ထဖြစ်တာလား၊ ဂြိုလ်သားတွေပဲ ကျူ၊းကျော်လာပြီလား၊ ဘာလား ညာလားနဲ့ ရင်တထိတ်ထိတ်။

    လူတွေကို စုံ/မ နဲ့ ပုံချလို့ မပြီးသေးခင် QR နဲ့ အပူပါ ပေးနေတုန်း ဖြ၊တ်ချထားတဲ့ ဝိုင်ဖိုင်ကြိုးတွေ အပုံလိုက်၊ အခွေလိုက်နဲ့ တနေ့တမျိုး မရိုးရအောင် လုပ်ပေးထားတဲ့ ရွှေပြည်ကြီး လူဖြစ်ရတာ အရမ်းကို ကံကောင်းနေတော့တာပါပဲ။

    အင်တာနက် မရှိရင် နေလို့ မရတဲ့ ဒီခေတ်ကြီးမှာ ဝိုင်ဖိုင်တွေလည်း မရတော့ ၃၅၀ မီဂါဘိုက်ကို ငွေ ၁၀၀၀ နဲ့ မစားရက် မသောက်ရက် ဝယ်သုံးရတဲ့ ဒုက္ခကိုလည်း ဝိုင်ဖိုင်ကုမ္ပဏီတွေ စာနာနိုင်မယ် မထင်ပါဘူး။

    ဒီနေရာမှာ လူဖြစ်လာရတော့ သည်းခံရမယ် ဆိုပေမယ့်လည်း သိချင်တာက ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလို အချိန်ကြာ ဝန်ဆောင်မှု ပြတ်တောက်မှာကို ကြိုပြီး မပြောနိုင်ကြဘူးလား၊

    ဖုန်းတချက်လောက် ဆက်လိုက်ရုံနဲ့ ကာစတန်မာဖက်က ပြင်ဆင်ထားလို့ ရရဲ့သားနဲ့ ဖုန်းလေး ဆက်ဖို့ကိုတောင် စေတနာ မရှိကြဘူးလား၊

    ငါ့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုမှ မသုံးရင် ဒီကောင်တွေ သုံးစရာ မရှိဘူးဆိုပြီး မောက်မာကြတာလား၊ ဒီမေးခွန်းလေးတွေကို ဖြေပေးပါ။

    ဆက်ပြောရင်လည်း ဒေါ၊သံတွေ ပါလာဦးမယ်။ ရွှေပြည်ကြီးက မာယာများတဲ့ ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလို ကမ္ဘာ့အံ့ဖွယ် သောက်ကျိုးနည်း ဝန်ဆောင်မှုတွေ ဆက်လုပ်နေရင်တော့ မှောက်ထိုးလဲပြီး မကြာခင် ဇောက်ထိုးဆွဲရမယ့် အနေအထားကို မလွဲမသွေ ရောက်ရှိသွားမှာပဲ ဖြစ်ပါတော့တယ်။