Author: Baby Yit Lone
-

စစ်ကောင်စီခေါင်းဆောင် စစ်ကိုင်းမြို့လာရောက်စဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ
အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းမြို့သို့သွားစဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ
-

ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းထားသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက် လုယူ
စစ်ကိုင်းမြို့ ပေါ်တွင် ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းထားသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက် လုယူမှုဖြစ်ပွား
-

မန္တလေးမဟာမြတ်မုနိဘုရားအတွင်း ငလျင်လှုပ်ခဲ့သည့် CCTV မှတ်တမ်းထွက်ပေါ်
မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်စဥ် မန္တလေးက မဟာမြတ်မုနိဘုရားအတွင်း ငလျင်လှုပ်ခတ်ခဲ့မှု CCTV ရုပ်သံတစ်ခု မနေ့က ဧပြီ ၆ ရက်ကနေ အွန်လိုင်းပေါ်မှာ ထွက်ပေါ်ပျံ့နှံ့နေပါတယ်။ အဲဒီငလျင်ကြောင့် မဟာမြတ်မုနိဘုရားကြီးရဲ့ မကိုဋ်တော်စောင်းသွားပြီး ဘုရားသိမ်ဆောင်လည်း ပြိုကျပျက်စီးသွားတာကို ရုပ်သံမှာတွေ့မြင်နိုင်ပါတယ်။ မူရင်းပိုင်ရှင်ကို Credit ပေးပါတယ်။
-

-
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား
ကောလာဟလနှင့် အတိတ်နိမိတ် ပျံ့နှံ့မှုများကို ဆင်ဆာဖြတ်တောက်သောနိုင်ငံတွင် မြန်မာပြည်သူများသည် ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။ မတ်လ ၂၈ ရက်နေ့က ဖျက်အားပြင်း ငလျင်အကြား အခြေအနေ ဆိုးရွားနေချိန် သေရေးရှင်ရေး မေးခွန်းတခု ငလျင်နောက်ဆက်တွဲ ဖုန်လုံးများအကြား ထွက်ပေါ်နေဆဲ ဖြစ်သည်။ ယင်းမှာ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသောနိုင်ငံတွင် နောက်ထပ် စိတ်ဒဏ်ရာဖြစ်စေသည့် ပြတ်ရွေ့လွှာများ အပြင်းအထန် ပွတ်တိုက်မိပြီး ငလျင်လှုပ်ခြင်းသည် စစ်ကောင်စီ ကျဆုံးမည်နိမိတ် ဖြစ်နိုင်သလားဆိုသည့် မေးခွန်းဖြစ်သည်။ စစ်တပ်က နှစ် ၈၀ ပြည့် တော်လှန်ရေးနေ့ (စစ်တပ်အခေါ် တပ်မတော်နေ့) ကို ယခင် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခဲ့သည့် မြို့တော်နေပြည်တော်တွင် စစ်ရေးပြချီတက်ပြီး နောက်တရက်၌ အနည်းဆုံး…