Author: Baby Yit Lone

  • မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး-မိုးကုတ် လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပြီးနောက် မိုးကုတ်မြို့မှာ ဓာတ်ဆီတဂါလန်ကို ၃၆,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ လမ်းမပိတ်ခင်က ဓာတ်ဆီတလီတာ ကျပ် ၅,၀၀၀ ဝန်းကျင်နဲ့ တဂါလန်ကို ကျပ် ၂၅,၀၀၀ ဝန်းကျင်သာ ပေးရပြီး လမ်းပိတ်ပြီးနောက် ဈေးတက်သွားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “လမ်းပိတ်ပြီးတော့ ဓာတ်ဆီဈေးတွေ တက်လာတယ်။ ပုံမှန်ထက် ၁၀,၀၀၀ ကျော်လောက် ပိုပေးဝယ်ရတယ်။ ဓာတ်ဆီတွေတော့ ဝယ်လို့ရနေသေးတယ်၊ ဈေးပဲတက်သွားတာ။” မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မြေပြင်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြောင့် မိုးကုတ်-မန္တလေး လမ်းပိုင်းကို အောက်တိုဘာ ၁၁ ရက်ကစပြီး ယာယီ ဖြတ်သန်းခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။…

  • The Boarding School Murders (2024)

    ဒီရုပ်ရှင်ထဲက Limoux ဘော်ဒါဆောင်ဟာ ဥရောပတစ်ခွင်မှာ အလွန်ကိုမှ နာမည်ကျော်ကြားတဲ့ ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးသီးသန့် ထိပ်တန်းဘော်ဒါကျောင်းတစ်‌ေကျာင်းပါ။ အဓိကဇာတ်ကောင် ဖရန့်ကီကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး သာမန်လူလတ်တန်းစားဖြစ်ပေမဲ့ ကျောင်းစာကြိုးစားလို့ အဆင့်ကောင်းတွေပဲအမြဲ‌ရနေသူပေါ့။ အဲဒါအပြင် ဖရန့်ကီဟာ Limoux ဘော်ဒါကျောင်းရဲ့ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားခဲ့ရာမှာ ဝင်ခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတကာက လူကုံထံ အထက်တန်းစား ထိပ်သီးမိဘတွေရဲ့ သမီးတွေချည်းပဲ တက်ရောက်ကြတဲ့ Limoux ကျောင်းကြီးဟာ ပညာသင်ဆုနဲ့ ဝင်ခွင့်ရခဲ့တဲ့ ဖရန့်ကီအတွက်တော့ အိပ်မက်ကျောင်းတော်ကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဖရန့်ကီ အဲဒီကျောင်းကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျောင်းသူတွေထဲက ပျားဘုရင်မလို့တင်စားကြတဲ့ သူဌေးသမီးလေး တင်စလီက ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ဘော်ဒါ‌ကျောင်းရဲ့ ရာစုနှစ်နဲ့ချီတဲ့ သမိုင်းတစ်လျှောက်မှာ မတော်တဆမှုတစ်ခုတလေမှမဖြစ်ခဲ့ဖူးပါဘဲ ကျောင်းသူသစ် ဖရန့်ကီရောက်လာမှ လူသေမှုဖြစ်တဲ့အခါ ဖရန့်ကီဟာ အားလုံးရဲ့ သံသယဝင်ခြင်းကိုခံရပါတော့တယ်။…

  • အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေ

    အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေ

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့ အင်းစိန်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဥ်းချခံထားရတဲ့ အကျဥ်းသားတချို့ကို အကျဥ်းဦးစီးဝန်ထမ်းတွေက အိပ်ဆောင်ကနေ အပြင်ခေါ်ထုတ်သွားပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နှိပ်စက်နေတယ်လို့ အင်းစိန်အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဓိက နှစ်ကြီးပြစ်ဒဏ်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ၂ ယောက်တတွဲ ၃ ယောက်တတွဲ ခေါ်ထုတ်ပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နေတာလို့ ဆိုပါတယ်။ နိုင်ငံရေးမှုနဲ့ အကျဥ်းချခံထားရသူရဲ့ မိသားစုဝင်တယောက်က “ပြီးခဲ့တဲ့ ၉ လပိုင်းကတည်းက လုပ်နေတာ ၂ ယောက်တတွဲ ၃ ယောက်တတွဲ အပြင်ခေါ်ထုတ်သွားပြီး ခြေချင်းခတ်ပြီး ရိုက်နေတာ၊ နိုင်ငံရေးပုဒ်မနဲ့ နှစ်ကြီးချခံထားရတဲ့သူတွေ အကုန်လုံးလိုလိုပဲ။ မကွေးထောင်ကနေ ထောင်ပြောင်းပါလာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပါ လုပ်နေတာ။ မကွေးထောင်က ထောင်ပြောင်းပါလာသူတွေလည်း အင်းစိန်ထောင်မှာ အတော်များတယ်” လို့ ပြောပါတယ်။ AA ကဆိုတဲ့ ကလေးတယောက်လည်း…

  • အင်စပက်တာ ဂျန်ဒေ

    အင်စပက်တာ ဂျန်ဒေ

    Inspector Zende (2025) “အင်စပက်တာ ဂျန်ဒေ” IMDb – 5.9/10 ၁၉၉၆ခုနှစ်… မွမ်ဘိုင်းမြို့။ အမီတာဘချမ်းကြီး အိန္ဒိယရဲ့ Box Officeကို အုပ်စိုးထားချိန်ကာလ။ မွမ်ဘိုင်းလမ်းမတွေပေါ်မှာ လူမိုက်တွေကြီးစိုးထားချိန်။ ဒါပေမဲ့ လူမိုက်တွေက မွမ်ဘိုင်းရဲတပ်ဖွဲ့ကို ကြောက်ရတယ်။ မွမ်ဘိုင်းရဲတပ်ဖွဲ့က အင်စပက်တာဂျန်ဒေ ရေကူးဝတ်စုံလူသတ်သမား ကားလ်ဘိုဂျရာ့ဂျ်ကို နယ်စုံလိုက်ဖမ်းရပုံကို စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးပုံဖော်ထားတဲ့ရုပ်ရှင်။ အင်စပက်တာဂျန်ဒေနေရာမှာ The Family Man ရုပ်သံစီးရီးက မင်းသားကြီး မာနို့ဂျ်ပါဝင်ထားတာမို့ခံစားကြည့်ရှုကြပါဦး။

  • Detective Ujjwalan (2025)

    Detective Ujjwalan (2025) ဉာဏ်ကြီးရှင်စုံထောက် IMDb 6.2 Netflix ကထုတ်လွှင့်တဲ့ သည်းထိပ်ရင်ဖိုနဲ့ ဟာသပေါင်းစပ်ထားတဲ့ စုံထောက်ကားသစ်လေး တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရာဇဝတ်မှုကင်းစင်ပြီး အမှုဆိုလို ငှက်ပျောသီး အုန်းသီးလောက်ပဲ အခိုးခံရတဲ့ရွာလေးနဲ့ အစချီထားပါတယ်.. ဒီရွာလေးရဲ့ နှစ် ၅၀ပြည့်အထိမ်းအမှတ်မှာ SI ဆာချင်တစ်ယောက် မိန့်ခွန်းပြောလေတော့ ဒီရွာမှာ ပြစ်မှုမရှိလို ရဲတွေတောင်ပျင်းနေရကြောင်း အစချီပြောလိုက်လေတော့ မိန့်ခွန်းထုတ်လွှင့်ပြီးနောက်ရက်မှာတင် ရွာထဲက လူတစ်ယောက် ရက်ရက်စက်စက် သတ်ခံထားရပါလေရော… နှစ်ချီ အခင်းမဖြစ်ဖူးတော့ လုပ်ထုံးလုပ်နည်းတွေတောင်မေ့နေကြတဲ့ ရဲတွေအဖို အူဂျဝါလန်ဆိုတဲ့လူကို အကူညီတောင်းရပါတော့တယ်.. အူဂျဝါလန်က ဘာလဲဆိုရင်တော့ စုံထောက်ကားတွေအကြည့်များပြီး နေရာစုံ ထောင့်စေ့အောင်ကြည့်တတ်ပြီး ရေပုံးပျောက်မှုကအစ ဆွဲကြိုး နေရာအထားမှားမှုအဆုံးထိအမှုတိုင်းဖြေရှင်းနိုင်သူပါ။ ရဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်သူပေါ့။ သာမန်ခိုးမှုလေးတွေပဲ ဖြေရှင်းတတ်တဲ့လူက ပထမဆုံးလူသတ်မှုကို ကိုင်တွယ်ရတဲ့အခါမှာတော့…