Author: Baby Yit Lone

  • တရုတ်ပိုက်လိုင်းတွေနားက အန္တရာယ်ကြီးတဲ့အရှိတရားများ

    တရုတ်ပိုက်လိုင်းတွေနားက အန္တရာယ်ကြီးတဲ့အရှိတရားများ

    ရခိုင်ပြည်နယ်၊ရမ်းဗြဲနဲ့ မဒေးကျွန်းတွေကနေခရီးစတင်တဲ့ အဓိကပိုက်လိုင်းကြီး နှစ်ခုဟာတရုတ်နိုင်ငံထိ သွယ်တန်းနေပါတယ်။ ပိုက်လိုင်းတစ်ခုဟာ ကပ္ပလီပင်လယ်ထဲက သဘာဝ ဓာတ်ငွေ့တွေကို သွယ်တန်း ပေးပို့တာဖြစ်ပြီး တခြားပိုက်လိုင်းကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေဆီကနေတင်သွင်းလာတဲ့ရေနံစိမ်းတွေကို ပို့ဆောင်ပေးနေပါတယ်။

    အဲဒီ ပိုက်လိုင်းတွေဟာ မိုင်ပေါင်း ရာနဲ့ချီ ရှည်လျားပြီးမြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေကို ဖြတ်ကျော်သွားတဲ့နောက် တရုတ်ရဲ့ ကွီဂန်နဲ့ ကူမင်းလို မြို့တွေဆီ ရောက်ရှိသွားပါတယ်။

    တရုတ်အတွက်တော့ဒီပိုက်လိုင်းကြီးတွေဟာ အင်မတန် ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အစီအမံတွေလို့ ပြောနိုင်ပါတယ်။အဲဒီပိုက်လိုင်းတွေကြောင့် ပုံမှန် ရေနံတင်ပို့မှု လမ်းကြောင်းတွေကို ကီလိုမီတာ ၁၂၀၀ လောက် ခရီးချုံ့နိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ လျှပ်စစ်ဓာတ်အား ဖူဖူလုံလုံ မရနိုင်သေးတဲ့ မြန်မာလို နိုင်ငံအတွက်တော့ ဒီပိုက်လိုင်းကြီးတွေကို မြင်နေရတာ ရင်နာစရာပါပဲ။ မြန်မာဟာ ကိုယ့်နိုင်ငံ ပိုင်နက်ထဲက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ထဲက ခွဲတမ်း ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ သုံးစွဲခွင့် ရနေတာ ဖြစ်ပါတယ်။

    တကယ်တော့အဲဒီပိုက်လိုင်းတွေဟာတရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကြီးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တရုတ် အစိုးရရဲ့ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခု (BRI) မဟာစီမံကိန်းကြီးနဲ့ဆက်စပ်နေပါတယ်။

    BRI ဆိုတာက တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ထိပ်တန်းအဆင့် ဦးစားပေးလို့တရားဝင်ကြွေးကြော်ထားတဲ့လုပ်ငန်းစဉ်ကြီးပါ။တစ်ဖက်မှာတော့ ရခိုင်ပြည်နယ်ကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းနှစ်ခုဟာ တရုတ်အတွက်ပိုပြီးအဓိပ္ပါယ်နက်ရှိုင်း ကျယ်ပြန့်တဲ့ မဟာဗျူဟာ ရည်မှန်းချက် တစ်ခုကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။ လောလောဆယ် တရုတ်ဆီ တင်သွင်းတဲ့ ရေနံအများစုဟာ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းပြီး ဝင်ရောက်နေတာပါ။ တကယ်လို့ ထိုင်ဝမ်အရေးကို အကြောင်းပြုပြီး အမေရိကန်က မလက္ကာ ရေလက်ကြားကို ပိတ်လိုက်မယ်ဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေကို အားကိုးနိုင်မှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီပိုက်လိုင်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာကတော့ ခက်ခဲပါတယ်။အထူးသဖြင့် ၂၀၂၁ ခုနှစ်မှာစစ်တပ်က အာဏာသိမ်းလိုက်ပြီး ပြည်တွင်းစစ်မီး စတင်တောက်လောင်လာတဲ့ အခြေအနေမျိုးမှာအဲဒီစိန်ခေါ်မှုက ပိုကြီးလာပါတယ်။ တရုတ်ဟာ အာဏာသိမ်း စစ်တပ်ဖက်ကို ယိမ်းပြီးဒေါ်လာသန်း၂၅၀ဖိုးလောက် လက်နက်တွေ ရောင်းချပေးခဲ့တယ်။ဒါပေမဲ့ ရလဒ်ပိုင်းအရ ထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး။ ပြည်တွင်းစစ်ဟာ လူပေါင်း ၃ သန်းလောက်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့ပါတယ်။

    စစ်ရှောင်အများအပြားဟာ ဆာလောင်ငတ်မွတ်မှု အပါအဝင် အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရပြီး တောတောင်တွေထဲမှာ ခိုလှုံနေရပါတယ်။ စစ်တပ်က ဆက်သွယ်ရေးနဲ့ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်ထားတာကြောင့် Starlink အင်တာနက်ကို ချိတ်ဆက်ပြီး အဆက်အသွယ် လုပ်ကြရပါတယ်။ ပိုက်လိုင်းတွေအတွက် စိုးရိမ်နေတဲ့ တရုတ်ဟာ မြန်မာနိုင်ငံဆီ ကြေးစား စစ်သားတွေတောင်မှ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်စေဖို့ မဟုတ်ဘဲ တရုတ်ပိုက်လိုင်းတွေကို စောင့်ရှောက်ဖို့ အတွက်သာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်တပ်နဲ့ ပလူးပလဲ ရပ်တည်နေတဲ့ တရုတ်အပေါ် ပြည်သူအများစုက ရွံမုန်းကြပါတယ်။ တော်လှန်ရေး အင်အားစု တချို့က တရုတ် ပိုက်လိုင်းတွေကို တိုက်ခိုက်မယ်၊ ဖျက်ဆီးမယ် ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ဖူးသလို တချို့အစုအဖွဲ့တွေက လက်တွေ့ အားထုတ်မှုတွေတောင် ရှိခဲ့ပါတယ်။ အဲဒီတော့ ဘေဂျင်းမှာရှိတဲ့ တရုတ် အစိုးရကမြန်မာစစ်တပ်ကို ပိုက်လိုင်းတွေရဲ့ လုံခြုံရေးကိစ္စ ကြပ်မတ်ပေးဖို့ ဖိအားပေးခဲ့ပြီး စစ်တပ်ကလည်း ခေါင်းညှိတ်နာခံခဲ့ပါတယ်။အခုတော့ပိုက်လိုင်းတလျှောက်တချို့နေရာတွေမှာ အစောင့်အကြပ်တွေ ထူထူထပ်ထပ် ချထားပါတယ်။ ပြီးတော့ အဲဒီနေရာတွေနားမှာ စစ်မဖြစ်လောက်ဘူးဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ခိုလှုံနေတဲ့ စစ်ရှောင်တွေလည်း ရှိကြပါတယ်။

    ဒါပေမဲ့လည်း အဲဒီလို ယုံကြည်ထားရတာက တစ်ဖက်မှာလည်း အန္တရာယ် ကြီးလွန်းတဲ့ ဆုံးဖြတ် ရွေးချယ်မှု တစ်ခုလို ဖြစ်နေပြန်ပါတယ်။ စစ်တပ်ဟာ ရေနံပိုက်လိုင်းတွေရဲ့ အဓိကထိန်းချုပ်ရေး စင်တာတွေ တဝိုက်က တောတောင်တွေမှာ မိုင်းတွေ ထောင်ထားလေ့ ရှိပါတယ်။ဒီတော့အဲဒီတဝိုက်မှာ လယ်သမားတွေဟာ မွေးထားတဲ့ ဆိတ်၊ ကျွဲ၊ နွားတွေ ပျောက်လို့ လိုက်ရှာရင်း မိုင်းနင်းမိတဲ့ ဖြစ်ရပ်ဆိုးတွေနဲ့လည်းကြုံနေရဆဲဖြစ်ပါ​တော့တယ်။

    (quillette သတင်းဌာနမှ Aaron Sarin ​ရေးသားတဲ့ Dangerours Games ကိုဆီ​လျော်​အောင်ဘာသာပြန်ဆိုပါတယ်။)

  • မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ် သေဆုံး၊ မိဘများ ဒဏ်ရာရ

    မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ် သေဆုံး၊ မိဘများ ဒဏ်ရာရ

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တလုံးမှာ အောက်တိုဘာ ၁၁ ရက် မနေ့ ညနေ ၃ နာရီကျော်က ပေါက်ကွဲမှုဖြစ်လို့ အသက် ၁၃ နှစ်အရွယ်မိန်းကလေး သေဆုံးပြီး မိဘတွေ ဒဏ်ရာရသွားတယ်လို့ ဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

    ပန်းရံလုပ်ငန်းလုပ်သူ ကိုဝင်းနိုင်ဦးဟာ သူနေတဲ့ (စ) ရပ်ကွက်၊ ၁၂၃x၁၂၄ လမ်းကြားကနေအိမ်မှာ သန့်ရှင်းရေးလုပ်ငန်း လုပ်တဲ့ဆီကနေ ထည့်ယူလာတဲ့ သံတိုသံစထုပ်ကို ထုတ်ကြည့်ရာမှာ ဗုံးလို့ယူဆရတဲ့ ပစ္စည်းတခုက အစထွက်နေတဲ့ ကြိုးစလေးကို ဆွဲထုတ်မိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “ရှမ်းပြည်နယ်၊ နောင်ချိုမြို့ဆေးရုံကြီးမှာ သန့်ရှင်းရေးလုပ်ငန်း လုပ်ပြီး ထည့်ယူလာတဲ့ သံတိုသံစအိတ်ထဲကနေပါလာတဲ့ ဗုံးလို့ ယူဆရတဲ့ဟာက ပေါက်ကွဲ။ ကြိုးစလေးထွက်နေတာကို ဆွဲလိုက်တော့ ယမ်းအနံ့ထွက်လာလို့ ရေအိုးတွေထားတဲ့ဘက်ကို လွှင့်ပစ်လိုက်တာ။ ရေချိုးနေတဲ့ သမီးနဲ့ ဇနီးအပါအဝင် ၃ ယောက် ထိခိုက်ခဲ့တာ” လို့ ပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် ကိုဝင်းနိုင်ဦး၊ ဇနီးဖြစ်သူ ၃၆ နှစ်အရွယ် မနုနုဝေ နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မဆောင်းနှင်းဝေတို့ ထိခိုက်ဒဏ်ရာရခဲ့လို့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပြီး ဆေးကုသမှုခံယူနေတုန်း သမီးဖြစ်သူ မဆောင်းနှင်းဝေ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    ဖြစ်စဉ်ကို သိရှိသူတယောက်က “သေဆုံးသူကောင်မလေးက စဖြစ်ကတည်းက ပြင်းထန်တဲ့ ဒဏ်ရာတွေရှိပြီး သေဆုံးသွားတာ။ သက်ဆိုင်ရာက လာစစ်ဆေးသွားတယ်။ ရဲရော တပ်ရော လာတာ။ ပေါက်ကွဲတာက ဗုံးလို့ယူဆထားတယ်” လို့ ပြောပါတယ်။

    သက်ဆိုင်က စစ်ဆေးချက်တွေအရ ပေါက်ကွဲခဲ့တဲ့ပစ္စည်းအတွင်းကနေ သံဘောစေ့အများအပြား ပေါက်ကွဲထွက်ရှိလာတာကြောင့်နဲ့ ယမ်းစအများအပြားပါ ထွက်လာတဲ့အတွက် မပေါက်ကွဲသေးတဲ့ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးလို့ ခန့်မှန်းသုံးသပ်ထားတယ်လို့ သိရပါတယ်။

  • ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပြည်သူ​တွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်​မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။

    အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။

    “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။

    ယခင်က စစ်ကောင်စီရဲ့ တိုင်းရုံးတွေ၊ ဌာနဆိုင်ရာတွေမှာ ၂၀၂၃ ခုနှစ်လောက်အထိ ဖျော်ဖြေခဲ့ရ​ပေမယ့် ၂၀၂၄ ခုနှစ် ကစပြီး ဒီကနေ့အထိ ငှားရမ်းတာတွေ မရှိတော့ဘူးလို့ ဒိန်းဒေါင်က ငြီးတွားပါတယ်။မြဝတီရုပ်မြင်သံကြားမှာ တနှစ်တကြိမ်လောက်သာ ရိုက်ရပြီး မြန်မာ့ရုပ်မြင်သံကြားမှာတော့ တကြိမ်ပဲ ရိုက်ရသေးတယ်လို့လည်း သူကဆက်​ပြောပါတယ်။

    “တဘက်ကမငှားရင်တဘက်ကတော့ငှားသင့်တယ်လေ သိတယ်မလား နှစ်ဖက်ထဲရှိတာကိုး အဲဒီတော့ ဟိုဘက်ကလည်းမငှားဘူး။ ဒီဘက်ကလည်းမငှားဘူး။ဟိုဘက်မှာလည်း မရိုက်ရဘူး။ ဒီဘက်မှာလည်း မရိုက်ရဘူး။ ကြားထဲက ငုတ်တုပ်မေ့တာပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။

    ဒါ့ကြောင့် ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာကို စောင့်နေရပြီး စစ်ကောင်စီအနေနဲ့လည်း အရင်ကလို တိုင်းပွဲတွေ၊ ဌာနဆိုင်ရာပွဲတွေမှာ ခေါ်ပေးဖို့ဆိုပြီး ဒိန်းဒေါင်က တောင်းဆိုထားပါတယ်။

    စစ်တပ်​က ​ရွေး​ကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုနဲ့ ဖြုတ်ချပြီး အဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ပြည်သူ​တွေက စစ်တပ်ကို​ထောက်ခံတဲ့၊ စစ်တပ်နဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်​၊ အဖွဲ့အစည်း​​တွေကို သပိတ်​မှောက်တာ၊ လူမှု​ရေးပစ်ဒဏ်ခတ်တာ​တွေကို လုပ်ခဲ့ကြပါတယ် ။

    ပြည်သူ​တွေရဲ့ သပိတ်​မှောက်တာ ၊လူမှု​ရေးပြစ်ဒဏ်ခတ်တဲ့အထဲ အနုပညာရှင်​တွေလည်းပါဝင်ပါတယ်။

    စစ်တပ်အာဏာသိမ်းကာလ ကြာရှည်လာတဲ့အခါ ပြည်သူ​တွေရဲ့ သပိတ်​မှောက်တာ၊ လူမှု​ရေးပြစ်ဒဏ်ခတ်တာ အရင်ကနဲ့စာရင် ​လျော့နည်းလာ​ပေမယ့် သပိတ်​မှောက်တာ၊ လူမှု​ရေးပြစ်ဒဏ်ခတ်တာ​တွေဆက်လုပ်​နေကြဆဲဖြစ်ပါတယ်။

    (စစ်တပ်​ကိုထောက်ခံပြီး စစ်တပ်ကိုကူညီခဲ့တဲ့ ဒိန်း​ဒေါင်ကို စစ်ကာင်စီ ​ပြောခွင့်ရ ဗိုလ်ချုပ် ​ဇော်မင်းထွန်းကဆုချီးမြှင့်စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

  • အွန်လိုင်းဆယ်လီ သမီးဆိုးကို ရန်ကုန်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်း

    အွန်လိုင်းဆယ်လီ သမီးဆိုးကို ရန်ကုန်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်း

    အွန်လိုင်းဆယ်လီ သမီးဆိုး ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ကနဦး သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေသော သမီးဆိုး (ခ) သက်ကိုကို ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) ၊ နံနက်ပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်ကနေကြားသိရပါတယ်။

    သမီးဆိုး သည် နိုင်ငံတော်အကြီးအကဲများနှင့် ၄င်းတို့၏ဇနီးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အွန်လိုင်းဆယ်လီများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝေဖန်ပြောဆိုနေသူတစ်ဦးဖြစ်သည်။

    ရန်ကုန်လေဆိပ်မှာ လေယာဉ်ပေါ်ရောက်ပြီးမှ အေသင်ကိုရဲ့ ပါဝါကြောင့် ထွက်ခွာခွင့်မရဘဲ ပြန်ဆင်းလာရတဲ့ သမီးဆိုး

    သားနဲ့ ယောကျာ်းကို ထိုင်းဘက်ပြေးခိုင်း ကိုယ်တိုင်ကတော့ ဘယ်သူမှ မမှတ်မိအောင်လုပ်ပြီး စင်ကာပူကို ထွက်ဖို့လုပ်တဲ့အချိန် လေယာဉ်ပေါ်မှာ မိသွားတယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့တာပါ။

    တကယ်သာဆို ရုပ်ရှင်ဆန်လိုက်တာနော်

  • မန္တလေးမှာ ပေါက်ကွဲမှု ဖြစ်ပြီး မိသားစု သုံးဦးထိခိုက်ဒဏ်ရာရ

    မန္တလေးမှာ ပေါက်ကွဲမှု ဖြစ်ပြီး မိသားစု သုံးဦးထိခိုက်ဒဏ်ရာရ

    မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်မှာမနေ့( အောက်တိုဘာ ၁၁ ရက်) နေ့ခင်းပိုင်း ၃ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပြီး မိသားစုဝင် သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံဆီကသိရပါတယ်။

    ပေါက်ကွဲမှုကတော့ပြည်ကြီးတံခွန်၊(စ)ရပ်ကွက်၊၁၂၃လမ်းနဲ့ ၁၂၄ လမ်း ကြား၊ ၅၄( ဘီ )လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

    ဖြစ်စဉ်ကတော့ ပန်းရံ အလုပ် လုပ်တဲ့အမျိုးသားက ရှမ်းပြည်မြောက်ပိုင်း နောင်ချို ဆေးရုံ မှာ ဆေးရုံ ပြင်ဆင်ရေး လုပ်ကိုင်ရင်း စွန့်ပစ် သံတိုသံစအထုပ်ကိုမန္တလေးကိုယူဆောင်ခဲ့ရာ အိမ်မှာ နေထိုင်တဲ့ အခြား အမျိုးသား က အထုပ်ကို ဖွင့်ကြည့်ပြီး တရုတ် လုပ် ကြိုးဆွဲလက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာကို ကိုင်တွယ်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်။

    “အသံကတော်တော်လေးကျယ်တယ်၊ ရဲတွေ၊ ပျူတွေရောက်လာတော့တာပဲ၊ဒဏ်ရာရတဲ့သူတွေကို လူမှုရေးအသင်းကားနဲ့ ခေါ်သွားတယ်”လို့ ရပ်ကွက် နေပြည်သူတစ်ဦးကပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် အထုပ်ဖွင့်ကြည့်တဲ့အမျိုးသား၊ နေအိမ်မှာရှိနေတဲ့ သူရဲ့ ဇနီးနဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူ တို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒဏ်ရာရသူ သုံးဦး ကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

    မန္တလေးကိုပစ်မှတ်ထားဝါဒဖြန့်တဲ့စစ်တပ်ဝါဒဖြန့်ချန်န​ယ်မှာတော့ သံတို သံစအထုပ်ကိုဖွင့်ကြည့်တဲ့အမျိုးသားဟာ သံလုံးမှာ ကြိုးတပ်ထားတဲ့ အရာကို တရုတ်လက်ပစ်ဗုံးမှန်းမသိဘဲ ကြိုးကိုဆွဲကြည့်ရာမှာ မီးခိုးတွေထွက်လာလို့ ရေချိုးခန်းဘက်ဆီလွှင့်ပစ်ခဲ့မှာတော့ ရေချိုးနေတဲ့ ဇနီးနဲ့ သမီးတို့ ဗုံးစ မှန်ခဲ့တာလို့ ဖြန့်ဝေထားပါတယ်။

    ဓာတ်ပုံ – ဝီကီ