မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်မှာမနေ့( အောက်တိုဘာ ၁၁ ရက်) နေ့ခင်းပိုင်း ၃ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပြီး မိသားစုဝင် သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံဆီကသိရပါတယ်။

ပေါက်ကွဲမှုကတော့ပြည်ကြီးတံခွန်၊(စ)ရပ်ကွက်၊၁၂၃လမ်းနဲ့ ၁၂၄ လမ်း ကြား၊ ၅၄( ဘီ )လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်ကတော့ ပန်းရံ အလုပ် လုပ်တဲ့အမျိုးသားက ရှမ်းပြည်မြောက်ပိုင်း နောင်ချို ဆေးရုံ မှာ ဆေးရုံ ပြင်ဆင်ရေး လုပ်ကိုင်ရင်း စွန့်ပစ် သံတိုသံစအထုပ်ကိုမန္တလေးကိုယူဆောင်ခဲ့ရာ အိမ်မှာ နေထိုင်တဲ့ အခြား အမျိုးသား က အထုပ်ကို ဖွင့်ကြည့်ပြီး တရုတ် လုပ် ကြိုးဆွဲလက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာကို ကိုင်တွယ်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်။

“အသံကတော်တော်လေးကျယ်တယ်၊ ရဲတွေ၊ ပျူတွေရောက်လာတော့တာပဲ၊ဒဏ်ရာရတဲ့သူတွေကို လူမှုရေးအသင်းကားနဲ့ ခေါ်သွားတယ်”လို့ ရပ်ကွက် နေပြည်သူတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အထုပ်ဖွင့်ကြည့်တဲ့အမျိုးသား၊ နေအိမ်မှာရှိနေတဲ့ သူရဲ့ ဇနီးနဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူ တို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူ သုံးဦး ကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မန္တလေးကိုပစ်မှတ်ထားဝါဒဖြန့်တဲ့စစ်တပ်ဝါဒဖြန့်ချန်န​ယ်မှာတော့ သံတို သံစအထုပ်ကိုဖွင့်ကြည့်တဲ့အမျိုးသားဟာ သံလုံးမှာ ကြိုးတပ်ထားတဲ့ အရာကို တရုတ်လက်ပစ်ဗုံးမှန်းမသိဘဲ ကြိုးကိုဆွဲကြည့်ရာမှာ မီးခိုးတွေထွက်လာလို့ ရေချိုးခန်းဘက်ဆီလွှင့်ပစ်ခဲ့မှာတော့ ရေချိုးနေတဲ့ ဇနီးနဲ့ သမီးတို့ ဗုံးစ မှန်ခဲ့တာလို့ ဖြန့်ဝေထားပါတယ်။

ဓာတ်ပုံ – ဝီကီ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *