Author: Baby Yit Lone

  • စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေး

    စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေး

    ဝဲကြီးကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေးသွားမှုကြောင့် အုပ်မှူး၏ကိုယ်ကျင့်တရားပျက်ယွင်းမှုနှင့် အဂတိလိုက်စားမှုများအပေါ် ကျေးရွာနေပြည်သူများမကျေနပ် ​ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအုန်းမြင့်သည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအား ရွှေထည်ပစ္စည်းများနှင့်အတူ ခေါ်ဆောင်ထွက်ပြေးသွားသည့်အပြင်၊ ကျေးရွာအတွင်း ကောက်ခံထားသည့် စစ်မှုထမ်းငွေ၊ ကျေးရွာမီးလင်းရေး ရန်ပုံငွေများပါယူဆောင်သွားကြောင်း သိရသည်။ ​ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးအုန်းမြင့်သည် သားကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ ကလေး ၃ ဦးမိခင် အိမ်ထောင်ရှင်အမျိုးသမီး မအေးမြဝင်း အား ခေါ်ဆောင်၍ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်။ ၎င်းအမျိုးသမီးနှင့်အတူ ကာလတန်ဖိုး သိန်း၂၀၀ ခန့်ရှိသော ရွှေထည်ပစ္စည်းများလည်း ပါရှိသွားကြောင်း သိရသည်။ ​၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူခင်ပွန်းဖြစ်သူက သားကွင်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်လှိုင်ထံ သွားရောက်တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မိသားစုဝင်များက စိတ်ပျက်လျက်ရှိကြောင်း သိရသည်။ အုပ်မှူးအုန်းမြင့်သည် ဇနီးဖြစ်သူ…

  • ဟက်စကီးနဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ထန်းတပင်မြို့နယ်တွင် ဟက်စကီးဖြင့် ဗုံးများကြဲချ

    ဟက်စကီးနဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ထန်းတပင်မြို့နယ်တွင် ဟက်စကီးဖြင့် ဗုံးများကြဲချ

    ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ယနေ့ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ် သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာမှ စက်လှေလုပ်သားများဖြစ်သော ကိုဇော်ဝင်းထွဋ် ၊ ကိုသံခဲ၊ ကိုစိုင်းကိုကိုနှင့် ကိုဝကြီး…

  • တရုတ်စီးပွားကို ထိရင် အကျိုးဆက်ကို ခံစားရမယ်လို့ MNDAA ခြိမ်းခြောက်

    တရုတ်စီးပွားကို ထိရင် အကျိုးဆက်ကို ခံစားရမယ်လို့ MNDAA ခြိမ်းခြောက်

    သျှမ်းပြည် မြောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက တရုတ်အကျိုးစီးပွားတွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အကျိုးဆက်ကို ခံစားရမယ်လို့ ဒေသခံတွေကို MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ MNDAA က သျှမ်းပြည် မြောက်ပိုင်းက သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ၊ မူဆယ် နဲ့ နမ့်ခမ်းအပါအဝင် မြို့နယ်တော်တော်များများကို ထိန်းချုပ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေကို သျှမ်းမြောက်မှာ ဝင်ရောက်နေထိုင် လုပ်ကိုင်ခွင့် ပြုထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်ဆောင်တာ၊ ဆန့်ကျင်တာတွေကို လုပ်တဲ့သူတွေက အကျိုးဆက်ကို ခံစားရမှာဖြစ်တယ်ဆိုပြီး MNDAA က ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့ သျှမ်းမြောက်ဒေသခံ ပြောပါတယ်။ အဲဒီနောက် အဲဒီမြို့နယ်တွေမှာရှိတဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ၊ ဈေးဆိုင်ဆိုင်ဘုတ်တွေနဲ့ ငွေကြေးတွေကိုလည်း တရုတ်စာ၊…

  • မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးဆီ ဘုရားဖူးလာရင်း ဖြစ်သွားတဲ့ ဖိုက်တင်ပွဲ

    မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးဆီ ဘုရားဖူးလာရင်း ဖြစ်သွားတဲ့ ဖိုက်တင်ပွဲ

    စေတနာပျက်မှာစိုးလို့ အကြံပြုပါရစေ။ ကျွန်တော်တို့ ဘုရားဖူးသွားတဲ့အခါ ပန်း၊ ဆီမီးနဲ့ လှူဖွယ်ပစ္စည်းတွေကို ဘုရားအပြင်ကတည်းက ကြိုတင်ဝယ်ယူ ပြင်ဆင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ​ဘာကြောင့်လဲဆိုတော့ – ​စိတ်ကြည်နူးမှု အပြည့်ရစေဖို့: ဘုရားရင်ပြင်တော်ပေါ်ရောက်မှ ဈေးသည်တွေရဲ့ ဇွတ်အတင်းရောင်းချမှု၊ ဆွဲလားရမ်းလားလုပ်မှုတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရရင် ရရမယ့်ကုသိုလ်ထက် ဒေါသအကုသိုလ်က အရင်ဦးသွားနိုင်ပါတယ်။ ​ဘာသာသာသနာ ဂုဏ်သိက္ခာအတွက်: တချို့သော ဈေးသည်တွေရဲ့ ယဉ်ကျေးမှုမရှိတဲ့ ရောင်းဝယ်မှုပုံစံတွေကြောင့် ဘုရားဖူးလာတဲ့ ပြည်တွင်း/ပြည်ပ ဧည့်သည်တွေအမြင်မှာ ငါတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ ​အေးချမ်းစွာ ဝတ်ပြုနိုင်ဖို့: မိမိဘာသာ ကြိုတင်ပြင်ဆင်သွားရင် ဘယ်သူ့ကိုမှ အာရုံနောက်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ စိတ်တိုင်းကျ လှူဒါန်းပူဇော်နိုင်မှာ ဖြစ်ပါတယ်။ ​ဈေးသည်တွေရဲ့ စီးပွားရေးကို ပိတ်ပင်တာမဟုတ်ပေမဲ့ ယဉ်ကျေးပျူငှာမှုမရှိတဲ့ စနစ်ဆိုးတွေကို ကိုယ်တိုင်က ဝယ်ယူအားပေးခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်…

  • သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်

    သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်

    မေတ္တာနဲ့ရက်လုပ်ထားတဲ့ ဖျာလေးတစ်ချပ်နဲ့ အမေ့ရဲ့မျှော်လင့်ချက် ​”အမေ တရားထိုင်ရင် သုံးဖို့… အမေ မေတ္တာပို့ အမျှဝေရင် ထိုင်ဖို့…” ​အသက် (၃၀) ကျော် သေဒဏ်ကျခံထားရတဲ့ သားဖြစ်သူက ထောင်ထဲကနေ သူကိုယ်တိုင် လက်နဲ့ယှက်လုပ်ပြီး ပေးလိုက်တဲ့ Handmade ကော်ဖီမစ်ဖျာလေး။ ဒီဖျာလေးပေါ်မှာ အမေထိုင်ပြီး ဆုတောင်းပေးတိုင်း သားဖြစ်သူရဲ့ မေတ္တာတွေကို အမေ ခံစားနေရမှာပါ။ ​နိုင်ကျဉ်းမိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒီအမေကြီးဟာ အပြင်လောကမှာ ဈေးရောင်းရင်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသူပါ။ အမေကြီး အားမရှိလို့ ဆေးထိုးပေးဖို့ တောင်းဆိုလာတဲ့အခါတိုင်းလည်း အနီးကပ်စောင့်ရှောက်ပြီး ဆရာဝန်နဲ့တိုင်ပင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို အကောင်းဆုံး ကူညီပေးလျက်ရှိပါတယ်။ ​ကျွန်တော်တို့ဟာ ဘေးကင်းလုံခြုံတဲ့ ပရဟိတမျိုးကိုပဲ ရွေးချယ်လုပ်ကိုင်နေတာမဟုတ်ဘဲ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့အတူ ထပ်တူနီးပါး ရုန်းကန်ရှင်သန်နေကြတာပါ။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ…