Author: Baby Yit Lone

  • ငါတို့ကပဲ ခင်မို့မို့အေးလား

    ငါတို့ကပဲ ခင်မို့မို့အေးလား

    နောက်ကရှာရှာရဲ့ ရုပ်ကိုလဲ ကြည့်ပါဦး မရိုးသားတာ.အသိသာကြီး နင်ငါပြောတဲ့အတိုင်းလိုက်ပြောနော် လို့မှာထားတဲ့ ရုပ်ပါ. အနောက်ကို သေချာကြည့်ပါ.မျက်နှာမကောင်းပါဘူး အဲ့ကောင်ပဲ ဦးဆောင်ပီးပြောသွားတာနေမာ🤌🙄 ငါ့တို့ကပဲ့ ခင်မို့မို့အေးလားအေ🫠🫠🫠 9-5-2026 ဟိုကောင်က ဟုတ်ကိုမဟုတ်နေဘူး ရှာရှာအတွက်ပဲ့ စိတ်မကောင်းဖြစ်ရတယ် အဟုတ်ပဲ့ ဘယ်လိုတွေ ခြိမ်းခြောက်ထားလဲမသိ အကြပ်ကိုင်ထားတာတဲ့နော် အေးဆေးဖြစ်မှ မြန်မာပြည်ကို ပြန်လွှတ်ပေးမယ်ဆိုပဲ YMLနဲ့သူကောင်မလေးက ခုနက လေးတင် Tiktok ကသူတို့ Live မှာconfirmလုပ် သွားပါပြီ ပတ်ထရစ်ရှာကိုဆဲချင်ရင်သွားဆဲလို့ ရပါပြီတဲ့ ဟိုအကောင်နဲ့တကယ်ကြီးတွဲနေကျတာပါတဲ့ ဟိုတယ် Location မပို့ရတဲ့အကြောင်းကလဲ မြန်မာတွေစုပြုံပြီးဟိုတယ်ကိုလာရောက်ဖမ်း တာမျိုးတွေမလိုလားလို့ပါတဲ့ (ပတ်ထရစ်ရှာ said — သူကတကယ်တော့ညီမကိုမချစ်ဘူး သူမှာအချစ်မရှိဘူးအဲ့တာအချစ်မဟုတ်ဘူးသူ ဘေးနားမှာညီမကိုလူယုံလိုထားပြီနေစေချင်တာတဲ့ ကဲ ပီးပါပီ🤌🥲

  • မုန်တိုင်းတဲ့ဟေ့…

    မုန်တိုင်းတဲ့ဟေ့…

    မုန်တိုင်းအထူးသတိပေးချက် 🌀 မြန်မာပြည်အနှံ့ မိုးသည်းထန်စွာရွာသွန်းမည့် အခြေအနေ မိုးလေဝသကျွမ်းကျင်သူ ဒေါက်တာစိုင်းခွန်အာကာ ရဲ့ နောက်ဆုံးရတွက်ချက်မှုများအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး နောက် ၄ ရက်မှ ၅ ရက်အတွင်း မုန်တိုင်းငယ် (Depression) အဆင့်အထိ အားကောင်းလာနိုင်ကြောင်း အထူးသတိပေးထားပါတယ်။ ⚠️ ⛈ ဒေသအလိုက် မိုးရွာသွန်းမည့် ခန့်မှန်းချက်များ – ရှမ်းမြောက်၊ မန္တလေးအထက်ပိုင်းနှင့် ရခိုင်အလယ်ပိုင်း: ယနေ့မှစ၍ ၄၈ နာရီအတွင်း နေရာကွက်ကျား မိုးကြီးနိုင်သဖြင့် အထူးသတိပြုရန်။ (ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် မေလ ၁၇ ရက်အထိ မိုးဆက်တိုက်ရွာပါမည်။) တနင်္သာရီတိုင်း: နောက် ၄၈ နာရီအတွင်း မုတ်သုံလေ စတင်ဝင်ရောက်ပါမည်။ မွန်နှင့် ကရင်ပြည်နယ်: နောက် ၇၂…

  • အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက် ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်နှင့် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောဆိုချက်အရ သိရသည်။ ယမန်နေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင်ရှိ ပျူစော ထီးစခန်းကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း…

  • Miss World Thailand ရရှိခဲ့သည့် ရှမ်းအမျိုးသမီး နမ်ဖူး၏ ထူးခြားဆန်းကြယ်သော အောင်မြင်မှုခရီး

    Miss World Thailand ရရှိခဲ့သည့် ရှမ်းအမျိုးသမီး နမ်ဖူး၏ ထူးခြားဆန်းကြယ်သော အောင်မြင်မှုခရီး

    Miss World Thailand ၂၀၂၆ ခုနှစ်အတွက် ကန်သီရာ ‘နမ်ဖူး’ တေချဖတ်သနာကူးလ်က သရဖူ ဆွတ်ခူးနိုင်ခဲ့ခြင်းသည် ထိုင်းအလှမယ်လောကအတွက် အပြောင်းအလဲကြီးတခုဖြစ်ကြောင်း ချီးကျူး ပြောဆိုနေကြသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ‘သမုဒ္ဒရာဧကရီ’ဟု အမည်ပေးထားသော နမ်ဖူးက စင်မြင့်ထက်မှနေ၍ အလှတရားဖြင့် ဒိုင်လူကြီးများကို ဖမ်းစားနိုင်ခဲ့သော်လည်း၊ ထိုင်းပြည်သူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်မှာ သူမ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် ဇွဲနပဲကြီးစွာ ဖြတ်သန်းခဲ့ရသော ဘဝဇာတ်ကြောင်းပင် ဖြစ်သည်။ နမ်ဖူး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်းသည် အစဉ်အလာအလှမယ်လောက၏ ပုံစံခွက်များမှ သိသိသာသာ ခွဲထွက်လာခြင်း ဖြစ်သည်။ ချင်းရိုင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသား မိသားစုမှ မွေးဖွားလာသူဖြစ်ရာ သူမသည် ငယ်စဉ်ဘဝ အချိန်အတော်များများကို ဥပဒေကြောင်းအရ အကာအကွယ်မဲ့ခဲ့သည့်အပြင် နိုင်ငံသားဖြစ်ခွင့်ပင် မသေချာသော “နိုင်ငံမဲ့ကလေးငယ်” ဘဝဖြင့် ဖြတ်သန်းခဲ့ရသည်။ ယနေ့တွင်…

  • အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

    အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

    အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား ဖမ်းဆီး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားတွေကို မေလ ၉ ရက်မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ မေလ ၉ ရက် နေ့လယ်က လူခေါ်ပွဲစား တာတီး (ခ) ဇော်လင်းထွန်းကို အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးမှာ ဖမ်းမိခဲ့ပြီး ချစ်သား (ခ) စိုးသီဟကို ခရေပင်လမ်းနဲ့ အမှတ် (၃) လမ်းဆုံမှာ ထပ်မံဖမ်းမိကာ ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးကို ရဲတွေက ရှာဖွေနေတယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ဝင်းထဲက Taxi နဲ့ ကယ်ရီသမားတွေဆီက…