Author: Baby Yit Lone

  • ထားဝယ် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ထားဝယ် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မေလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးပေးနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် နေအိမ်၌ ရှိနေစဉ် အမည်မသိသေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှု အတွင်း ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် မယားဖြစ်သူတို့…

  • Starlink အပိတ်ခံရသဖြင့် ရုရှား၏ ၂၀၂၆ စစ်ဆင်ရေး အစီအစဉ်များ ထိခိုက်

    Starlink အပိတ်ခံရသဖြင့် ရုရှား၏ ၂၀၂၆ စစ်ဆင်ရေး အစီအစဉ်များ ထိခိုက်

    ယူကရိန်းအစိုးရ၏ တောင်းဆိုမှုကြောင့် SpaceX ကုမ္ပဏီက ရုရှား၏ Starlink ဂြိုဟ်တုဆက်သွယ်ရေး စနစ်အသုံးပြုခွင့်ကို ယခုနှစ်ဆန်းပိုင်းတွင် ပိတ်ပင်လိုက်ခြင်းကြောင့်၊ ၂၀၂၆ ခုနှစ်တွင်မောင်းသူမဲ့ ရေ ယာဉ်များ (USVs) အသုံးပြု၍ အကြီးစားစစ်ဆင်ရေးတခုပြုလုပ်ရန် ရုရှားက စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ပျက်သွားခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဆာဟီ ဘက်စခရက်စနော့ဗ်က ပြောကြားခဲ့သည်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ မောင်းသူမဲ့ရေယာဉ်များ၏ ထိရောက်မှုကို ရုရှားက မြင်တွေ့ပြီး နောက် ယူကရိန်း၏ နည်းပညာကို လျင်မြန်စွာ ပုံတူကူးရန် ကြိုးပမ်းလာခဲ့ကြောင်း ၎င်း၏ ပြောကြားခဲ့ သည်။ ပြီးခဲ့သည့် နွေရာသီတွင် ရုရှားက လက်တွေ့အသုံးပြုနိုင်သော ရှေ့ပြေးပုံစံများကို တည်ဆောက်နိုင်ခဲ့ပြီး ဩဂုတ်လတွင် ဒါနုမြစ်ဝကျွန်းပေါ်ဒေသရှိ ယူကရိန်းပိုင် ဆင်ဖာရိုပိုသင်္ဘောကို အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့သည်။ ထို့ပြင် ယူကရိန်းကမ်းရိုးတန်းတလျှောက်ရှိ…

  • ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်

    ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်

    မြင်းခြံအနောက်ဘက်ရှိ ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၈ ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုအခိုင်အမာတပ်စွဲထားတဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး ၈ ဦး​သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က မြင်းခြံမြို့နယ်အနောက်ဘက် လေးအိမ်တန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ရွှေညောင်ပင် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။ အထက်ပါရွှေညောင်ပင်ဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ နီးပါးက ဘန်ကာတွေအခိုင်အမာနဲ့ အထိုင်ချ တပ်စွဲနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပြန်ပြီးခုခံတာကြောင့် မိနစ်၂၀ နီးပါး အပြန်အလှန်ပစ်ခတ်ဖြစ်ခဲ့ပါသေးတယ်။ တိုက်ခိုက်မှုအတွင်း ဂိတ်မှာရှိတဲ့ စစ်သားနဲ့ပျူစောထီး ၈ ဦး​သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့…

  • ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦး

    ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦး

    ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦးက ဖလမ်း-ဟားခါးလမ်း ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးစားနေဟုဆို ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လာစေဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုး ကြိုးပမ်းနေတယ်လို့ ဖလမ်းမြို့ရောက် စစ်လော်ဘီ ကျော်စိုးဦးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲံ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်အထိ စစ်ကြောင်းတွေ ဆက်လက်တိုးမြှင့်သွားမှာလို့ စစ်လော်ဘီ ကျော်စိုးဦးက ခြိမ်းခြောက်ပြောဆိုထားပါသေးတယ်။ အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် နယ်စပ်အားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက် ထိန်းချုပ်ထားပါတယ်။ နိုင်ငံတော် ပိုင်နက်ဟာ ချင်းပြည်နယ် ဖလမ်းမြို့အထိသာ ရှိနေတာမဟုတ်ဘဲ နယ်စပ်မျဉ်းအထိ ရောက်ရှိကြောင်း စစ်လော်ဘီ ကျော်စိုးဦးက ပြောပါတယ်။ လက်ရှိမှာ ဖလမ်းနဲ့ ဟားခါးမြို့ကို ဆက်သွယ်တဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လင်းလာစေဖို့…

  • ဒီစာကို သမ္မတကြီး ဦးဝင်းမြင့် ဖတ်မိပါစေ…

    ဒီစာကို သမ္မတကြီး ဦးဝင်းမြင့် ဖတ်မိပါစေ…

    ဒီစာကို သမ္မတဟောင်း ဦးဝင်းမြင့် ဖတ်မိပါစေ… မိသားစုနဲ့အတူ ကျန်းကျန်မာမာနဲ့ အမြန်ဆုံတွေ့ခွင့် အတူနေခွင့်ရလို့ အထူးဝမ်းမြောက်မိတယ်။ ငါးနှစ်ကျော် မတရား အကျဉ်းချ ၊ ထောင်ချခံမှုအပေါ်လည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။ စကစ က ဘယ်အကြောင်းကြောင့် လွှတ်သည်ဖြစ်စေ အပြင်မှာ မိသားစုနဲ့ နေခွင့်ရတာ ထောင်ထဲမှာထက်စာရင် လက်ရှိနိုင်ငံ့အခြေအနေ၊ ပြည်သူလူထုအခြေအနေ၊ ပါတီအခြေအနေကို သုံးသပ်ဖို့ အခွင့်အရေးကောင်းတခုပါပဲ။ လက်ရှိအခြေအနေမှာ သမ္မတငြိမ်း ဦးထင်ကျော်လို တော့ ရေငုံ နှုတ်ပိတ် နေလို့ မရတော့ဘူးလို့မြင်မိပါတယ်။ ဦးထင်ကျော်ဟာ ပါတီ supporter၊ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ပါတီ ဥက္ကဋ္ဌ ရဲ့ အားကိုးအားထားရာ ပညာရှင်အနေနဲ့ သမ္မတ ခဏတာ သမ္မတ လုပ်ပေးခဲ့တာပါ။ သူငြိမ်နေတာ ဘာမှ မဖြစ်ပါ။ တိုက်တွန်းဖို့လည်း မလိုပါ။ ဦးဝင်းမြင့်…