မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကလျာမူလတန်းလွန်ကျောင်းအနီးတွင် ယနေ့ ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက အသက် (၁၅) နှစ်အရွယ် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် စိတ်မကောင်းဖွယ်ရာ သတင်းတစ်ပုဒ်ကို တင်ပြလိုက်ရပါတယ်။
📌 ဖြစ်စဉ်အကျဉ်း

တွေ့ရှိသည့်နေရာ: ကလျာမူလတန်းလွန်ကျောင်းအနီးရှိ ဓာတ်တိုင်အောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တွေ့ရှိသည့်အချိန်: ကျောင်းထမင်းစားဆင်းချိန်တွင် ကလေးငယ်၏ ရုပ်အလောင်းကို ဒေသခံများက စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
လက်ရှိအခြေအနေ: ဘာကြောင့် ယခုကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်ကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ကူညီပို့ဆောင်မှု: သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းအား မြတ်ဒါန လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ သားသမီး၊ ရင်သွေးငယ်များကို အသွားအပြန် သတိပြု စောင့်ရှောက်ကြပါရန်နှင့် တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။


Leave a Reply