Author: Baby Yit Lone
-

သိန္နီ၌ MNDAA က အိမ်ထောင်စုစာရင်းနှင့် ဒေသခံမှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေး
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (Myanmar National Democratic Alliance Army-MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြားတွေ တရွာချင်းစီ လိုက်လံ ပြုလုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံအမျိုးသားတယောက်က “အိမ်ထောင်စုစာရင်းနဲ့ ဒေသခံမှတ်ပုံတင်ကို တပြိုင်တည်း လုပ်ပေးနေတယ်။ ဒေသခံကတ်တခုကို ကျပ် ၁၈,၀၀၀၊ အိမ်ထောင်စုစာအုပ်ကို ကျပ် ၆,၀၀၀ ပေးရတယ်။ အခု နမ့်စလပ်ရွာက ရွာခံတွေကို လုပ်ပေးနေပြီး တရက်ကို လူ ၁၀၀ ကျော်လောက် လုပ်ပေးနေတယ်” လို့ပြောပါတယ်။ အဲဒီ ဒေသခံ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားကို သိန္နီမြို့ရှိ အရင်က စစ်ကောင်စီ လဝကရုံးဟောင်းမှာ ပြုလုပ်ပေးနေပြီး ရွာတိုင်းမှာ နာမည်စာရင်း ကြိုတင်ကောက်ယူကာ…
-

အင်းစိန်ထောင်ပိုင်တွေရဲ့ လိင်အမြတ်ထုတ်မှုများ
အင်းစိန်ထောင်ထောင်ပိုင် နဲ့ ဒုတိယထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ဆန္ဒပြတဲ့ပုံတွေကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ဖော်ပြခံရတဲ့အတွက် ဒုက္ခမရောက်အောင် ကူညီပေးတယ် လို့အကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထုနွေဦးကို ပြောကြားပါတယ် ။ အထူးသဖြင့် အင်းစိန် ဒုထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အဝေးရောက်နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကိုအခြားသူတွေနဲ့ အတင်းဖိအားပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်ပေါ်က + 18 အခပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်တွေ ဆက်မတင်စေချင်ရင် ငွေပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်ဆွေ တစ်ယောက်နဲ့သွားအိပ်ပေးဖို့ စသဖြင့် အကောင့်တုတွေသုံးပြီး ဆက် တိုက်ခြိမ်းခြောက်နေတယ်လို့ ကျူးလွန်ခံရသူက ပြောပါတယ် ။ ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်(DSA)ကျောင်းဆင်းပြီး စစ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင်…
-

AAနှင့်မဟာမိတ်တပ်များ စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်
လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်အုပ်စုယာဉ်တန်းကို လမ်းခု လတ်တနေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အကျ အဆုံးရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ထီးချိုင့်မြို့သို့ ရောက်ရှိလာသည့် စစ်အုပ်စုတပ်စစ်ကြောင်းသည် မေလ ၁၀ ရက်နေ့တွင် ကသာမြို့သို့ ဦးတည်ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် AA၊ KIA၊ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရှေ့တန်းသတင်းရင်းမြစ်တဦးက “စစ်ကောင်စီ စစ်ကြောင်းက ၁၀ ရက်နေ့မှာ ထီးချိုင့်ကနေ…
-

လူကုန်ကူးမှုအန္တရာယ် သတိထားရှောင်ရှား တွေ့မြင်ကြားသိပါကလည်း လျင်မြန်စွာသတင်းပို့
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် တရားခံအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်သည့်သတင်းများ မကြာခဏဆိုသလို တွေ့ရှိနိုင်သည်။ လူကုန်ကူးမှု ကျူးလွန်သူ တို့၏ လိမ်လည်လှည့်ဖြားသည့် သဘောသဘာဝများ၊ အကျိုးအမြတ် ခေါင်းပုံဖြတ်မှုများနှင့် ပြစ်ဒဏ် ကျခံရမှုများကို အဆိုပါသတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာများ ရယူနိုင်သည်။ လူကုန်ကူးမှုအများစုတွင် ကျူးလွန်ခံရသူရော ကျူးလွန်သူပါ အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရသည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးကိုဖြစ်စေ၊ အမျိုးသမီးငယ်ကိုဖြစ်စေ ပြောဆို စည်းရုံးရာတွင် အမျိုးသမီးအချင်းချင်း ပြောဆိုစည်းရုံးခြင်းဖြင့် ပိုမိုယုံကြည်ခြင်း၊ ပိုမိုလွယ်ကူခြင်း တို့ကြောင့်ပင်ဖြစ်သည်။ တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ စရိတ်ငြိမ်း လစဉ် ငွေကျပ် မည်ရွေ့မည်မျှရမည်၊ နိုင်ငံခြားသားနှင့်ယူပါက ငွေကြေးအများအပြားရမည် စသည်ဖြင့် မက်လုံးပေးစည်းရုံး၍ လိမ်လည်လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးမှု ကျူးလွန်ကြပြီး ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြသည့်ပုံစံမှာ အထပ်ထပ်ကြမ်းနေပြီဖြစ်စေကာမူ ဤနည်းအတိုင်း ဆက်လက်ကျူးလွန်ခံနေကြရဆဲဖြစ်ရာ…
-

စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်
အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်ဟု NUG ဝေဖန် မြန်မာစစ်တပ်ကို အသိအမှတ်မပြုရန် နိုင်ငံတကာကို ထပ်မံတိုက်တွန်း အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့်အပေါ် အာဆီယံနှင့် နိုင်ငံတကာကို ပြစ်တင်ရှုတ်ချနေသော စစ်ကောင်စီ၏ လုပ်ရပ်မှာ “သူခိုးက လူဟစ်” သည့် လုပ်ရပ်သာဖြစ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ပြင်းပြင်း ထန်ထန် တုံ့ပြန်ဝေဖန်လိုက်ပြီး၊ စစ်အုပ်စုအား နိုင်ငံရေးအရ အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံသတိပေး တိုက်တွန်းလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲများကျင်းပကာ အမည်ခံ သမ္မတရာထူး တံဆိပ်ကပ်ရုံဖြင့် အခြေအနေများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ “သူခိုးက လူဟစ်တယ်ပဲ ပြောရမှာပေါ့၊…