Author: Baby Yit Lone

  • ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ⚠️ ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပူပြင်းသည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အဆမတန် မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစတင်ကာ အချိန်ပိုင်းအလိုက် ဝန်အားမျှတခွဲဝေဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

    နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ ကာလအတွင်း ဓာတ်အားကို စဉ်ဆက်မပြတ် မျှတစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အချို့နေရာများနှင့် အချိန်များကို ညှိနှိုင်းကာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးရခြင်းဖြစ်ကြောင်း သိရသည်။

    သိထားသင့်သည့် အချက်များ –

    အလှည့်ကျ မီးဖြတ်မည့်စနစ်: ဓာတ်အား ထုတ်လုပ်နိုင်မှုအပေါ် မူတည်ပြီး အချိန်ပိုင်းအလိုက် ခွဲဝေဖြန့်ဖြူးမည် ဖြစ်သည်။

    မီးမပြတ်မည့် နေရာများ: သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ တိုက်ရိုက်လိုင်းဖြင့် ပေးထားသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားခွဲဝေခြင်း မပြုဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးမည် ဖြစ်သည်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အခြေအနေအရ ဝန်အားခွဲဝေဖြန့်ဖြူးရခြင်းအပေါ် နားလည်ပေးရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးကြပါရန် မေတ္တာရပ်ခံထားပါသည်။

  • ဖခင်က စစ်တပ်ဆီ​ရောင်းစားခဲ့တဲ့ လူငယ်စစ်တပ်က နှိပ်စက်လို့​သေဆုံး၊သတင်းကြားပြီး မိခင်ပါကွယ်လွန်

    ဖခင်က စစ်တပ်ဆီ​ရောင်းစားခဲ့တဲ့ လူငယ်စစ်တပ်က နှိပ်စက်လို့​သေဆုံး၊သတင်းကြားပြီး မိခင်ပါကွယ်လွန်

    ဖခင်က စစ်တပ်ဆီ​ရောင်းစားခဲ့တဲ့လူငယ် စစ်တပ်ကနှိပ်စက်လို့​သေဆုံး

    သတင်းကြားပြီးမိခင်ပါကွယ်လွန်

    ရန်ကုန်မြို့မှာ ဖခင်ဖြစ်သူကစစ်တပ်ဆီရောင်းစားခံရတဲ့လူငယ်တစ်ယောက်ရဲ့ ရုပ်အ​လောင်းထုတ်ယူဖို့ အိမ်ကမိခင် ဆီအကြောင်းကြားလာပြီး‌နောက် မိခင်ဖြစ်သူပါ သားစိတ်နဲ့ ​သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ​​နောက်အိမ်​ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သားဖြစ်သူကို ကျပ်သိန်း ၅၀ နဲ့ မတ်လဆန်းမှာရောင်းစားခဲ့တာဖြစ်ပါတယ်။

    သားဖြစ်သူက မိခင်ကိုအဓိကလုပ်​ကြွေး​နေသူဖြစ်ပြီး အပြင်မှာထားရင် ပျက်စီးမယ်လို့အ​ကြောင်းပြပြီး စစ်တပ်ဆီ​ရောင်းစားခဲ့တာလို့စုံစမ်းသိရပါတယ်။

    အဆိုပါ လူငယ်ဟာ စစ်တပ်ကနေ ထွက်ပြေးခဲ့တာကြောင့် စစ်သားတွေကပြန်လည်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ရာမှာသေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူ မကွယ်လွန်မီ ​ဒေသခံ​တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

    “သူ့ကို သူ့ဖအေ ရောင်းစားပြီး သိပ်မကြာဘူး။ ရုပ်အလောင်းလာထုတ်ဖို့အိမ်ကို လာပြောတယ်။ ကျွန်မကမေးတာပေါ့။ သားလေးက ဘာကြောင့် သေရတာလဲပေါ့။ကျွန်မကို မချေမငံရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောသွားတယ်။ထွက်ပြေးလို့ ပညာပေးလိုက်တာဆိုပြီးပြောတယ်။ ကျွန်မရင်ကျိုးရချည်ရဲ့လို့​ပြောတယ်”လို့ ​ဒေသခံတဦးက​ပြောပါတယ်။

    သားဖြစ်သူသတင်းကြားပြီး နာရီပိုင်းအကြာမှာပဲ မိခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားတယ်လို့ ​ဒေသခံတွေကပြောပါတယ်။

    “မနက်ကစစ်သားတွေ သူတို့အိမ်ကိုလာတာတွေ့လိုက်တယ်။ သူတို့ပြန်ပြီးမကြာဘူး သတင်းသွားမေးကြတာပေါ့။ ဘာဖြစ်လဲပေါ့။ သူ့သားလေးအလောင်းလာထုတ်ဖို့ လာပြောသွားတာတဲ့။ ကိုယ်တွေလည်းနှစ်သိမ့်ပေးရုံမတတ်နိုင်ဘူး။ ညနေလောက်ကျတော့ နှလုံးကအမောဖောက်ပြီးဆုံးသွားတယ်။သူကနှလုံးရောဂါအခံရှိတယ်။ သူ့သားပါသွားကတည်းက သူလည်းသိပ်နေမကောင်းဘူး” လို့ ​ဒေသခံတဦးကပြောပါတယ်။

    သားဖြစ်သူဟာကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်အရွယ် ကိုရဲမင်းပိုင်ဖြစ်ပြီးမိခင်ဖြစ်သူက အသက် ၅၆ နှစ်အရွယ် ​ဒေါ်ကြည်ကြည်ဝင်းဖြစ်ပါတယ်။

    အဆိုပါ သားအမိနှစ်ယောက်ရဲ့ နာရေးကို စစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ချက်ခြင်းသဂြိုလ်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။

    စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့မကြာခဏ မဲဆွယ်စည်းရုံးနေတယ်လိုပြည်သူ​တွေက​ပြောပါတယ်။

    စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကိုပေးမယ်လို့ ပြောဆိုစည်းရုံး ​လေ့ရှိပါတယ်။

    စစ်ကောင်စီအာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီလကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်လျှင် လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ် တစ်သိန်းကျော် ရရှိသွားပြီဖြစ်ပါတယ်။

    စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ​​ငွေလိုသူ​တွေကို​ငွေ​ပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး​တော့ လူစားထိုးမှု​တွေလည်းများလာပါတယ်။​

    အခုလို ဖခင်ရင်းက​တောင် မိမိရဲ့သားကို ပြန်လည်ရောင်းချတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

    ငွေ​​ကြေးဖို့ မတက်နိုင်တဲ့ အ​ခြေခံလူတန်းစား​တွေက တော့စစ်တပ်က အဓမ္မ ဖိအား​ပေး စစ်မှုထမ်းခိုင်းတာကို​ပေးစရာ​ငွေမရှိတာ​ကြောင့် ​လိုက်​နေကြရပါတယ် ။

    စစ်တပ်ကလစဥ်စစ်မှုထမ်း​ခေါ်တာအပြင်လူငယ်​တွေကိုအ​ကြောင်းပြချက်မျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာလုပ်​နေပါတယ်။

    စစ်တပ်ကလူငယ်​တွေကို စစ်သင်တန်းပို့ပြီး ​ရှေ့တန်းကို​စေလွှတ်စစ်တိုက်ခိုင်းတာ​ကြောင့်​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိ​နေပါတယ်။

    နိုင်ငံ့ရဲ့​ဒေသအများစုမှာတိုက်ပွဲ​တွေ ပြင်းထန်​နေတာ​ကြောင့် စစ်တပ်ကစစ်သားသစ်​တွေကိုဆက်တိုက်​ခေါ်ယူ​နေတာဖြစ်ပါတယ် ။

    (မန္တ​လေးမြို့မှာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ကလူငယ်​တွေစစ်မှုထမ်းရန် မဲနှိုက်ဖို့ ရပ်ကွက်အတွင်းလိုက်လံ​ကြေညာစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

  • မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

    မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

    နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၅ နှစ်အကြာ သမ္မတလုပ်ရန် ကြံစည်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ် အမည်စာရင်းများ မကြာမီရက်ပိုင်းက ထွက်ပေါ်လာသည်။

    အဓိကသော့ချက်ကျသည့် တပ်ချုပ်နေရာကို ၎င်း၏အနီးကပ်လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ပေးလိမ့်မည်ဟု ခန့်မှန်း ရေးသား ပြောဆိုမှုများရှိသော်လည်း ယခုထွက်ပေါ်လာသည့် စာရင်းအရ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လျာထားသည်ကို တွေ့ရသည်။

    မတ် ၁၃ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀ ဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့် ဩဝါဒခံယူပွဲ၌လည်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပတ်သက်၍ ၎င်းနှင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့သူအဖြစ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုခဲ့သေးသည်။

    ယခု ထွက်ပေါ်လာသည့် အစိုးရနှင့် လွှတ်တော်တာဝန်ယူမည့်သူများ စာရင်းအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့ကို ခန့်အပ်ခဲ့ခြင်းက မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

    စစ်ခေါင်းဆောင် သမ္မတလုပ်မည့် အစိုးရအဖွဲ့တွင် ဒုသမ္မတ (၁)မှာ ကိုကိုးကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လက်ရှိ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောဟု ဖော်ပြထားပြီး တိုင်းရင်းသားတဦးကို နေရာပေးလေ့ရှိသည့် အစဉ်အလာအရ ဒုသမ္မတ(၂) နေရာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ကချင်အမျိုးသမီး ဒေါ်ဒွဲဘူ ဖြစ်လာမည်ဟု ဆိုထားသည်။

    ရှေ့နေတဦးဖြစ်သည့် ဒေါ်ဒွဲဘူသည် ၂၀၁၀ ရွေးကောက်ပွဲကတည်းက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အင်ဂျန်းယန်မြို့နယ်ကို အခြေပြုကာ လွှတ်တော်တွင်း ရောက်လာသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီကို ကိုယ်စားပြုသော်လည်း ရှုံးနိမ့်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့်အခါ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၌ အဖွဲ့ဝင် ဖြစ်သည်။

    ထို့နောက် ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)သို့ ကူးကာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅) ၌ အနိုင်ရခဲ့သည်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာကို လက်ရှိ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးဟု ဆိုထားပြီး ဒုဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင်၏ အားကစားနှင့် လူငယ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှစ်ခုကို ကိုင်ထားသည့် ကချင်လူမျိုး Jeng Phang နော်တောင်အား တင်မြှောက်မည်ဟု သိရသည်။

    ၎င်းတို့အား အမှန်တကယ် တင်မြှောက်ခြင်းရှိမရှိ မနက်ဖြန် ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ အဖြေ ထွက်ပေါ်လာမည် ဖြစ်သည်။

    အခြားသော အစိုးရအဖွဲ့ဝင်များအနေဖြင့် သမ္မတရုံးဝန်ကြီးအဖြစ် ဦးစိုးသိန်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ဒုဝန်ကြီး ဦးသက်ဆွေတို့အား ခန့်အပ်မည်ဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းသည်လည်း အစိုးရအဖွဲ့ဝင်အတွင်း ပါဝင်လာမည်ဟု ဆိုသည်။

    ထို့ပြင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များထဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူ၊ ကရင်နီပြည် (ကယားပြည်နယ်) ဝန်ကြီးချုပ်အဖြစ် ဦးအံ့မော်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးအေးကျော်၊ မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးတင်ကိုကိုတို့ အား ခန့်အပ်ရန်လျာထားကြောင်း အဆိုပါ ထွက်ပေါ်လာသည့်စာရင်းက ဆိုသည်။

    အဆိုပါစာရင်းအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဦးခင်ရီ၊ ဦးညိုစော၊ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အပါအဝင် အစိုးရအဖွဲ့သစ်၏ ထိပ်ပိုင်းခေါင်းဆောင်အများစုသည် နိုင်ငံတကာ၏ စီးပွားရေးနှင့် ခရီးသွားလာမှုကန့်သတ်ချက် (Sanctions) ထိထားသူများဖြစ်ပြီး ဒေါ်ဒွဲဘူကဲ့သို့သော တိုင်းရင်းသား ကိုယ်စားလှယ်အချို့သာ ဆန်ရှင်စာရင်း၌ မပါဝင်သေးသည်ကို တွေ့ရသည်။

    ထို့ပြင် အစိုးရသစ်၏ သမ္မတအဖြစ် တာဝန်ယူရန် ပြင်ဆင်နေသည့် စစ်ခေါင်းဆောင်သည် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများသာမက ၂၀၂၄ နိုဝင်ဘာလအတွင်းကလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အစိုးရရှေ့နေများ၏ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းကိုပါ ခံထားရသူ ဖြစ်သည်။

    စစ်ကော်မရှင် ကြေညာချက်အရ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော် အစည်းအဝေးများကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး သမ္မတများ ရွေးချယ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုလည်း ယခု မတ်လကုန်ပိုင်း တွင် ခေါ်ယူကာ အစိုးရအဖွဲ့သစ်အား အတည်ပြုဖွဲ့စည်းသွားမည် ဖြစ်သည်။

    အာဏာသိမ်းစစ်ကော်မရှင်က ဦးစီးကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က မဲအများဆုံး အနိုင်ရရှိခဲ့ရာ လွှတ်တော်နှစ်ရပ်လုံး၌ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး အမည်ခံအစိုးရသစ်ကို စစ်ဘက်နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းလာခြင်း ဖြစ်သည်။

    ပုံစာ – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အမည်ခံအစိုးရသစ်အဖွဲ့

  • ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့  ပါတီရဲ့ဥက္ကဋ္ဌ ကြီးက  သမ္မတမလုပ်ရဘူး။

    ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့ ပါတီရဲ့ဥက္ကဋ္ဌ ကြီးက သမ္မတမလုပ်ရဘူး။

    မင်းတို့ဟာကလည်းကွာ

    ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့

    ပါတီရဲ့ဥက္ကဋ္ဌ ကြီးက

    သမ္မတမလုပ်ရဘူး။

    ကျုပ်တို့အစိုးရ

    ကျွန်တော်တို့အစိုးရလို့

    ပြောပြောနေတဲ့ ဟိုလူကြီးတသိုက်တော့

    ဘာတွေပြောဦးမယ်မသိ။

    လွှတ်တော်က ထိန်းကျောင်းမယ် ဘာညာမပြောနဲ့

    ခင်ဗျားတို့နောက်ကျောကိုလည်း

    ပြောင်းကထောက်ထားတယ်ဆိုတာ

    ဒီဖြစ်စဉ်ကသက်သေပြတာပဲ။

    အကယ်ဒမီစာရင်းပေါက်သလိုပဲ

    စစ်အုပ်စုစာရင်းကလည်း

    ညကတည်းကထွက်နေတာ။

    သမ္မတ- ဦးမင်းအောင်လှိုင်

    ဒုသမ္မတ(၁) ဦးညိုစော

    ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ

    ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ- ဦးခင်ရီ

    ဒုဥက္ကဋ္ဌ -ဦးမောင်မောင်အုန်း

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

    ဦးအောင်လင်းဒွေး

    ဒုဥက္ကဋ္ဌ – ဦးလှမိုး

    ကာကွယ်ရေးဦးစီးချုပ်( ကြည်း/ ရေ/လေ) – ဗခမကစိုးဝင်း

    ဟုတ်မဟုတ်တော့ စောင့်ကြည့်ပေါ့။

    အနိုင်ရပါတီဥက္ကဋ္ဌ က သမ္မတမလုပ်ရတော့

    ရီးလုပ်ရမှာလားဆိုပြီး

    ဒက္ခိဏအဝိုင်းပေါ်တက်ပြီး

    အော်သာဆဲလိုက်ပါတော့။

    T.H.A

    သန်းထိုက်အောင်

  • Tay ချင်လောက်အောင် ကံဆိုးနေပါစေ ဘယ်ဗေဒင် ယတြာမှမလို ဒီဂါထာထုံအောင်သာ ရွတ်

    Tay ချင်လောက်အောင် ကံဆိုးနေပါစေ ဘယ်ဗေဒင် ယတြာမှမလို ဒီဂါထာထုံအောင်သာ ရွတ်

    ဘဝမှာ Tay ချင်လောက်အောင် ကံဆိုးနေပါစေ ဘယ်ဗေဒင် ယတြာမှမလို ဒီဂါထာထုံအောင်သာ ရွတ်နေပါ 🙏🙏

    ဘဝမှာ ဘယ်လောက်ပဲ ကံဆိုးနေပါစေ… ဘယ်ဗေဒင်ယတြာမှ မလိုဘဲ ကုစားနိုင်မည့် “ဓမ္မစက် ဂါထာတော်ကြီး”

    လောကဓံတရားရဲ့ ရိုက်ခတ်မှုကြောင့် ဘဝမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာ၊ အကြွေးသံသရာပတ်နေတာ၊ ဝင်ငွေမရှိ မိသားစုရေး အဆင်မပြေတာနဲ့ စိတ်ဓာတ်ကျ အားငယ်နေတာမျိုးတွေကို လူတိုင်း ကြုံတွေ့ရတတ်ပါတယ်။

    ဒီလို အခက်အခဲတောင်ကြီးကို ငါကျော်နိုင်ပါ့မလားလို့ တွေးပူနေသူတွေအတွက် ဘယ်ဗေဒင်ယတြာမှ မလိုအပ်ဘဲ မိမိကိုယ်တိုင် အားကိုးအားထားပြုနိုင်တဲ့ ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ “ဓမ္မစက် ဂါထာတော်ကြီး” ကို ဖော်ပြပေးလိုက်ပါတယ်။

    ဒီဂါထာတော်ကို စိတ်ပါလက်ပါ ထုံအောင် ရွတ်ဖတ်ပူဇော်နေခြင်းဖြင့် ထူးခြားတဲ့ အကျိုးကျေးဇူးတွေကို ခံစားရစေမှာ ဖြစ်ပါတယ်။

    တကယ်လုပ်ရင် တကယ်ဖြစ်တဲ့ ဓမ္မစက် ဂါထာတော်ကြီးကို အောက်ပါအတိုင်း ပူဇော်နိုင်ပါတယ် –

    📜 ဓမ္မစက် ဂါထာတော်ကြီး

    ဣတိပိ ပိဋကတ္တယံ အနိစ္စံ ဒုက္ခံ အနတ္တံ သဗ္ဗေ

    ဟေတုဇဂါ အပ္ပဋိကော မဂ္ဂါ စေတပဋ္ဌာနံ သဗ္ဗဿ ဣန္ဒြေ

    သဟဿ သုရိယော ဩဘာသေဟော မေတ္တာနံ ရာဇာဘယံ

    စေရဘယံ ဥဒကာဘယံ အဂ္ဂိဘယံ သတ္ထဘယံ သဗ္ဗဘယံ

    ဇေယျော ဇေယတ္တံလံ အနိစ္စံ သစ္စံ ပဋိစ္စသမုပ္ပန္နံ

    ဝေယေ ဝေယေ ဝိရာဂဗေ နိရောဓဗေ သမတိ။

    ဘဝရဲ့ အခက်အခဲတွေကို ဘာသာရေး၊ တရားဓမ္မနဲ့ ရင်ဆိုင်ကျော်ဖြတ်ခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    စိတ်ဓာတ်ကျနေသူတွေနဲ့ လမ်းစပျောက်နေသူတွေအတွက် ဒီဂါထာတော်လေးက အထောက်အပံ့ ဖြစ်စေမှာမို့ မိမိရဲ့ မိတ်ဆွေ သူငယ်ချင်းတွေပါ မြင်တွေ့နိုင်ဖို့ ဝိုင်းဝန်း မျှဝေပေးကြပါဦးခင်ဗျာ။

    မိဘပြည်သူတို့ရော… ဒီဂါထာတော်ကို ရွတ်ဖတ်ပြီး ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ခံစားရဖူးလား?

    ဇလွန် ပြည်တော်ပြန် ဘုရားရဲ့ စိတ်ဝင်စားဖွယ် နောက်ခံ ဖြစ်ရပ်များ

    စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာက အရင်က ဇလွန်ပြည်တော်ပြန်ဘုရားဆိုတာ ဇလွန်က တန်ခိုးကြီးတဲ့ ပြည်တော်ပြန်ဘုရားတစ်ဆူ ဆိုတာလောက်ပဲ သိထားတဲ့အတွက်ပါ။ ဒီဘုရားရဲ့ နောက်ခံဇာတ်လမ်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ စိတ်ဝင် စားဖို့တော်တော်ကောင်းတာနဲ့ ပြန်လည်ဝေမျှရေးသားလိုက်ပါတယ်။

    မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင် ဟာ ရခိုင်ပြည်သို့ ကြွရောက်ပြီး သ၇ဏဂုံ သီလဖြင့် ချီးမြှင့်ခဲ့တာ ကြောင့် ဓည၀တီတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ မြတ်စွာဘုရားကို ကြည်ညိုလွန်းတဲ့ ရခိုင်ဘုရင် စန္ဒသူရိယမင်းက ရုပ်ထုတော်လေးဆူကို သွန်းလုပ်ခဲ့ပါတယ်။

    ပထမဆုံး ဘုရားရှင်ရင်ငွေ့တော်ပေးထားတဲ့ မဟာမြတ်မုနိ၊ ဒုတိယ သွန်းလုပ်တော်မူသော ဘုရားကို ရှင်ကျော်မုနိ၊ တတိယ သွန်းလုပ်တော်မူသော ဘုရားကို ရွှေဘုံသာမုနိ၊ စတုတ္တသွန်းလုပ်တော်မူသောဘုရားကို မာရ်အောင်မြင် ဟူ၍ ဘွဲ့တော်များပေးခဲ့ပြီးလျှင် ကိုးကွယ်ကြည်ညိုခဲ့ပါတယ်။ ထိုမြတ်စွာဘုရား ၄ ဆူတို့မှာ အစဉ်အတိုင်းဥာဏ်တော်ငယ်ကြ၍ နောက်ဆုံးသွန်းလုပ်သောဘုရားကို မာရ်ငါးပါးအောင်မြင်တော်မူသော မြတ်စွာဘုရားရှင်၏ အမည်ကိုယူ၍ မာရ်အောင်မြင် မြတ်စွာ ဘုရားဟု ခေါ်ဝေါ်သမုတ်ခဲ့တယ်လို့ သိရပါတယ်။

    မဟာမြတ်မုနိဘုရား၏ လက်ယာဘက်မှာရှိတဲ့အတွက် လက်ယာရုပ်ပွားတော်ဟုခေါ်ပြီး ကြေးပိသာချိန် ၆၆၆ ပိသာ နှင့် ၆ ကျပ်သား ရှိပါတယ်။ ထိုဘုရားလေးဆူကို စန္ဒာသူရိယမင်းမှ စ၍ ရခိုင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဓည၀တီဟာ ဘိုးတော် ဘုရားရဲ့သားတော် အိမ်ရှေ့ဥပရာဇာရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ သားတော်အိမ်ရှေ့မင်းဟာ စစ်နိုင်ပစ္စည်းအဖြစ် မဟာမြတ်မုနိ၊ မာရ်အောင်မြင်ဘုရား နှင့် ရွှေဘုံသာဘုရားတို့ကို သိမ်းယူကာ တောင်ကုတ်လမ်းမှ ပင့်ဆောင်ခဲ့ပါတယ်။ ဒေသခံရခိုင်များအတွက် ရှင်ကျော်ဘုရားကို ထားရစ်ခဲ့ပါတယ်။

    အိမ်ရှေ့မင်းသားဟာ ကျန်ရုပ်ပွားတော် နှစ်ဆူကို ဧရာ၀တီမြစ်အတိုင်း ဆန်တက်ပင့်ဆောင်ခဲ့ပြီး အမရပူရသို့ ဆိုက်ရောက်လျှင် မြို့တော်၏ မြောက်ပြင်( ယခုမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးတည်ရှိ ရာ) နေရာတွင် မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပျော်ရန် တန်ဆောင်းကြီး ဆောက်လုပ်လျှက် ကိုးကွယ်ခဲ့ပါတယ်။ မာရ်အောင်မြင်ဗုဒ္ဓရုပ်ပွားတစ်ဆူကိုကား နန်းတော်အတွင်းသို့ ပင့်ဆောင်ကာ နန်းတော်ဦး၌ ထားလျှက် ရွှေပြသာဒ်တော်ကြီး ဖြင့် တည်ထားကိုးကွယ်ခဲ့ပါတယ်။

    ဘိုးတော်မင်း၊ အိမ်ရှေ့မင်း၊ ဘကြီးတော်၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်းတို့တိုင်အောင် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခဲ့ကြပါတယ်။ မာရ်အောင်မြင် ဗုဒ္ဓရုပ်ပွားတော်မှာ ရခိုင်မှပင့်ဆောင်စဉ်က ဘွဲ့ပေး အမည် ဖြစ်ခဲ့သော်လည်း ဘုရင်အဆက်ဆက် နန်းတော်ဦးတွင် တည်ထား ကိုးကွယ်ခဲ့သဖြင့် မာရ်အောင်မြင်အမည်ပျောက်ကာ “ နန်းဦးဘုရား ´´ ဟု အမည်တွင်ခဲ့ပါတယ်။

    ကနောင်မင်းသားကြီးက ဤရုပ်ပွားတော်အား အမြဲမပြတ်ကိုးကွယ်ခဲ့သဖြင့် “ မင်းတပ်ဘုရား ´´ ဟုလည်း အမည်တွင်ခဲ့ပါသေးတယ်။ ( မင်းတပ်မှာ ကနောင်မင်းသား၏ ငယ်နာမည်ဖြစ်ပြီး အကြီးမင်းတုန်း၊ အငယ်မင်းတပ်ဟု သိမှတ်ကြသည် )

    ပုဂံမင်းလက်ထက်တွင် တစ်ဖက်မှ အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပွားနေသလို တစ်ဖက်ကလည်း မင်းတုန်း၊ ကနောင်ညီနောင်၏ ပုန်ကန်မှုကို ခံရသဖြင့် နိုင်ငံအရေးမှာ ရှုပ်ထွေးလျက်ရှိပါတယ်။ ပုဂံမင်း ၏ မိဖုရား မဟာရတနာဒေဝီတွင် မောင်တစ်ယောက်ရှိပါတယ်။ ဦးရွှေပွင့်ဟုခေါ်ပြီး ဇလွန်မြို့သူကြီးဖြစ်ပါတယ်။ မိဖုရားကြီးက ချစ်မြတ်နိုးတော်မူ၍ မောင်တော် ဟု ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။

    မာရ်အောင်မြင်ဆင်းတုတော်ကို ဖူးပြီးသည်မှစ၍ ဦးရွှေပွင့်မှာ အကြံတစ်ခုပေါ်လာပါတယ်။ ထိုအကြံမှာ မိမိ၏ ဇလွန်မြို့တွင်လည်း မာရ်အောင်မြင်ဘုရားကဲ့သို့ ဆင်းတုတော်တစ်ဆူ ထုလုပ်ပူဇော်ရန် ဖြစ်ပါတယ်။

    ထိုအကြောင်း ဇလွန်ပြည်သူတို့အား တင်ပြရာ ထောက်ခံကြပြီး ရုပ်တုတော်ကြီး သွန်းလုပ်ရန် ရွှေ၊ ငွေ၊ ကြေး တို့အပြင် လက်ဝတ်ရတနာ များကိုလည်း ထည့်ဝင်လှူဒါန်းကြပါတယ်။ ဤတွင်မြို့သူကြီး မောင်ရွှေပွင့်သည် နေပြည်တော်ကိုသွားကာ ပညာရှင် မောင်မောင်လတ်ကို ကြေးဆင်းတု သွန်းလုပ်ခြင်း အလုပ်ကို လုပ် ဆောင်ပါတော့တယ်။ ထိုအချိန်တွင် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်နေပြီဖြစ်သဖြင့် မြို့ရွာများမှာ မငြိမ်သက်ကြ။ မိဖုရားကြီးက မောင်ရွှေပွင့်အား ဇလွန်သို့ ပြန်ပြီး နေရန် စေလွှတ်သော်လည်း “ ဘုရားဆင်းတု မပင့်သွားပဲနဲ့ မြို့သူမြို့သားတွေကို မျက်နှာဘယ်လိုပြမလဲ ´´ ဟူသောစကားဖြင့် မောင်ရွှေပွင့်ကမပြန်။ နိုင်ငံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာရာ မိဖုရားကြီးဟာ မောင်ရွှေပွင့်ကို အတင်းပြန်လွှတ်ပါတော့တယ်။

    ဤတွင်မောင်ရွှေပွင့်က “ လက်ချည်း ဗလာပြန်သွားလျှင် မျက်နှာမလှဖြစ်မည်။ ဒါကြောင့် ကျွန်တော်မျိုး သွန်းလုပ်နေတဲ့ ဘုရားအစား နန်းဦးဘုရားကို မြို့သူမြို့သားများ ဖူးမျှော်စေဖို့ ဇလွန်သို့ ခဏပင့်သွားမည်။ သွန်းလုပ်သောဘုရားပြီးသောအခါ နန်းဦးဘုရားကို ပြန်လာပေးပါမည် ´´ ဟု မိဖုရားကြီးအား လျှောက်လေသည်။ မိဖုရားကြီးက သဘောမတူသော်လည်း မူးမတ်များကပါ ခေတ္တခဏပင့်ဆောင်ခြင်းကို ခွင့်ပြုသင့်ကြောင်း ပါဝင် တောင်းပန် ကြသောကြောင့် နောက်ဆုံးတွင် ခွင့်ပြုလိုက်ရပါတယ်။ သို့ဖြင့် နန်းဦးဘုရားသည် ဇလွန်သို့ ရောက်သွားပါတော့တယ်။

    မြို့သူမြို့သားတို့သည် မာရ်အောင်မြင်ဆင်းတုတော်ကို တွေ့ကြသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ဦးရွှေပွင့်က ယခုဆင်းတုကား ရခိုင်မှပင့်လာသော နန်းဦးဆင်းတု ဖြစ်ကြောင်းပြောသော်လည်း ပြည်သူများက မယုံကြည်ကြပေ။ မာရ်အောင်မြင်ဘုရားကြီးသို့ လာရောက်ဖူးမျှော်ကြည်ညိုကြသည်မှာ မပြတ်စည်ကားလျက်ရှိသည်။ ရက်များမကြာမီ မိဖုရားကြီးထံမှ သွန်းလောင်းသည့် ဆင်းတုတော်ပြီးပြီဖြစ်၍ မာရ်အောင်မြင် ဆင်းတုတော်နှင့် လာရောက်လဲလှယ်ရန် အထောက်တော်များ လာရောက်ရာ ဦးရွှေပွင့်က ဘုရားဖူးများစည်ကားနေသဖြင့် ခေတ္တမျှ ဆိုင်းငံ့ထားပါရန် ပြန်လျှောက်ထားလိုက်သည်။

    ထိုအချိန်တွင် ဇလွန်၌ မီးအကြီးအကျယ် လောင်လေသည်။ ဘုရားတန်ဆောင်း ကျောင်းပတ်ဝန်းကျင်ရှိ အိမ်တိုင်းလိုလို မီးထဲပါသွားသည့်အပြင် လူတချို့ သေဆုံးခဲ့ရသည်။ သို့သော်နန်းဦး ဆင်းတုတော်ကြီးကား မီးကွင်း၍ ကျန်ရစ်ခဲ့ရပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အောက်မြန်မာပြည်ဟာ အင်္ဂလိပ်တို့ရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ နေပြည်တော်တွင်လည်း ပုဂံမင်းကို နန်းချပြီး မင်းတုန်းမင်းနန်းတက်သဖြင့် နန်းကျမိဖုရားကြီးမှာ သြဇာမရှိတော့။ ဘုရားကြီးကိစ္စကို အမှာတော်မပြုပဲ လစ်လျှုပြုထားလိုက်တော့သည်။

    အင်္ဂလိပ်တို့သည် ကြေးပိုက်ဆံများ ပြုလုပ်ရန် ကြေးဆင်းတုတော်များစွာ နှင့် ကြေးအိုး ၊ ကြေးခွက် ၊ ကြေးစ အများအပြားကို အင်္ဂလိပ်စစ်ဗိုလ် “ ဆာဂျွန်ဆပ် ´´ ၏ အမိန့်နှင့် သိမ်းကျုံးယူဆောင်သွားကြရာ ၁၂၁၇ ခုနှစ်တွင် နန်းဦးဆင်းတုတော်ကြီးမှာလည်း ရွှေချိန် အမည်ရှိသော သင်္ဘောဖြင့် အိန္ဒိယပြည် ဘုံဘေမြို့သို့ ပါသွားခဲ့၇သည်။

    ဤအကြောင်းကို ကနောင်မင်းသားကြီး သိသွားတဲ့အခါ စိတ်မကောင်းရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။ နန်းဦးဆင်းတုမှာ ဘုံဘေသို့ပါသွားသဖြင့် ပြန်ရဖို့ မျှော်လင့်ချက် မဲ့ရတော့သည်။ဤသို့ဖြင့် နန်းဦးဆင်းတုလစ်လပ်နေသော နေရာတွင် ဦးရွှေပွင့်သွန်းလုပ်ထားသော ကြေးဆင်းတုတော်ကြီးကို ပင့်ဆောင်တင်ထားလိုက်လေသည်။

    အင်္ဂလိပ်တို့သည် ရသမျှဆင်းတုတော်များနှင့် ကြေးပစ္စည်းများကို ဂိုထောင်တစ်ခုတွင် ထည့်ကာ တဖြည်းဖြည်း ဖိုကျင်းထိုး အရည်ကျိုပြီး ကြေးပိုက်ဆံများ အဖြစ်ပြောင်းပစ်လိုက်ပါတယ်။ အခြားဆင်းတု နှင့် ပစ္စည်းများကို ကျိုရာ၌ အလွယ်တကူ အရည်ပျော်သွားကြသော်လည်း နန်းဦးဆင်းတုတော်ကြီးကို ဖို ၄ လုံး ဆိုင်ကာ ထိုး၍ ကျိုချက်ကြသော်လည်း အရာပင်မထင် မူလအတိုင်းပဲ ရှိလေသည်။

    ထူးခြားသည်ကား ထိုအချိန်တွင် ကောင်းကင်သည် ရုတ်ချည်းမဲမှောင်လာလျက်မိုးမှောင်ကြီးကျကာ မိုးသည်းလေသည်။ အရည်ကျိုခြင်း အလုပ်ကို လုပ်ကြသော အိန္ဒိယလူမျိုး ၆၄ ယောက်လည်း သွေန်းအန်ပြီး တပြိုင်တည်း သေဆုံးသွားကြတယ်လို့ သိ၇ပါတယ်။

    အင်္ဂလန်၌ ရာဇဘိသိက် ခံယူပြီးသော ဝိတိုရိယ ဘုရင်မကြီးသည် မိမိ၏ ကိုလိုနီနယ်သစ်ဖြစ်သော အိန္ဒိယပြည် ဒေလီမြို့သို့ တွင် ခေတ္တလာရောက် စံမြန်းနေရာ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရသည်။ ဆေးပညာရှင် ဆရာဝန်အမျိုးမျိုးကို ကုသစေသော်လည်း သက်သာခြင်းမရှိ။ တစ်ညတွင် ဘုရင်မကြီးသည် ထူးဆန်းသော အိပ်မက်တစ်ခုကို မက်လေသည်။ အိပ်မက်ထဲ၌ ဝတ်ဖြူစင်ကြယ်နှင့် သူတော်စင်တစ်ဦးက ဘုရင်မကြီးအား-

    “ ဘုရင်မကြီး…ဘုရင်မကြီးရဲ့ ခေါင်းကိုက်ဝေဒနာကို သေချာစွာ ပျောက်ကင်းလိုလျှင် မြန်မာပြည်မှ ယူဆောင်ခဲ့သော နန်းဦးဆင်းတုကို မူလအရပ်သို့ ပြန်၍ ပို့ရမည်။ မပို့ပါက ဘုရင်မကြီးအသက် အန္တရာယ်ဖြစ်ပါလိမ့်မည် ´´ ဟု ပြောသွား၏။

    ဘုရင်မကြီး အိပ်မက်မှနိုးလျှင် ကြက်သီးမွှေးညှင်းများထကာ ထိတ်လန့် တုန်လှုပ်ကြောက်ရွံ့ကာ အမှုထမ်းများကို ခေါ်လျှက် အကြောင်းဖြစ်အင်ကို ပြော၍ နန်းဦးဆင်းတုတော်ဆိုသည့် အရာကို ကြေးဂိုထောင်ထဲတွင် သွားရောက် ရှာဖွေစေပါတယ်။ အမှုထမ်းများမှာ ဘုရင်မကြီးရှာခိုင်းလို့သာ ရှာခိုင်းသော်လည်း နန်းဦးဘုရားဆိုတာ ဘာမှန်းသေချာမသိပါချေ။ ဂိုထောင်ထဲရှိ ဆင်းတုတော်မျိုးစုံ နဲ့ အခြားပစ္စည်းများမှာ မှောက်ခုံ ပက်လက် ဘေးစောင်း စသည် ရှိနေကြသော်လည်း တစ်ဆူတည်းသော ဘုရားမှာမှု အရှေ့ဘက်သို့မျက်နှာမူလျက် တင့်တယ်စွာစံပါယ်နေကြောင်း အမှုထမ်းများ တွေ့ရှိလိုက်ရသည်။ ထူးခြားသည်ကား ထိုဘုရားသည် နေမင်းအရောင်ကဲ့သို့ ဝင်းပြောင်လျက် ရောင်ခြည်တော်များ တဖျပ်ဖျပ်လက်နေခြင်းပင်။

    ဤကဲ့သို့ထူးခြားသော ဘုရားသည် ဘုရင်မကြီးမြင်မက်သည့် အိပ်မက်ထဲက ဘုရားဖြစ်လိမ့်မည်။ ဤသို့ဖြင့် ဘုရင်မကြီးသည် နန်းဦးဆင်းတုတော်အား မြန်မာပြည်၏ မူလနေရာသို့ အမြန်ဆုံးသွားရောက်ပြန်ထားရန် အမှုထမ်းများအား လွှတ်လိုက်ပါတော့တယ်။ နန်းဦးဆင်းတုအား သင်္ဘောထက်တွင်တင်၍ သင်္ဘောစထွက်သည်နှင့် ဘုရင်မကြီး၏ ခံစားနေရသော ခေါင်းကိုက်ဝေဒနာမှာ ယူပစ်လိုက်သကဲ့သို့ ကင်းရှင်းစွာ ပျောက်ကင်းသွားရာ ဘုရင်မကြီးလည်း အထူးပင် ယုံကြည်သွားတော့သည်။

    ဘုရင်မကြီး အမိန့်တော်အတိုင်း ဆင်းတုတော်အား မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြပါတယ်။ သို့သော် မြို့မှားပို့မိ၍ ဇလွန်အစား ဟင်္သာတသို့ ရောက်သွား၏။ ဟင်္သာတမြို့အနီး သောင်စပ်တွင်ထားပစ်ခဲ့ကာ သင်္ဘောသည် အိန္ဒိယသို့ပြန်သွား၏။ သောင်စပ်တွင် ထီးထီးမားမား ဖြစ်နေသော ဆင်းတုတော်ကြီးကို တံငါးသမားတို့မြင်ရလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် လူအများ ကိုဟစ်အောင်စုရုံးကြပြီး ကမ်းနဖူးပေါ်ရှိ ငါးမျက်နှာတန်ဆောင်းအတွင်းသို့ ခေတ္တထား၍ ပူဇော်ကြပါတယ်။ ချက်ချင်းပင် ပေါ်တော်မူ ဘုရားဟုနာမည်ကြီးသွားကာ မြို့ရောတောပါ မကျန် ရဟန်းရှင်လူအများ စည်ကားစွာ လာရောက်ဖူးမျှော်ကြပါတယ်။

    သိပ်မကြာမီ ဇလွန်မြို့ပိုင်သည် အရေးပိုင်မင်းနှင့် တွေ့ဆုံရန်အတွက် ဟင်္သာတသို့ ရောက်လာခဲ့ပါတယ်။ လူအများ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အကြောင်းကို စုံစမ်းရာမှ ပေါ်တော်မူဘုရားကြီးကြောင့်ဆိုတာ သိသွားပြီး မိမိလည်းဖူးမျှော်ဦးမှဆို၍ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ဘုရားကြီးကို မြင်လိုက်စဉ်မှာပင် မိမိတို့ဇလွန်မှ အင်္ဂလိပ်တို့ သိမ်းယူသောဘုရားနှင့် အလွန်တူကြောင်း တွေ့သွားပါတော့တယ်။ ဒါနဲ့ ယင်းကိစ္စကို မည်သူ့ကိုမျှ မဟခဲ့ပဲ မိမိကိစ္စပြီးသည်နှင့် ဇလွန်သို့ အမြန်ဆုံးပြန်ခဲ့ပါတော့တယ်။ ဇလွန်သို့ရောက်လျှင် ဇလွန်ရှိ ဆရာတော်ဦးဖြူအား ဘုရားကြီးကို ထိုသို့ တွေ့ခဲ့ကြောင်း လျှောက်တဲ့အခါ ဆရာတော်ဦးဖြူလည်း လှေတစ်ဆယ့်နှစ်စင်း နှင့် တကာတကာမများကို စုရုံးခေါ်ကာ ပေါ်တော်မှုဘုရားကြီးအား ဖူးရန် ချက်ချင်းပင် ဟင်္သာတကို ကြွသွားခဲ့ပါတယ်။

    ဘုရားသို့ရောက်သော် မိမိအမြဲဖူးနေသော မာရ်အောင်မြင်ဆင်းတုတော်မှန်း ဆရာတော်ဦးဖြူ အတပ်သိလိုက်၏။ အရေးပိုင်မင်းထံသို့သွားကာ မိမိတို့ဇလွန်မှ ဘုရားကြီးဖြစ်ကြောင်း အကျိုးအကြောင်း ပြောပြပါတယ်။ မြို့ပိုင်မင်းလည်း ရပ်မိရပ်ဖများ နှင့် သံဃာများကိုခေါ်ကာ ဤအရေးသည် သာသနာအရေး ဖြစ်သောကြောင့် သံဃာများနှင့်သာ သက်ဆိုင်ပါကြောင်း၊ သို့ဖြစ်၍ လူကြီးမင်းတို့ နှစ်သက်သော ဆရာတော်တစ်ပါးကိုပင့်၍ ဇလွန်မြို့မှ ဆရာတော်ဦးဖြူ နှင့် ညှိနှိုင်းပါစေဟု ဆုံးဖြတ်လိုက်ပါတယ်။

    ဟင်္သာတဘက်မှ လူကြီးများလည်း ဆရာတော်ဦးဖြူထက် အသက်သိက္ခာ ဝါတော်ကြီးသော ကြေးကန်ဆရာတော်ကိုပင့်၍ ဆရာတော်ဦးဖြူနှင့် ညှိနှိုင်းစေပါတယ်။ ကြေးကန်ဆရာတော်က- “ အရှင်ဘုရားတို့ ဇလွန်မြို့မှ ဘုရားဆင်းတုဖြစ်ကြောင်း ဘာအထောက်အထားရှိ၍ ဤသို့ပြောနိုင်ပါသလဲ ´´ ဟု မေးရာ ဆရာတော်ဦးဖြူက- “ ဓမ္မခဏ်တော်က စာပါသောကြောင့် တပည့်တော် သိရပါသည်ဘုရား ´´ ဟု ပြန်လည်ဖြေ၏။ “ ဤစာကို ဆရာတော်ရွတ်ပြနိုင်ပါသလား ´´ ဟု ဆိုသော် ဆရာတော်ဦးဖြူကလည်း မိမိရွတ်ပြနိုင်ပါကြောင်း ပြန်လည်ဖြေ၏။

    ( မြန်မာနိုင်ငံတွင် သမ္ဗုဒ္ဓေစေတီတော်ကြီးနှင့် သမ္ဗုဒ္ဓေဂါထာ တန်ခိုးကြီးသကဲ့သို့ပင် မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးနှင့် စမ္မခဏ်ဂါထာ တန်ခိုးကြီးသည်ဟု ယုံကြည်ကြပါသည်။ စမ္မခဏ်ဂါထာ အပြင် သင်းကျစ်တော် ဂါထာ၊ လက်ဝဲလက်ရုံးဂါထာ၊ လက်ယာလက်ရုံး ဂါထာတော်များလည်း ရှိပါသည်။ )

    သို့ဖြင့် အနီးရှိရဟန်းတစ်ပါးအား ကြေးကန်ဆရာတော်က ဆင်းတုတော်မှ ဓမ္မခဏ်မှာရှိသော ဂါထာတော်ကို ရေးကူးခိုင်းပြီး ဆရာတော်ဦးဖြူ အလွတ်ပြန်ဆိုသည်နှင့် တိုက်ကြည့်ရာ တစ်ထပ်တည်းကျကြောင်း တွေ့ရပါတယ်။ ဆရာတော်ဦးဖြူပြောသည်မှာ မှန်ကန်ကြောင်း၊ ထို့ကြောင့် ဇလွန်မှ ဆင်းတုတော်ဖြစ်သည်မှာ မှန်ကန်ကြောင်း ထင်ရှားသွားပြီး ဇလွန်သို့ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဤတွင် ဟင်္သာတမြို့သူမြို့သားများက လက်မခံကြ၊ ကန့်ကွက်ကြသည်။ မိမိတို့နှင့်ထိုက်၍ မိမိတို့ဆီရောက်လာတာ မိမိတို့ဘုရားဟု ဆိုကာ သူတို့သာကိုးကွယ်ထိုက်သည်။ မပေးနိုင်ဟု တစ်ညီတစ်ညွတ်တည်း ငြင်းဆိုကြရာ အရေးပိုင်မင်းက နည်းလမ်းတစ်ခုဖြင့် ဖြန်ဖြေစေပါတယ်။

    ထိုနည်းလမ်းမှာကား ဆင်းတုတော်အား ဟင်္သာတမြစ်လယ်ရှိ ဖောင်ကြီး တစ်ဖောင်ပေါ်တွင်တင်ထားက တစ်ဖက်တွင် ဟင်္သာတမြို့မှလှေများကို ဆွဲစေပြီး၊ တစ်ဖက်တွင် ဇလွန်မြို့မှလှေများကို ဆွဲစေတဲ့ နည်း ဖြစ်ပါတယ်။ ဆင်းတုတော်ပါအောင်ဆွဲနိုင်တဲ့ မြို့က ကိုးကွယ်ကြဟု ဆိုရာ အားလုံးကျေနပ်ကြပါတယ်။ သို့ဖြင့် ကြီးမားသောဖောင်တော်ကြီးကို တစ်မုဟုတ်ချင်းစီစဉ်၍ ထိုဖောင်တော်တွင် ဆင်းတုတော်ကြီးကို စံမြန်းစေပါတယ်။ အရေးပိုင်မင်းနှင့် ဆရာတော်ဦးဖြူကိုလည်း ထိုဖောင်ပေါ်မှာ နေစေပြီး အပြိုင်ဆွဲကြပါ တော့တယ်။

    ထိုသို့ဆွဲရာတွင် အင်အားကတော့မမျှပါ။ ဟင်္သာတဘက်တွင် လှေပေါင်း ၃၈ စီး ရှိသော်လည်း ဇလွန်ဘက်မှာကား ၁၂ စီးပင် ရှိပါတယ်။ ဤသို့ဖြင့် အားပြိုင်ဆွဲကြရာ ဆင်းတုတော်သည် ဇလွန်ဘက်သို့ပါလေ၏။ သို့သော် ဟင်္သာတသားများက မကျေနပ်ကြသေး။ ဇလွန်ဘက်က ရေစုန်ဖြစ်၍ မိမိတို့က ရေဆန်ဖြစ်သောကြောင့် ဇလွန်ဘက်သို့ပါသွားတာဖြစ်ကြောင်း ငြင်းဆန်သဖြင့် ဘက်ပြောင်း၍ ဆွဲစေပါတယ်။ ထိုသို့ဆွဲစေသော်လည်း ဆင်းတုတော်သည် ဇလွန်မြို့ဖက်သို့သာ ပါ၏။ ဘယ်လိုပြိုင်ပြိုင်မနိုင်သဖြင့် ကံတရားကို ဥာဏ်များလို့မရမှန်း ဟင်္သာတသားတို့ သိသွား၏။ အရှုံးကိုဝန်ခံလိုက်ကြ၏။ သို့ဖြင့် “ ကိုယ်တော်ဘုရား… ငါးပိရည် နှင့် ချဉ်ရည်ဟင်း ဘုန်းပေးရအောင် ကြွတော်မူပေရော့ ဘုရား ´´ ဟု ဇလွန်သားတို့ မခံချင်အောင်စောင်းချိတ် ပြောဆိုလျက် ကြိုးကို လွှတ်လိုက်ရပါတော့တယ်။

    ဇလွန်သားတို့သည် အနိုင်ရလေလျှင် မြစ်စဉ်တလျှောက် အကအခုန် အတီးအမှုတ်များဖြင့် ဧရာ၀တီမြစ်ကို စုန်ဆင်းကာ ဘုရားကြီး၏ မူလနေရာဖြစ်သော ဇလွန်မြို့သို့ ပြန်လည် ပင့်ဆောင် လာပါတော့တယ်။ ဤသို့ဖြင့် ဇလွန်ပြည်တော်ပြန်ဘုရားကြီးသည် စန္ဒာသူရိယမင်း သွန်းလုပ်ခဲ့သော မာရ်အောင်မြင်ဘုရားဖြစ်ကြောင်း၊ အမရပူရနန်းဦးတွင် စံမြန်းခဲ့ကြောင်း ၊ အင်္ဂလိပ်တို့လက်သို့ပါပြီးနောက် ဟင်္သာ တမြို့သို့လည်း ရောက်ခဲ့သေးကြောင်း ၊ ပြီးမှသာ ဇလွန်သို့ပြန်ရောက်လာခြင်းဖြစ်ကြောင်း ဗဟုသုတအနေနှင့် ရေးသားတင်ပြလိုက်ပါတယ်။

    ကိုးကား။

    ကျိန်စာသင့်တဲ့သမိုင်းပုံရိပ်များ – သန်းထွန်း ( လှည်းကူး )

    ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး / ဘသန်းတင် – မြန်မာ့စွယ်စုံကျမ်း