Author: Baby Yit Lone

  • ဂျပေါင်ကုကို အချဉ်မမှတ်နဲ့

    ဂျပေါင်ကုကို အချဉ်မမှတ်နဲ့

    အနီတွေတင်မက အစိမ်းတွေကပါ ဘပုကို ပျော့တယ် ညံ့တယ်ဆိုပြီး အထင်မကြီးကြဘူး။

    ဒါပေမယ့် သေချာကြည့်တတ်ရင် ဘပုက သူဖြစ်ချင် သူလုပ်ချင်တဲ့ဟာတွေကို တစ်ခုခြင်းမဖြစ်ဖြစ်အောင် မဟာဗျူဟာကျကျလုပ်သွားတာတွေ့ရတယ်။

    ကျနော်ထင်တာကတော့ ဘပုက သေချာပေါက် သမ္မတလုပ်လိမ့်မယ်။

    နောက်ပြီး အရင်သမ္မတတွေဖြစ်တဲ့ ဘပြောင်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက် လုပ်ပိုင်ခွင့်ပါဝါပိုကြီးတဲ့သမ္မတဖြစ်လာလိမ့်မယ်။

    အခြားကြောင့်မဟုတ်ဘူး – လွှတ်တော်နဲ့အစိုးရအဖွဲ့ကို ထိန်းကြောင်းမယ့် အတိုင်ပင်ခံကောင်စီအဖွဲ့ ဖန်တီးလိုက်ပြီး အဲဒီအဖွဲ့ဝင်တွေကို သမ္မတက(သူ့စိတ်ကြိုက်)ခန့်အပ်နိုင်မှာရယ် …၊

    နောက်လာမယ့်ကာချုပ်သက်တမ်းကို ‌၅ နှစ်ပဲသတ်မှတ်လိုက်တာရယ်ကြောင့်ပဲ။

    နောက်ပြီး သမ္မတအဖြစ် အနည်းဆုံး ၂ကြိမ်လုပ်လိမ့်မယ်။

    အဲဒီလို ၂ ကြိမ်လုပ်ဖို့ဆိုရင် – လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ က အနှောက်အယှက်လိုဖြစ်လာမှာမို့ လွှတ်တော်သက်တမ်း တစ်နှစ်လောက်ဆိုရင် ဦးခင်ရီကို ဥက္ကဋ္ဌ နေရာကနေ အနုနည်းနဲ့ဖယ်‌ရှားပစ်လောက်တယ်။

    1. ဘပုသမ္မတဖြစ်လာလိမ့်မယ်။

    2. အရင်သမ္မတတွေထက် လုပ်ပိုင်ခွင့်ပါဝါပိုကြီးလိမ့်မယ်။

    3. သမ္မတသက်တမ်း ၂ ကြိမ် လုပ်လိမ့်မယ်။

    4. ဘပြောင်တုန်းကလို NLD ကို လွှတ်တော်ထဲပါဝင်ခွင့် မပြုလောက်ဘူး။

    5. လူအများခန့်မှန်းသလို အမေစုကို မြန်မြန်ဆန်ဆန်လွှတ်မပေးလောက်ဘူး။

    6. လွှတ်တော်သက်တမ်း တစ်နှစ်ဝန်းကျင်မှာ ဦးခင်ရီ ပါတီဥက္ကဋ္ဌအဖြစ်ကနေဖယ်ရှားခံရမယ်။

    Nay Win Htun

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

    ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း မရဘူးလေ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာတဦးက သူတို့ရဲ့ အတွေ့အကြုံနဲ့ အခက် အခဲတွေကို ပြောပါတယ်။

    မော်တော်ကားဆိုရင် ဝှီးတက်ရဲ့ နောက်ကျောက ဘားကုဒ်နဲ့ဖတ်ပြီး ဆိုင်ကယ်နဲ့ အိုးဝေတွေကို စက်သုံးဆီရောင်းချတဲ့ဆိုင်တွေက QR Code လုပ်ပေးကာ အဲ့ဒီ QR Code ကို scan ဖတ်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။

    650252624 952274217159023 3084211347150109664 N

    ” စောစောက လေးလေးဆိုရင် ဘားကုဒ်ဖတ်လိုက်တယ်၊ ဘားကုဒ်မှာ သူ့ကားနံပါတ်မဟုတ်ဘူး၊ ဒါပေမယ့် သူက 7 ကြီး ဘာကုဒ်မှာ ဖတ်လိုက်တော့ 8 နဲ့ပေါ်တာ အဲ့ဒါဆို ဒီနေ့ ဆီထည့်လို့မရဘူးလို့ပေါ်နေတာ တကယ်တန်း အုံနာဘုတ်မှာရော သူ့ရဲ့ ဝှီးတက်မှာရောက သူ့ရဲ့ 7G နဲ့ပါနေတာ ကျနော်တို့ဆိုင် တဆိုင်တည်းမဟုတ်ဘူး တခြားဆိုင်လည်း ဖတ်ခဲ့ပြီးသားရယ်၊ က.ည.န Error ပေါ်နေတာပေါ့ ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာက ပြောပါတယ်။

    ကားပိုင်ရှင်တဦးက ” ဆီဆိုင်က က.ည.န ကိုလွှတ်တော့ က.ည.န မှာလည်း လိုင်စင်သက်တမ်းတိုးတဲ့ကားတွေနဲ့ ပြည့်နေတယ်၊ ဘွတ်ကင် လည်းယူရမယ်တဲ့ အချိန်တွေပေးရမယ် ဆီကလည်း မရဆိုတော့ က.ည.န ကမှားတဲ့ အမှားက ပြည်သူကို ဒုက္ခရောက်စေတယ်” လို့ ပြောပါတယ်။

    အစိုးရ က ဆိုင်ကယ်တွေကို ၂ လီတာ၊ သုံးဘီး နဲ့ အိုးဝေတွေကို ၄ လီတာ၊ အိမ်စီးကား 92 95 က ၁၂ လီတာ၊ ဒီဇယ်က အိမ်စီးကားနဲ့ လိုက်ထရပ်တွေကို လီတာ ၂၀ ရောင်းချဖို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

    QR Code စနစ်ကတော့ ကားဝှီးတက်မှာပါတဲ့ ဘားကုတ်ကို QR စနစ်ထဲ ရိုက်ထည့်ပြီး တနေ့ကို တကြိမ်သာဆီထည့်ခွင့်ရှိမှာဖြစ်ပြီး ဆိုင်ကယ်တွေအနေနဲ့ကတော့ ဝှီးတက်မှာပါတဲ့ အချက်အလက်တွေအပေါ် ဆိုင်က QR Code ထုတ်ပေးတာတွေ Application နဲ့ အလိုအလျှောက် စစ်ဆေးတဲ့နည်းလမ်းကိုအသုံးပြုသွားမယ်လို့သိရပြီး မတ်လ ၁၂ ရက်နေ့ကစတင်ပြီး နေပြည်တော် ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျူအာကုတ် အသုံးပြုတဲ့စနစ်ကို စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။

    အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။

    အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။.

    စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းသည်ကပစ (၁၆)အနီးရှိ စခန်းများတဆင့် ၂ မိုင်ခန့်အကွာ အဝေးကို စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် မြေပြင်တွင်ထိတွေ့ တိုက်ပွဲဖြစ်နေခြင်းဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ်လေထီး၊ဒရုန်း၊အတွဲလိုက်ပစ်လက်နက်၊ဂျက်စသည်တို့ဖြင့်ပစ်ကူပေးနေတယ်သည်ဟုဆိုသည်။

    ကပစ (၁၆)နှင့် ၂ မိုင်ဝန်းကျင် အကွာဝေးကို တိုက်ပွဲရောက်ရှိလာရုံသာမက ကပစ (၁၆) အထဲသို့ပါ လက်နက်ကြီး ရှော့တိုက်ဒုံးပါ တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်သည် ကပစ (၁၆) မှ ဝန်းထမ်း စစ်မေ၊တပ်ဖွဲ့ဝင်မိသားစုများကို တခြားတပ်နယ်ဖက်သို့ ရွှေ့ပြောင်းထားရပြီး ကပစ (၁၆) ထဲတွင်လည်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြည့်တင်းထားသည်ဟုစစ်ရေးနီးစပ်သူများထံမှ သိရသည်။

    ၎င်းပြင်စစ်ကော်မရှင်တပ်သည်ညောင်ကျိုးကျေးရွာဖက်သို့ လေ​လာတောင်ဖက်မှတဆင့် ထိုးစစ်ဆင်နေမှုကြောင့် မတ်လ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေသည်ဟုလည်းဒေသခံစစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

    “လေလာတောင်ဖက်မှာရှိတဲ့ စကမတွေက ညောင်ကျိုးဖက်ထိုးတာပါ။အဲဒါကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်”ဟုပြောသည်။

    ဆင်လန်ကျေးရွာစခန်းမှတဆင့် လေ​လာတောင်စခန်းသော စစ်အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ယခုလို နောက်ထပ်တဖန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

    စစ်ကော်မရှင်သည် လေလာတောင်ရှေ့တန်းစခန်းများက AA ထိန်းချုပ်ထားသော ညောင်ကျိုးကျေးရွာဖက်ကို မကြာခဏ ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲလည်းမကြာခဏ ဖြစ်နေသည်ဟုသိရသည်။

  • ပန်ဆယ်လို ပြောပါပြီ

    ပန်ဆယ်လို ပြောပါပြီ

    ကိုမျိုးရန်နောင်သိန်းကို ကိုယ်အဓိက သဘောမကျတဲ့ကိစ္စက တစ်ခုခုဆို အပြင်မှာ ပြောလို့ရလျက်နဲ့၊ အပြင်မှာ စကားတွေလည်း ပြောနေလျက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ကို တက်တက်ရေးတဲ့ကိစ္စနဲ့ ပွဲဆို ကိုယ့်ကို အတင်းဆွဲဆွဲထည့်တဲ့ကိစ္စပဲ။

    အမြင်တွေ အယူအဆတွေ ကွဲလွဲတာက ကိစ္စမရှိဘူး။ ပြသနာလို့လည်း သဘောမထားဘူး။ ကိုယ်ကလည်း သူများကို ဘယ်လိုမြင်ပါလို့ လိုက်ပြုပြင်နေမှာ မဟုတ်သလို ကိုယ့်ကို ဘယ်လိုမြင်ပါ ဘယ်လိုရေးပါလို့ Influence လာလုပ်ရင် ဘယ်သူ့ကိုမှ လက်မခံဘူး။

    မကြည်ပြာကိစ္စမှာ ကိုယ်က တစ်စွန်းတစ်စ ဝင်ပါခဲ့တဲ့သူ မဟုတ်ဘူး။ ဝင်မပါလို့တောင် မပါရကောင်းလားဆိုပြီး တိုက်ခိုက်ခံရတာ။ ကိုယ်သိတဲ့လူတွေ အချင်းချင်း အရမ်းကွဲလွဲ ရန်တွေဖြစ်နေကြတာမို့ ဖြူသည်မဲသည် တစ်ခွန်းမှ ဝင်မပြောခဲ့တာ အခုထိပဲ။

    သတင်းစာရှင်းလင်းပွဲအပြီး ဆရာကြီးဒေါက်တာဇော်ဝေစိုးကို ဆဲဆိုတိုက်ခိုက်ကြတဲ့ကိစ္စအပေါ်မှာ ရေးဖြစ်ခဲ့တာပဲရှိတယ်။ မကြည်ပြာ နှုတ်ထွက်သွားတဲ့အခါ နှုတ်ထွက်ပါလို့ ရေးဖို့တောင် မမီတော့ဘူးဆိုပြီး ရေးနေတဲ့ ဆျာကြီးတွေကို လှမ်းခွီတဲ့ စတေးတပ်စ်အတိုတစ်ခုပဲ ရေးခဲ့တာ။ အဲ့ဒါကို အခု ကိုမျိုးရန်နောင်သိန်းက စာတစ်တန်ပေတစ်တန်နဲ့ Upper Hand ယူပြီး ပန်ဆယ်လို ပြန်တောင်းပန်ပါဘာညာဆိုတော့ ဘာလဲ… ခင်ဗျားက ရန်ဖြစ်ချင်ပြန်တာလား။

    Mm News.xyz 2026 03 13 090808

    ကိုယ်ရေးခဲ့တဲ့စာဟာ မကြည်ပြာကို ပြန်တောင်းပန်ရလောက်တဲ့စာမျိုး မဟုတ်သလို ထိခိုက်အောင် တိုက်ခိုက်ခဲ့တာမျိုး မဟုတ်ဘူး။ ကိုယ် ထိခိုက်အောင် တိုက်ခိုက်ပြီဆို ဘယ်လိုမျိုးလဲဆိုတာ ကိုယ့်စာဖတ်နေသူတိုင်း သိတယ်။

    နှုတ်ထွက်ပြီးနောက်ပိုင်းမှ သတင်းထွက်လာတဲ့ တိုင်ကြားသူတွေဘက်က မူမမှန်တာတွေမသိရခင် သတင်းစာရှင်းလင်းပွဲမှာ ရှင်းသွားတဲ့အထဲမှာမကြည်ပြာ ဝန်ထမ်းတွေကို စကားပြောရင့်သီးတဲ့ကိစ္စ၊ ဆွေမျိုးတွေကို ခန့်ထားတဲ့ကိစ္စရယ် ပေါ်ပေါက်တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားတဲ့ကိစ္စကြောင့် အဲ့အချိန်မှာ ကိုယ်တွေးခဲ့တာက NUG မှာ အခုလို ပြည်သူတွေ အထင်လွဲတာ ဆဲဆိုတာ တအားခံနေရတဲ့အတွက် နှုတ်ထွက်လိုက်တာကောင်းမယ်လို့ တွေးခဲ့တယ်။ လီဆယ်တိုင်တန်းခံရတယ်ထား၊ အဲ့လိုပြသနာတွေဖြစ်လာအောင် အပြောအဆိုရင့်သီးတာ၊ အမျိုးတွေကို ဌာနမှာခန့်ထားတာ၊ အစိုးရပြသနာလို့ ပြည်သူတွေထင်မြင်စေတဲ့အထိ ကိစ္စကြီးထွားလာတာတွေကြောင့် ကိုယ်က နှုတ်ထွက်လိုက်တာ ကောင်းမယ်လို့ တွေးခဲ့တယ်။

    ဒါပေမယ့် တွေးပဲတွေးခဲ့တာ။ လုံးဝအဲ့ဒါတွေ မရေးခဲ့ဘူး။ အခု ကိုမျိုးရန်နောင်သိန်းက ဒီကိစ္စကို ချီးခြောက်ရေနှူးလို့ ထုတ်ပြောတာ။ ဒဲ့ပြောမယ်နော်။ အဲ့အတွေးကို အခုထိ ကိုယ်က အမှားလို့ မထင်ဘူး။ အဲ့အတွက် တောင်းပန်စရာလည်း မရှိဘူး။ ကိုယ်ဘာမှ မလွန်ခဲ့ဘူး။ အခု မဆီမဆိုင် ကိုယ့် နာမည်တပ် အခုလို ပွဲထရှာ၊ အထင်လွဲခံရ အဆဲခံရအောင်လုပ်တာကမှ လွန်တာ။

    အဲ့တော့ ကိုမျိုးရန်နောင်သိန်းပဲ ကျွန်မကို ပြန်တောင်းပန်လိုက်ပါ။ ခဏခဏ တမင်မပါတဲ့ပွဲထဲ ဆွဲဆွဲထည့်တာတွေပါ တပါတည်း တောင်းပန်လိုက်။

    ကိုယ့်ဘက်က ရပ်တည်ပေးခဲ့တာတွေရှိတဲ့အတွက် ကျေးဇူးတင်စိတ်ရှိတာ တစ်ပိုင်းသက်သက်ပဲ။ တစ်ခုခုဆို အပြင်မှာ ပြောလို့ရလျက်နဲ့ အဲ့လိုပဲပြောဖို့ သတိပေးထားတာ သုံးကြိမ်ထက်မနည်းရှိပြီဖြစ်လျက်နဲ့ အခုလိုတွေ ဖေ့စ်ဘုတ်ပေါ် တက်တက်ရေးနေလို့ မတတ်သာလို့ ဖေ့စ်ဘုတ်ပေါ်ကပဲ ပြန်ပြောလိုက်တယ်။

    အကိုတို့ မကြည်ပြာကိစ္စနဲ့ ပတ်သက်ပြီ ကွဲလွဲနေကြတာတွေ လွတ်လွတ်လပ်လပ် ကွဲလွဲကြ။ ဝင်လည်းမပြောဘူး။ ဝင်လည်းမပါဘူး။အချင်းချင်းဖြစ်ကြတဲ့ ရန်ပွဲတွေကို စိတ်ကုန်လို့ ရန်ပွဲပြင်ပ သီးသန့်ထွက်ထိုင်ပြီး ရန်သူစစ်စစ်တွေကိုပဲ ဦးတည်နေတာ မြင်လျက်နဲ့ အချင်းချင်းပွဲတွေထဲ အတင်းဆွဲထည့်နေတာ မမိုက်ဘူးနော်။

    တော်တော်အဆင်မပြေတာ။

    ပန်ဆယ်လို

    Mm News.xyz 2026 03 13 090643