Author: Baby Yit Lone

  • ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

    ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

    ဒေါ်သက်သက်ခိုင် ပါတီဥက္ကဋ္ဌ အဖြစ်မှ အနားယူ

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရာထူးကနေ အနားယူလိုက်တယ်လို့ ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးစောဟန်အေးက ပြောပါတယ်။

    ဘာကြောင့်အနားယူရသလဲဆိုတာကိုတော့ “ပြောင်းလဲချိန်ရောက်လို့ ပြောင်းလဲတယ်လို့ပဲ ဖြေချင်ပါတယ်” လို့ သူကပြောပါတယ်။

    ဒေါ်သက်သက်ခိုင်ကို နေအိမ်အကျယ်ချုပ်ချထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ ပါတီဥက္ကဋ္ဌသစ်က ငြင်းဆိုပါတယ်။

    ဒေါ်သက်သက်ခိုင်ဟာ ပါတီဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်(CEC) နဲ့ ပါတီလုပ်ငန်းတွေမှာတော့ ပါဝင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

    ပါတီရဲ့ လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းတွေမှာပဲ ဆက်လက်အားဖြည့်မယ်လို့လည်းဆိုပါတယ်။

    ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး CEC အသစ် ကိုးဦး ထပ်ခန့်လိုက်ပါတယ်။

    လူသိများတဲ့ နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို သူပိုင်စီးပွားရေးလုပ်ငန်းရဲ့ ငွေကြေးကိစ္စ အကြောင်းပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

    ဒါ့အပြင် ခွင့်ပြုချက်မရဘဲသံရုံးတစ်ခုနဲ့တွေ့ဆုံခဲ့လို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးမှုကိုခံထားရသူတစ်ဦးလည်းဖြစ်သလို သူ့ကို ဥပဒေအရအရေးယူမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

  • မြို့ကပါ မခံနိုင်တော့ဘူးတဲ့

    မြို့ကပါ မခံနိုင်တော့ဘူးတဲ့

    မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ အင်ကြင်းကုန်းကျောင်းတိုက်က သာသနိက အဆောက်အအုံအတွင်း ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ဟာ အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်တင်မကဘဲ မြေပြင်မှာပါ ဂယက်ရိုက်ခတ်မှုတွေ ပြင်းထန်လာခဲ့ပါပြီ။

    ဖြစ်စဉ်အကျဉ်းနှင့် ဗီဒီယိုမှတ်တမ်း

    လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လည်ပိုင်းက ချစ်သူနှစ်ဦးဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီးနောက် အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ “သိမ်” အတွင်း ဝင်ရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျောင်းနေရဟန်းတစ်ပါးက တွေ့ရှိပြီး ဗီဒီယိုမှတ်တမ်းရိုက်ကူးကာ လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှတဆင့် ပျံ့နှံ့သွားခဲ့တာပါ။

    ဒေသခံများ၏ တုံ့ပြန်မှု (နောက်ဆက်တွဲ အခြေအနေ)

    ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာကို မလေးမခန့်ပြုလုပ်ခဲ့မှုအပေါ် ဒေသခံမြို့သူ/သားတွေက ပြင်းပြင်းထန်ထန် ရှုတ်ချနေကြပါတယ်။ လက်ရှိအချိန်မှာ ဒေသခံတွေရဲ့ ဒေါသဟာ အထွတ်အထိပ်ရောက်နေပြီး အဆိုပါ ချစ်သူနှစ်ဦးကို “မြို့ကနေ မောင်းထုတ်ပေးဖို့” အထိ တောင်းဆိုသံတွေ ကျယ်လောင်လာနေပါပြီ။

    သက်ဆိုင်ရာ၏ အရေးယူဆောင်ရွက်မှု

    ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်ကြင်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အခုလို အတည်ပြုပြောကြားထားပါတယ်။

    “ဒီကိစ္စကို ကျွန်တော်တို့ အမြန်ဆုံး အရေးယူနိုင်ဖို့အတွက် ခရိုင်ကလည်း ညွှန်ကြားထားပြီးမို့ ချက်ချင်းအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်။”

    ဒါကြောင့် မကြာခင်မှာ အဆိုပါစုံတွဲအနေနဲ့ ဘာသာရေးဆိုင်ရာ ပြစ်မှုတွေအပြင် ဒေသခံတွေရဲ့ ဝိုင်းဝန်းဖိအားပေးမှုတွေကိုပါ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

  • မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရ

    မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရ

    မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုး သမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ပြုလုပ်သော ကုလသမဂ္ဂ အမျိုးသမီးရေးရာအမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၆ ခုနှစ်ဆိုင်ရာ ပထမအကြိမ် ပုံမှန် အစည်းအဝေးတွင် သူကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှုတစ်လျှောက်တွင်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သည် လိင်အခြေပြုအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုရန်စွယ်များကြောင့် အထူးထိရှလွယ်လာခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်တပ်မှ နိုင်ငံတစ်နံတစ်လျား၌ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၏ဒဏ်ကို အလွန်အမင်း ခါးစည်းခံနေရကြောင်း၊မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိပါ ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်၏ မတရား စစ်အာဏာသိမ်း မှု ၅ နှစ်ကျော် ကြာမြင့်လာခဲ့ပြီး စစ်တပ်မှ ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဒုက္ခအတိရောက်နေရသည့်လူဦးရေ အဆမတန် မြင့်မားလျက်ရှိကြောင်း၊ ပကတိဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ် အတည်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့်အန္တရာယ်ကို ပိုမိုမြင့်တက်စေလျက်ရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှုများ ပိတ်ဆို့ခံရမှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

    စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုကြောင့်လည်း မိန်းကလေးငယ်များ ကိုယ်တိုင်နှင့် ၎င်းတို့၏ မိဘများအနေဖြင့် နေ့စဉ်နှင့်အမျှ​ အကြောက်တရားအောက်တွင် ရှင်သန်နေရကြောင်း၊ မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်းအတွက် စစ်အုပ်စုနှင့် ၎င်းတို့လက်အောက်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများသည်သာလျှင် ပင်မခြိမ်းခြောက်မှုဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် မိတ်ဖက်ဆက်ဆံခြင်းသည် ကြံရာပါမြောက်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

    ကုလသမဂ္ဂအပါအဝင် အလှူရှင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊အမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မြေပြင်တွင် လှုပ်ရှားနေသည့် ဒေသခံ မိတ်ဖက်အဖွဲ့များနှင့်သာ ဦးတည်၍ စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့အနေဖြင့် လာမည့် CSW70 အစည်းအဝေးတွင် “တရားမျှတမှု” အတွက် အဓိက နှိုးဆော်ရန် ပြင်ဆင်နေသည့်အလျောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းပြဿနာနှင့် စစ်အုပ်စု၏ ပြစ်ဒဏ်မှ ကင်းလွတ်နေမှုကို မရှည်ကြာစေသင့်ကြောင်း သူက ဆိုသည်။

    ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် စစ်အုပ်စုမှ အတုအယောင် ရွေးကောက်ပွဲများကို အသုံးချကာ ၎င်းတို့ တရားဝင်မှု ရရှိနိုင်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်နိုင်ရေးတို့အတွက် ကြိုးပမ်းနေသည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ငြင်းပယ်ကန့်ကွက်ရန် သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုသည်။

    မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် လူ (၇,၈၀၀) ကျော် စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၃ ဒသမ ၆ သန်းကျော်မှာ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း၊ ၂၂ သန်းခန့်မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊ ၎င်းတို့ အနက် ၁၀ ဒသမ ၄ သန်းကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်ပြီး ကလေးငယ် ၆ ဒသမ ၃ သန်းကျော်အထိ ပါဝင်နေကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်အုပ်စုအနေဖြင့် လက်နက်ကြီးများကို အသုံးပြုခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ပေါက်ကွဲလွယ်သောလက်နက်များကို အသုံးချခြင်းတို့ကို မဆင်မခြင် ကျူးလွန်နေရုံသာမက ၎င်းတို့ ကျူးလွန်မြဲကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို တစ်ပုံစံတည်း ဆက်၍ ဆက်၍သာ ကျူးလွန်လျက်ရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှုများ ပိတ်ဆို့ခံရမှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

  • ပုလဲသို့ဝင်သည့်စစ်ကြောင်း လက်နက်ချ BNRA တို့ကို ခေါ်ထုတ်

    ပုလဲသို့ဝင်သည့်စစ်ကြောင်း လက်နက်ချ BNRA တို့ကို ခေါ်ထုတ်

    ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး ဘက်ပြောင်းသွားပြီးနောက် ပုလဲမြို့သို့ Mi 17 ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် စစ်တပ်စစ်ကြောင်းက နဂါး၏ အနီးကပ်လူယုံအချို့နှင့် လက်ကျန်ရဲဘော်များကို ထပ်မံကယ်ထုတ်ကြောင်း သိရသည်။

    ဖေဖေါ်ဝါရီ ၁၉ ရက်က ပုလဲသို့ ရောက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းသည် ပုလဲ-ဂန့်ဂေါ လမ်းအတိုင်းတက် လာပြီး နှောကန်နှင့် လက်ပုကန်ရွာကြား အရောက် လက်နက်ချ BNRA တပ်ဖွဲ့ များကို လာပို့သည့် မင်းတိုင်ပင်ရွာမှ စစ်ကြောင်းနှင့် ဆုံ၍ ခေါ်ယူသွားခြင်းဖြစ်သည်။

    ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက“BNRA စခန်းတွေကို တိုက်တဲ့အချိန်မှာ လက်နက်မချဘဲ ထွက်ပြေးသွားတဲ့တာတွေ ရှိခဲ့တယ်၊ အဲဒီလို ပြေးနေတဲ့အထဲကနေ မင်းတိုင်ပင်နဲ့ ပုလဲမှာ စစ်တပ်နဲ့ သွားပေါင်းတဲ့သူ အယောက် ၂၀ လောက်ကို နှစ်ဖက်စစ်ကြောင်းတွေက မနေ့လာခေါ်သွားတာ”ဟု ပြောသည်။

    လက်နက်ချ BNRA တပ်ဖွဲ့များပါ စစ်ကြောင်းသည် ဗိုလ်နဂါးအား ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွားသည့် သေတ္တရာရွာသို့ ရောက်ရှိနေ၍ အနီးမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

    “အင်အားအများကြီးနဲ့ စစ်ကြောင်းဝင်လာတာဆိုတော့ အရင်လို ပတ်မွှေပြီ ထင်ခဲ့တာ၊ နဂါးအဖွဲ့ကလူတွေကို လာခေါ်ပြီး ပြန်ဆုတ်သွားမှ သက်ပြင်းချနိုင်ခဲ့တာ၊ သူတို့ ပုလဲကနေ မင်းတိုင်ပင်လမ်းကြောင်းအတိုင်း ထွက်လာပြီလို့ သိရကတည်းက ရွာတွေက ရှောင်ခဲ့ကြတာ၊ ပုလဲမှာ စစ်ကြောင်းရှိနေတဲ့အပြင် ဆားလင်းကြီး၊ ယင်းမာဘက်တွေမှာလည်း စစ်ကြောင်းတွေ ဝင်နေတာမို့ အခုအချိန်ထိတော့ ရွာတွေကို ပြန်မဝင်ရဲကြသေးဘူး”ဟု ဒေသခံတဦးက ပြောသည်။

    ပုလဲမြို့ပေါ်ရှိ အင်အားဖြည့်ထားသည့် စစ်တပ်သည် လက်နက်ချများကို လမ်းပြသုံး၍ နယ်မြေရှင်းလင်းရေး လုပ်လာနိုင်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းများက ဆိုသည်။

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ ရဲဘော်ဒေါ်နီနီကျော်က“ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျန်အဖွဲ့တွေ တိုက် ကြပေါ့၊ အဲဒီဘက်မှာက ရွပ်ရွပ်ချွန်ချွန် တိုက်တာမျိုး တခါမှ မတွေ့ဖူးသေးဘူး၊ တရက် နှစ်ရက်တိုက်လိုက် ရပ်သွားလိုက်နဲ့၊ အချင်းချင်းဖြစ်တာမှာတောင် တပ်တွေ ပုံအောပြီး သုံးခဲ့သေးတာ၊ ရန်သူက ဘယ်အကြောင်းနဲ့ပဲ ဝင်လာဝင်လာ အင်အား အများဆုံးဖြစ်တဲ့ MOD နဲ့ ရင်းတွေ ပသုံးလုံးတွေက ဦးဆောင်ပြီးတိုက်ဖို့လိုတယ်၊ အင်အားတွေနဲ့ ခုခံကြဖို့ လိုတယ်”ဟု ပြောသည်။

    NUG တပ်များက ဗိုလ်နဂါး၏ လက်ထောက် မျက်လုံး၊ သုဘရာဇာ၊ ဒေါင်းညိုတို့ကို ဖမ်းမိသော်လည်း အလောင်းတော် ကဿပ ကြိုးဝိုင်းမှ ဆင်သတ်မှုအပြင် ရာဇဝတ်မှုများဖြင့် အမှုဖွင့်ခံထားရသူ မျက်လုံးမှာ စစ်တပ်ထံ ထွက်ပြေးသွားကြောင်း၊ သုဘရာဇာ၊ ဒေါင်းညိုတို့မှာ အသက်ရှင်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက ရုပ်သံဖြင့် ယမန်နေ့က ထုတ်ပြန်ထားသည်။

    လက်ကျန် BNRA တပ်များအနေဖြင့် ယင်းမာပင် ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအပ်ရန်၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်းမပြုကြရန် စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာအရေးယူမည်ဟု NUG က ထုတ်ပြန်ထားသည်။

    ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင ဗိုလ်နဂါးသည် မိသားစုနှင့်အတူ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီ ၅၀ ခန့်က မိသားစုကိုခေါ်ကာ ပုလဲမြို့နယ်ရှိ စစ်စခန်းတခုသို့ လက်နက်ချသွားခြင်းဖြစ်သည်။

  • စစ်တပ်ဒုဗိုလ်ချုပ်ကြီးရာပြည့်တက်တဲ့ ဟားခါးမြို့ ချင်းအမျိုးသားနေ့ပွဲ ဒရုန်းနဲ့တိုက်ခိုက်ရာ ပွဲပျက်သွားဟု CDF ထုတ်ပြန်

    စစ်တပ်ဒုဗိုလ်ချုပ်ကြီးရာပြည့်တက်တဲ့ ဟားခါးမြို့ ချင်းအမျိုးသားနေ့ပွဲ ဒရုန်းနဲ့တိုက်ခိုက်ရာ ပွဲပျက်သွားဟု CDF ထုတ်ပြန်

    အခမ်းအနားနေရာနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြ

    ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားပြီး အခမ်းအနားတက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်လည်း ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

    ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့ ရုပ်သံနဲ့အတူ CDF ဟားခါးက အခုလိုသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    “အကြမ်းဖက်သမား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အခြား ပြည်ထောင်စုအဆင့် အကြမ်းဖက်လူကြီး (၁၇) ဦး၊ အကြမ်းဖက် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ် အဆင့် စစ်ကျွန်ဝန်ထမ်းများနှင့် ဝန်ကြီး ဦးကောလ်လျန်ထန်း၏ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ (၄၂) ခုတို့ အပါအဝင် (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၊ မြိုနယ်စုပေါင်းရုံးနှင့် ခရိုင်စု ပေါင်းရုံးရှေ့တွင် ကျင်းပနေသော အကြမ်းဖက်အဖွဲ့ကို CDF-Hakha ၏ ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ မရှုမလှပွဲပျက်သွားခဲ့သည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာထွက်ပြေး တိမ်းရှောင်ကာ ချက်ချင်းပြန်လှည့် သွားခဲ့ရတယ်လို့လည်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။

    အခမ်းအနား ကျင်းပရာနေရာသို့ ဒရုန်းရောက်ရှိတဲ့ မြင်ကွင်းကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

    အခမ်းအနား နေရာကိုသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

    တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ရှိမရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

    အဲဒီ အခမ်းအနား ကျင်းပနိုင်ဖို့ ပြီးခဲ့တဲ့ သုံးရက်ခန့်ကတည်းက နည်းမျိုးစုံ ညွှန်ကြား ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

    အာဏာသိမ်း စစ်အုပ်စုက ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားကို ဘယ်လိုပုံစံနဲ့မှ မသွားရောက်ကြဖိုနဲ့ မည်သည့်အဖွဲ့၊ လူပုဂ္ဂိုလ်မှ မပူးပေါင်းကြဖို အလေးအနက် တိုက်တွန်းကြောင်းကြေညာချက်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၇ရက် ကတည်းက ထုတ်ပြန်ထားတာပါ။

    ချင်းအမျိုးသားနေ့ နဲ့ပတ်သက်ပြီး စစ်ကောင်စီက အတုအယောင်ကျင်းပမယ့် အခမ်းအနားဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း CDF ဟားခါးက ဖော်ပြခဲ့ပါတယ်။

    ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတိုရဲ့ စည်းလုံးညီညွတ်မှုနဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုအထိမ်းအမှတ်ပြုသော သမိုင်းဝင်နေ့ဖြစ်ပေမယ့် အာဏာသိမ်းစစ်အုပ်စုက သူတိုရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ အတွက်သာ အသုံးချနေတာကို လုံး၀ လက်မခံနိုင်ကြောင်းလည်း အသိပေးထားပြီးပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို တားမြစ်ခဲ့တာပါ။

    “ကျွန်ုပ်တိုသည် ပြည်သူတို၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်အာဏာရူးတို၏ လုပ်ရပ်များကို မည်သည့်အခါမျှ လက်မခံကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်” လိုလည်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။

    ပြည်သူလူထုအားလုံးရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားကာညီညွတ်စွာရပ်တည်ကြဖိုလည်း တိုက်တွန်းထားပါတယ်။

    CDF ဟားခါးဟာစစ်တပ်ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ ၂၀၂၅ ဒီဇင်ဘာမှာ စစ်ကောင်စီရဲ့ ဟားခါးအခြေစိုက် ခလရ(၂၆၈)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင် ဖေဖော်ဝါရီ ၁၂ရက်မှာလည်း ဟားခါးမြို လူထုကို မတရား ပိုက်ဆံကောက်ခံမှုတွေ လုပ်နေတပ်ဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။

    CDF ဟားခါးအနေနဲ့ စစ်ဆင်ရေးတွေ မလုပ်ဆောင်မီ လူထုဘေးကင်းရေးအတွက် သတိပေးချက်တွေ ကြေညာချက်တွေ ကြိုတင်ထုတ်ပြန်လေ့ရှိပါတယ်။

    ဖေဖော်ဝါရီ ၁၂ရက် ဟားခါးမြို စစ်ဆင်ရေး မဖော်ဆောင်မီ ဖေဖော်ဝါရီ ၉ရက်ကလည်း ဟားခါးမြိုအနီးအနား တောတောင်တွေမျာ ညဘက် သွားလာတာ မလုပ်ဖို လူထုကို အသိပေးထားပါတယ်။

    အဲဒီ ကြေညာချက် နဲ့ပတ်သက်ပြီး နောက်ထပ် ထုတ်ပြန်ချက် ထပ်မံ မထုတ်ပြန်မချင်း ညဘက် သွားလာလှုပ်ရှားတာတွေ မလုပ်ဖို သတိပေးထားတာ ဖြစ်လို အခုထိ သတိပေးချက်ဟာ အကျုံးဝင်နေဆဲဖြစ်ပါတယ်။

    နောက်နောင်မှာလည်း စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ကျောထောက်နောက်ခံပြုနေသော မည်သူမဆို စစ်ရေးအရ ထိရောက်စွာအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။

    ရုပ်သံ − Chinland Defense Force-Hakha