Author: Baby Yit Lone

  • စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့်

    စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့်

    တစ်နိုင်ငံလုံး မဲအများဆုံးဖြင့် အနိုင်ရရှိထားသည့် စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့် စစ်ကော်မရှင် ပြုလုပ်သည် တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်း မဲအများဆုံး ရရှိထား‌သည့် ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)က ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ရှုံးနိမ့်ခဲ့သည်။ ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီ၊ တစညပါတီနှင့် ပြည်သူ့ပါတီအပါအဝင် နိုင်ငံ‌ရေးပါတီ ငါး ပါတီ ဝင်‌ရောက် ယှဉ်ပြိုင်ကြပြီး မဲလာပေးရန် ဖိအားပေး ခြိမ်းခြောက်မှုများရှိကြောင်း သိရသည်။ “ကြံခင်းမှာတော့ တစညပါတီက အနိုင်ရရှိပါတယ်၊ ကြံ့ဖွတ်ကတော့ မဲ‌ရှုံးပါတယ်။ အမှန်ကတော့ ကြံ့ဖွတ်ကိုချဉ်ပြီး တစညကို ဝိုင်းပြီးမဲပေးလိုက်ကြတာ။ မဲရုံသွားပြီး…

  • နှစ်သစ်ကူးည ရန်ကုန်မှာ လုယက်မှုတွေနဲ့ ယာဥ်တိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့

    နှစ်သစ်ကူးည ရန်ကုန်မှာ လုယက်မှုတွေနဲ့ ယာဥ်တိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့

    ရန်ကုန်မြို့နယ်မှာ နှစ်သစ်ကူး နယူးရီယားညက ယာဥ်တိုက်မှုနဲ့ လုယက်မှုတွေ ဖြစ်ခဲ့ပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ နယူးရီးယားညမှာ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား (ဂျပန်တံတား)ပေါ်မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ ၆ ချက်ထိုးကာ ဖုန်းနဲ့ ငွေသားတွေကို လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “လမ်းလျှောက်ပြီး ပြန်လာတာကို မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်က ဓားနဲ့ ၆ ချက် ထိုးပြီး ဖုန်းနဲ့ ငွေတွေ လုပြေးတာ ပြောတယ်၊ လည်ပင်းနဲ့ ကျောကုန်းတွေမှာ ဓားဒဏ်ရာတွေ ရထားတယ်၊ သတိတော့ မလစ်သေးဘူးပေါ့၊ အခြေအနေက ဆိုးတယ် သွေးထွက်လွန်နေပြီ၊ ငွေ ၆ ထောင်နဲ့ ဖုန်း အဟောင်းလေးတစ်လုံးကို…

  • ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပဲခူးမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်‌ကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်…

  • လိုင်းပေါ်က ကျူတာဆရာမလေး

    လိုင်းပေါ်က ကျူတာဆရာမလေး

    ကျွန်တော့် အလုပ်မှာက WiFi ဖရီးရတယ်။ ကျွန်တော် ည ရုံးအိပ်ရုံးစားနဲ့ နေနေတဲ့ အချိန်ပေါ့ ။ ကျွန်တော့် အလုပ်က ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရတယ် ။ ကွန်ပျူတာပိုင်းလည်း နည်းနည်း အကျွမ်းတ၀င်ရှိတယ်ဗျ ။ ရုံးအိပ်ရုံးစား ဆိုတော့ ညဘက်တွေကြတော့ ပျင်းတာနဲ့ ကွန်ပျူတာတစ်လုံးနဲ့ အွန်လိုင်းတက် ဟိုကားကြည့် ဒီကားကြည့်ပေါ့ ။ အဲ့အချိန်က ဖေ့ဘွတ်က သိပ်ခေတ်မစားသေးဘူး ။ Gtalk ကတော့ မြန်မာပြည်မှာ ခေတ်အစားဆုံး အချိန်လို့ ပြောရမယ်။ အဲ့ဒီတော့ဗျာ ကျွန်နော်လည်း Gtalk သုံးတာပေါ့ ။ ကျွန်နော်က ဘလော့ဂ်တွေ ဘာတွေလည်း ရေးပါတယ် ။ ထားပါတော့ အဲ့ဒီမှာပဲ Gtalk ပြောရင်းနဲ့ ကျူတာဆရာမ…

  • ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်

    ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်

    ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်ကြောင်း စစ်ကော်မရှင် ဗဟိုဘဏ်ကြေညာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတာကြောင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံ ထားရတဲ့ ကုမ္ပဏီ ၁၉၇ ခုအနက် နယ်ခြားစောင့်တပ်က ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုဟာ ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်ကြောင်း စစ်ကော်မရှင်ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူရဲ့ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၉၀ ကျော်ကို ပို့ကုန်ရငွေ…