Author: Baby Yit Lone

  • စိတ်ဝိဉာဉ်စေစားရာ

    စိတ်ဝိဉာဉ်စေစားရာ

    “ကိုမြတ်ဆွေ လူစုံပြီလား စုံရင်ထွက်ရအောင် နေပြည်တော်ဝင်တာ အရမ်းနောက်ကျနေမယ်” “ဟုတ်ကဲ့ စုံပြီထင်တာပဲဗျ။ ခဏလေးဗျာ။ ဟဲ့ ကတုံးမ နင့်ယောကျ်ားကော ” “လာပြီဦးလေး ကလေးရှူးသွားတည်နေလို့ ” “အေးအေး မြန်မြန်လာခိုင်းလိုက် ဦးဝင်းတင်တို့ မိသားစု စုံပြီနော် ” “ဟုတ်ကဲ့ဆရာ စုံပြီ။ ဟိုမှာ ဟိုသားအဖလည်း ပြေးလာပြီ ဆရာ” “ဟုတ်ပြီ ဟုတ်ပြီ ရပြီ ကိုစည်သူရေ ရှေ့မှာတွေ့တဲ့ ဆိုင်ကြ ရပ်ဦးဗျာ နေ့လည်စာ မစားရသေးဘူး ” “ဟုတ်ကဲ့ ကိုမြတ်ဆွေ မြကန်သာနားက တောင်ကြီးကဖေးပဲ သွားလိုက်မယ်လေ။ အဲ့ဒီဆိုင်က ပေါက်စီနဲ့ ဝက်သားပေါင်းက တောင်ကြီးမှာတော့ နာမည်ကြီးပဲဗျ ” “အဆင်ပြေတဲ့ဆိုင်သာ မောင်းဗျာ” ကားစထွက်တော့ ညနေ ၃ နာရီခွဲနေပြီ။ ဒီအတိုင်းဆို…

  • တရုတ်ရေတပ်ကို ဟန့်တားရန် ဂျပန် F-2 တိုက်လေယာဉ် ၁၆ စင်း ဒုံးကျည်အပြည့်ဖြင့် အရေးပေါ် ပျံတက်

    တရုတ်ရေတပ်ကို ဟန့်တားရန် ဂျပန် F-2 တိုက်လေယာဉ် ၁၆ စင်း ဒုံးကျည်အပြည့်ဖြင့် အရေးပေါ် ပျံတက်

    ဒေသတွင်း တရုတ်ရေတပ်၏ လှုပ်ရှားမှုများ မြင့်တက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်က သင်္ဘောဖျက်ဒုံးကျည် စုစုပေါင်း ၆၄ စင်း တပ်ဆင်ထားသည့် F-2 တိုက်လေယာဉ် ၁၆ စင်းကို အရေးပေါ် ပျံတက်စေခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ဖူကူအိုကာပြည်နယ်ရှိ ဆူအီကီလေတပ်စခန်း၌ ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JASDF) မှ F-2 တိုက်လေယာဉ် အနည်းဆုံး ၁၆ စင်း လေ့ကျင့်ပျံသန်းမှု များ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း Naval News သတင်းဌာနတွင် ဂျပန်လေ့လာသူ ယိုရှီဟီရို အီနာဘက ရေးသားခဲ့သည်။ တိုက်လေယာဉ်တစင်းချင်းစီတွင် အကွာအဝေး ကီလိုမီတာ ၁၄၀ ကျော်အထိ ပစ်ခတ်နိုင်သော ASM-2 သင်္ဘောဖျက်ဒုံးကျည် လေးစင်းစီ တပ်ဆင်ထားသည်။ ASM-2…

  • မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ

    မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ

    ကသာမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့ကစပြီး ပစ်ခတ်သံတွေနဲ့အတူ တိုက်ပွဲတွေ စလာခဲ့ပြီး ခုဆိုရင် တလနီးပါးရှိလာပြီဖြစ်ပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီခွဲမှာ လေယာဉ်တွေနဲ့ ကသာမြို့အထွက် လမ်းနဘားကြီးရွာအနီးကိုဗုံးချသံ ၊ညအချိန်မြို့ထွက်မှာပစ်ခတ်၊ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီဇင်ဘာလ ၇ ရက်ည ၈ နာရီခွဲမှာ မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ခမရ(၃၀၉)စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်ညနဲ့မနက်မှာလည်း ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၂ ရက်၊ ၂၃ ရက်တွေမှာနေ့အချိန်ညအချိန်တွေမှာလက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ “ လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ကသာမြို့အနီးအောင်ပုံကျေးရွာကိုလေယာဉ်နဲ့ ဗုံး(၂)လုံးကြဲခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်တွေမှာမြို့ပတ်လည်ကိုဆက်တိုက်ပစ်ခတ်နေကာ ရွေးကောက်ပွဲ မကျင်းပခင် တရက်အလို…

  • နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

    နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

    ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။ နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီး ပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆ လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇ လမ်း…

  • မန္တလေးမှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးရိုက်နှက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်

    မန္တလေးမှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးရိုက်နှက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။ မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လူတစ်စုက လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution က အသိပေးပါတယ်။ မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ အလောင်းလာပစ်သူတွေဟာ ၆၂လမ်း ၁၁၇ လမ်းနဲ့ ၁၁၈ ကြားရှိ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် ရပ်ကွက်ရုံးက ပျူစောထီးတွေ ဖြစ်ကြောင်း MDY Revolution က ထပ်မံ အသိပေးပါတယ်။ “တော်တော်သောင်းကျန်းနေတာ။ အဲဒီဘက် ဃ ရပ်ကွက်က ပျူတွေချည့်ပဲ။ ညဘက်ဆို…