Author: Baby Yit Lone
-

Only God Knows Everything
Only God Knows Everything (2025) Alchemy of Souls ထဲက မင်းသား Shin Seung-Ho, Study Group ထဲက မင်းသမီး Han Ji-Eun နဲ့ Running Man ပရိသတ်တိုင်း မသိသူမရှိတဲ့ မင်းသမီး Jeon So-Min တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – မိခင်ပျောက်ဆုံးသွားတဲ့နောက် ဖာသာတစ်ယောက်ရဲ့ လက်ထဲမှာ ကြီးပြင်းလာခဲ့တဲ့ ဂျောင်ဒိုအွန်း (Shin Seung-Ho) ဟာ ၁၃ နှစ်အကြာမှာတော့ သူကိုယ်တိုင် ဖာသာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ဖာသာဒိုအွန်းဟာ အီဟိုဂျွန်းဆိုသူရဲ့ အပြစ်ဝန်ခံစကားကနေတစ်ဆင့် လွန်ခဲ့တဲ့ ၁၃ နှစ်က ပျောက်ဆုံးသွားတဲ့ မိခင်ဟာ…
-

Everybody’s Fine
Everybody’s Fine (2009) ဒီဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb Rating 7.1/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro, မင်းသမီး Drew Barrymore နဲ့ Kate Beckinsale တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အငြိမ်းစားယူပြီးဖြစ်တဲ့ ဖရန့်ခ် ဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်း ကလေးတွေနဲ့ သိပ်အဆက်အသွယ်မရှိတော့ဘဲ တစ်ယောက်တည်း ဥယျာဥ်လေးစိုက်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။ ကလေးတွေနဲ့အတူ အားလပ်ရက်မှာ ဆုံဖို့ စီစဥ်ထားပေမဲ့ ဘယ်သူမှ မလာဖြစ်တဲ့အခါမှာတော့ ဖရန့်တစ်ယောက် နိုင်ငံအနှံ့ခရီးထွက်ပြီး ကလေးတွေရှိရာ သွားလည်ဖို့ စီစဥ်လိုက်ပါတော့တယ်။ သူ့ရဲ့ ခရီးစဥ်ကတော့ ကလေးတစ်ယောက်ချင်းစီကို သွားတွေ့ပြီး ကလေးတွေ အဆင်ပြေရဲ့လား၊ အလုပ်အကိုင်အဆင်ပြေကြရဲ့လား…
-

Oh What Fun
Oh. What. Fun. (2025) ခရစ္စမတ်ရဲ့ တကယ့်တကယ် ဟီးရိုးတွေက ဘယ်သူလဲသိလား? အဖြေကတော့ အမေတွေပါပဲ။ လူတော်တော်များများက အခုလိုအားလပ်ရက်ကာလတွေမှာ အမေတွေက အပင်ပန်းခံရဆုံး၊ အငြူစူခံရဆုံးဆိုတာကို မေ့နေတတ်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ အပင်ပန်းခံရသလောက် ကိုယ့်မိသားစုကအသိအမှတ်မပြု၊ အလေးမထားတဲ့အခါ ဝမ်းနည်းစိတ်ပျက်သွားခဲ့ရတဲ့ အမေတစ်ယောက်အကြောင်းကို ရိုက်ကူးထားပြီး ဟာသနှောတဲ့မိသားစုဒရမ်မာနှင့် နွေးထွေးတဲ့ ခရစ္စမတ်အငွေ့အသက်လေးတွေပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်လို့ကောင်းတဲ့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်ပါတယ်။
-

Atlantics
Atlantics (2019) ဆောက်လုပ်ရေးအလုပ်မှာ အလုပ်ကြမ်းသမားအနေနဲ့ လုပ်နေရတဲ့ ဆောလ်လမန်တို့အဖွဲ့ဟာ သုံးလစာလောက်မရသေးတဲ့အတွက် သူတို့လုပ်အားခတွေရှင်းပေးဖို့ပြောနေကြတယ်။ ပိုင်ရှင်ဖြစ်တဲ့ မစ္စတာအင်ဂျိုက်ကလည်း အကြောင်းအမျိုးမျိုးပြပြီးရှောင်နေတယ်။ မိသားစု၊ ညီအစ်ကိုမောင်နှမတွေ မိဘတွေကို ထောက်ပံ့နေရတဲ့ သူတို့အတွက် ဒီပိုက်ဆံတွေဟာ အသက်တမျှကို အရေးကြီးနေတာပေါ့။ ပြီးတော့ ဆောလ်လမန်ဆီမှာ သူချစ်ရတဲ့ အက်ဒါဆိုတဲ့ကောင်မလေးလည်းရှိသေးတယ်။ နှစ်ယောက်လုံးက ချစ်ကြတယ်ဆိုပေမဲ့ အက်ဒါက လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်ရမယ့်အနေအထားဖြစ်နေတယ်။ ဒီမှာဆက်နေလို့ ဘာမှမထူးတဲ့အတွက် ဆောလ်လမန်တို့ သူငယ်ချင်းတစ်ခုဟာ လှေတစ်စင်းနဲ့ ပင်လယ်ကိုဖြတ်ပြီး စပိန်ကိုထွက်သွားကြတယ်။ နောက်နေ့ရောက်တော့ ပင်လယ်ပြင်မှာမုန်တိုင်းကြောင့် ဆောလ်လမန်တို့ လှေမှောက်သွားပြီး အကုန်သေသွားကြတယ်။ အက်ဒါလည်း လူချမ်းသာနဲ့ လက်ထပ်လိုက်ရတယ်။ အက်ဒါ လက်ထပ်တဲ့နေ့မှာပဲ အိမ်ထဲမှာ ထူးဆန်းပြီး မီးလောင်တဲ့အခါမှာတော့…
-

Monkey Twins
Monkey Twins (2016) ဒီဇာတ်ကားလေးက အက်ရှင်–ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေ ထိုင်းရာဇဝင် လက်ဝှေ့ကကွက်တွေ တရုတ်အော်ပရာတွေကို ပေါင်းစပ်ပြထားတဲ့ ဇာတ်လမ်းပါပဲ။ “နေး” ဆိုတဲ့ လူငယ်တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဟာနုမာန် မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဖျော်ဖြေနေတဲ့သူပါ။ သူရရှိထားတဲ့ အတတ်ပညာတွေကတော့ အဖိုး ကလ ထံမှ လက်ဆင့်ကမ်းလာတာဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာနုမာန်မျက်နှာဖုံးပြဇာတ်နဲ့ မျောက်ဇာတ်လမ်းပြဇာတ် တွေကို လုပ်ခဲ့တာပါ။ တချိန်တည်းမှာပဲ သူ့ကို ရှင်းပစ်ချင်တဲ့ ” ဆိုလ်” ဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ လက်စားချေလိုက်လံဖမ်းဆီးမှုကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသေးတယ်။ “နေး” ချစ်ရတဲ့မိန်းကလေးအသတ်ခံရတာနဲ့ပတ်သက်ပြီး “ဆိုလ်” ကအခွင့်ကောင်းယူကာ ” နေး” ကို အပြစ်ပုံချပြီး စွပ်စွဲခဲ့လို့ အမှုရင်ဆိုင်နေရတာပါ။ တနေ့မှာ တိုက်ခိုက်မှုကျွမ်းကျင်တဲ့ “လင်းယဥ်” နဲ့…