📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Anarchist from Colony

Anarchist from Colony (2017)

အခုတစ်ခေါက်မှာတော့ ဂျပန်တွေအုပ်စိုးတဲ့ ကိုရီးယားနိုင်ငံရဲ့ခေတ်ကာလတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..

Taxi Driver မင်းသား Lee Je Hoon, မင်းသမီး Choi Hee Seo, မင်းသားကြီး Kim In Woo တို့က အဓိကပါဝင်ထားတဲ့အပြင် မင်းသားကြီး Kwon Hyuk Soo, မင်းသားကြီး Ha Do Kwon, မင်းသား Kwon Yul တို့ကလည်း support role မှာ ပါဝင်ထားကြပါတယ် ..

ဇာတ်လမ်းအကျဉ်း

၁၉၂၃ ခုနှစ် ကန်တိုငလျင်ဖြစ်ပွားပြီးနောက်ပိုင်း ကိုရီးယားလူမျိုးအယောက် ၆၀၀၀ လောက် အစုလိုက် အပြုံလိုက် အသတ်ခံရမှုကို ဖုံးကွယ်ဖို့အတွက် ဂျပန်အာဏာပိုင်တွေဟာ လူထုအာရုံစိုက်မှုကို ပြောင်းလဲပစ်ဖို့အတွက် ကိစ္စအကြီးကြီး တစ်ခုကို စီစဉ်ခဲ့ပါတယ်။

ဘူးလ်ယောင်းဆာ ဘုန်းကြီးကျောင်းမှာ နေထိုင်ပြီး ဂျပန်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့ ဘတ်ယော (Lee Je Hoon) ဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ် ..

ဂျပန်အာဏာရှင်တွေရဲ့ လိမ်လည်မှုကို သတိထားမိတဲ့ ဘတ်ယောဟာ ဂျပန်တို့ရဲ့ အိမ်ရှေ့စံမင်းသားကို လုပ်ကြံဖို့အတွက် သူ့မိန်းမတစ်ဖြစ်လဲ ရဲဘော်ရဲဘက်ဖြစ်သူ ခါနဲကို ဖူမီကို (Choi Hee Seo)နဲ့ အတူကြံစည်ခဲ့တယ်ဟု ဝန်ခံခဲ့ရာ

အကြီးမားဆုံးအပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ ..

ကိုရီးယားလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်တဲ့ကိစ္စကို နိုင်ငံတကာမသိအောင် အာရုံလွှဲချင်တဲ့ ဂျပန်အစိုးရက ဘာတွေဆက်လုပ်မလဲ…

ဘတ်ယောတို့ကရော ဒီကိစ္စကို ကမ္ဘာကသိသွားအောင် ဘယ်လိုကြိုးစားမလဲ ..

ခါနဲကို ဖူမီကိုရဲ့ ဘတ်ယောအပေါ် ထားရှိတဲ့ ချစ်ခြင်းတရားကိုပါ ထည့်သွင်းရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့ ဆက်လက်ရှုစားကြပါဦးနော် ..

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်