Author: Baby Yit Lone
-

ကျားဖြန့်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ
ကျားဖြန့်ဆိုတာ ကျားဖြန့်ရဲ့သဘောက ဒီလို။ ပုံလေးတွေ ချောချောလေးတွေ တင်မယ်။ Story မှာ တစ်နေ့တစ်ပုံ တင်မယ်။ Album မှာ လေးငါးခြောက်ပုံ တင်ထားမယ်။ ပြီးရင် သူတို့ Acc ကို Profile Lock ခတ်ထားမယ်။ သူတို့ Profile, သူတို့ Post တွေကို Screenshot ရိုက်လို့ မရဘူး။ ပြီးရင် တစ်ယောက်ယောက်စီ သူတို့ Acc Link ကို Share လို့လည်း မရဘူး။ Link ယူမရအောင်လည်း ပိတ်ထားမယ်။ သူတို့ဟာ ပုံချောချောလေးတွေသာ တင်ပေမဲ့ ဘာမှ မသိသေးသူ တစ်ယောက်နှစ်ယောက်မှအပ Like & Com ဘာမှ မရှိဘူး။ တချို့ကျ သူတို့ကျားဖြန့်အချင်းချင်း Com…
-

မိုးကုတ်နှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများနှင့် ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြက်မွေးမြူရေးခြံများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်)ကျေးရွာရှိ ကြက်မွေးမြူရေးခြံများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်မွေးမြူရေးခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁၁ လုံးလာရောက်…
-

Waktu Maghrib 2 (2025)
Waktu Maghrib 2 (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Waktu Maghrib ဇာတ်ကားရဲ့ နောက်ဆက်တွဲရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ထဲက ဂျက်တီဂျာဂျာရွာရဲ့ အဖြစ်အပျက်ပြီးလို့ အနှစ် ၂၀အကြာ၊ ဂျက်တီဂျာဂျာရွာရဲ့ ဘေးချင်းကပ်ရပ်မှာရှိတဲ့ ဂီရီထရီတိုရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ဝူလန်နဲ့ ယိုဂိုဆိုတဲ့ ဝမ်းကွဲမောင်နှမနှစ်ယောက်ပါ။ ဇာတ်လမ်းကို ယိုဂိုတို့ ကျောင်းက ကျောင်းသားလေးတွေ ကျောင်းဘောလုံးပွဲ ကန်ကြတာနဲ့စဖွင့်ထားပါတယ်။ ဒီပွဲကို ဝူလန်က လိုက်မကြည့်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝူလန်ပါအတူလိုက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဘောလုံးပွဲအပြီးမှာ ဝူလန်၊ယိုဂိုနဲ့ ဘောလုံးအသင်းထဲက ကျောင်းသားလေး ၆ယောက်ဟာ ကားတစ်စီးနဲ့ အိမ်ပြန်ကြပါတယ်။ ဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာ လူတစ်ယောက်ကို ဝင်တိုက်မိခဲ့ပြီး ဝူလန်ကလည်းရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒါကြောင့် ကားဆရာနဲ့ ကျောင်းသားလေးတွေဟာ ရဲကို ယာဉ်တိုက်မှုအတွက် အကြောင်းကြားပြီး ပျောက်သွားတဲ့…
-

မန္တလေးမှာ ကားနဲ့ ရက်ရက်စက်စက်တိုက်ပြေးမှုကြီး
မန္တလေး တိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း ၁၆.၁၀.၂၀၂၅ ရက်နေ့ ညနေ ၆း၄၅ အချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှလာသော မော်တော်ကားနှင့် ဆိုင်ကယ်အားတိုက်ပြေးရာ ဆိုင်ကယ်စီးသူအမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှမျက်မြင်သူများကပြောကြားသဖြင့် ယင်းအမျိုးသမီးလူနာအား မီးစလိုက်များနှင့်လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးနားတွင်မတွေ့ သွေးစများသာတွေ့ရသည်။ တိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင်လူပါလာမှန်းသိသဖြင့် အတိုက်ခံရသောအမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက်အထည်ချုပ်စက်ရုံနားတွင်ပစ်သွားကြောင်း သိရသည်။ ကုသိုလ်ထပ်တူ ရရှိကြပါစေ ( ပြည်သူအားလုံး ကျန်းမာ၍ အန္တရယ်ကင်းကြပါစေ) သိန်းထွန်းအောင်၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ☎ 09-2039152 ☎️
-

The Clouds (2025)
The Clouds (2025) နတ်ဆိုးလို့ နာမည်ကြီးတဲ့ ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ တစ်ရက်မှာ သူတို့က ဒေါ်လာတစ်သန်းလောက်တန်ဖိုးရှိတဲ့ ငွေမည်းတွေကို သယ်ဆောင်လာတဲ့ကားတစ်စီးကို ဝင်ရောက်လုယက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလုယက်မှုတွေရဲ့နောက်ကွယ်မှာတော့ တာကိုလို့ခေါ်တဲ့ နောက်ကွယ်ကကြိုးကိုင်သူတစ်ယောက်ရှိနေပြီး သူက ဒီနတ်ဆိုးဂိုဏ်းကို အလုပ်တွေအပ်နေတဲ့သူပါ။ ဒါပေမဲ့ သူတို့ထဲက အဖွဲ့ဝင်ဂျာမန်ရဲ့တူဖြစ်သူ ဒန်နီအဖွဲ့ထဲကို ရောက်လာပြီးနောက် အဖွဲ့ဝင်တွေကြားမှာတော့ သဘောထားမတိုက်ဆိုင်မှုတွေနဲ့ တင်းမာမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရင်းကတော့ ဒန်နီဟာ မူးယစ်ဆေးသုံးပြီး ရဲအရာရှိတစ်ယောက်ကိုသတ်ကာ အိမ်အကူကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့်တဲ့အတွက် အဖွဲ့ခေါင်းဆောင် ပါဘလိုက ဒန်နီကို သတ်ပစ်လိုက်တဲ့အခါ… အဖွဲ့ဝင်တွေကြားက သစ္စာဖောက်မှုတွေ၊ ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုတွေနဲ့အတူ ထောင်တွင်းက အာဏာပြိုင်ဆိုင်မှုတွေကြားမှာ ဘယ်သူက အသက်ရှင်ကျန်ရစ်မလဲဆိုတာကို Action-Thriller Vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။