Author: Baby Yit Lone

  • အင်းစိန်ရှိ မဲရုံသို့ စစ်ခေါင်းဆောင် တိတ်တဆိတ် လာရောက်

    အင်းစိန်ရှိ မဲရုံသို့ စစ်ခေါင်းဆောင် တိတ်တဆိတ် လာရောက်

    လမ်းဘေးဈေးသည်နှင့် ကယ်ရီသမားများပင် သတိမထားမိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အတွင်းရှိ မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော်လည်း အင်းစိန်မြို့နယ်ရှိ မဲရုံသို့ တိတ်တဆိတ် ရောက်ရှိလာခြင်းကြောင့် မဲရုံပတ်ဝန်းကျင်ရှိ ပြည်သူများပင် သိရှိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်ရှိ အမှတ် (၄၃) အခြေခံပညာမူလတန်း ကျောင်း မဲရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကျောင်းရှေ့တွင် အိမ်စီးကားအချို့ တန်းစီရပ်ထား သည်ကိုသာ တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ အဆိုပါ ကျောင်းရှေ့တွင် မြို့သစ်ဈေးရှိသဖြင့် လူသွားလူလာ များပြားချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင် လာရောက်သွားသည်ကို သတိမထားမိကြောင်း အဆိုပါ ကျောင်းအနီးရှိ ဒေသခံများထံမှ သိရသည်။ “တိတ်တိတ်လေး…

  • ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)

    ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)

    ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ) ၁။ မြန်မာပြည်တွင်နေထိုင်ကြသော သူများအတွက် အခြားနှစ်များနဲ့ မတူညီဘဲ စီးပွါးရေးလုပ်ငန်းများ ပိုမိုချောင်ချိလာပါလိမ့်မည်။ ဘာသာရေးကို အခြေပြုပြီး ဘာသာရေးအသီးသီးတို့၏ ပဋိပက္ခများ ဖြစ်ပေါ်တတ်သည်။ ၂။ ကြီးမားသော သတ္တုတွင်း ထူးခြားသောရတနာကြီးများ တူးဖော်ရရှိလိမ့်မည်။ မှတ်တမ်းမတင်ရသောအပင်တစ်မျိုးမျိုး သတ္တုတစ်မျိုးမျိုး တွေ့ရှိရလိမ့်မည်။ ရပ်ကျော်ရွာကျော်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်ကဲ့သို့သော အဆိပ်မိသောဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပွါးတတ်သည်။ ၃။ ပင်လယ် မြစ်ချောင်း အင်းအိုင်အနားတွင် နေထိုင်ကြသောသူများ သတိထားသင့်သောနှစ်ဖြစ်ပါတယ်။ ဒီနှစ်က ရေနဲ့ပတ်သက်ပြီး ကံဆိုးမဲ့နှစ်တစ်နှစ် ဖြစ်တတ်ပါတယ်။ နိုင်ငံကျော်ကြားသောသူတစ်ဦးပါဝင်သည့် သင်္ဘောကြီးတစ်စီး နစ်မြုပ်ခြင်းဖြစ်တတ်သည်။ ၄။ ရာဇဝတ်မှုကြီးများ ထူပြောလာတတ်ပြီး ၂၀၂၅ ထက်ဆိုးရွားသော ရာဇဝတ်မှု အများအပြားပေါ်ပေါက်တတ်သည်။ ရက်ရက်စက်စက်အမှုများစွာအား မြင်တွေ့ရလိမ့်မည်။ ၅။ အပစ်အခတ်ရပ်စဲရေးများစတင်ပြီး ငြိမ်းချမ်းရေးစကားများ ပြောဆိုမှုများ ရှိလာလိမ့်မည်။…

  • စစ်​တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်​တော်ကြယ်တစ်ပွင့်

    စစ်​တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်​တော်ကြယ်တစ်ပွင့်

    စစ်​တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်​တော်ကြယ်တစ်ပွင့် စစ်တွေမြို့ကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)ရဲ့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး ကြီးမားလွန်းတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူတွေက ​ပြောပါတယ်။ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်း မြို့အစပ် ရှေ့တန်းတစ်နေရာမှာ စစ်ရေးကွပ်ကဲမှု တာဝန်ယူထားတဲ့ အာရက္ခတပ်​တော်ရဲ့ တပ်ရင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးထက်မြတ်သိန်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့က တိုက်ပွဲမှာ သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာပါ။ “မြေပြင်တိုက်ပွဲကိုရှေ့ကနေ ကွပ်ကဲတာပါ။ ကျည်ထိသွားတာ။ ကျတော်တို့ အလွန်စိတ်ထိခိုက်ရပါတယ်။ သူ့အကြောင်းပဲ ပြောနေကြတယ်”လို့ ဗိုလ်မှူးထက်မြတ်သိန်းရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။ ဗိုလ်မှူးထက်မြတ်သိန်းဟာ မာန်အောင်မြို့ဇာတိဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့သူပါ။ AAတပ်ဖွဲ့ဝင်အဖြစ် ပါဝင်ရင်း သူ့ရဲ့ သတ္တိရှိမှု၊ ဦးဆောင်နိုင်မှုတွေကြောင့် အသက် ၃၀ ခန့်အရွယ်မှာတင် ဗိုလ်မူးအဆင့်အထိ တာဝန်ပေးအပ်ခံရတာလို့ သိရပါတယ်။ ကျဆုံးချိန်မှာ အသက် ၃၁…

  • အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာခေါ်ယူနေ

    အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာခေါ်ယူနေ

    အာရက္ခဆေးပညာသိပ္ပံကျောင်း၏ ဝင်ခွင့်လျှောက်လွှာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ရှိ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူနေပြီဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက် ရက်စွဲဖြင့် စတင်ခေါ်ယူနေခြင်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အာရက္ခပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်၊ အာရက္ခဒေသအတွင်းနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ယခင်ကထက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆေးပညာရှင်ဆရာဝန်လိုအပ်နေမှုကို ပြည့်မီနိုင်ရန်အတွက် ဆေးပညာကို ဝါသနာပါပြီး အသက်မွေးဝမ်းကျောင်းပြုလိုသော အာရက္ခမျိုးဆက်သစ်လူငယ်များ၊ အာရက္ခတိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍတွင် ဆေးဖက်ဆိုင်ရာတာဝန်များကို အမျိုးသားရေးအသိတရားဖြင့် တာဝန်ယူလိုစိတ်အပြည့်ရှိကြသော တိုင်းချစ်၊ ပြည်ချစ်လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး ယခုကျောင်းကို ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါကျောင်းဝင်ခွင့်လျှောက်ထားလိုသူများအတွက် လိုအပ်သည့်အရည်အချင်းများကိုလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပြီး အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် ဆေးပဒေသာစိုက်ထူနိုင်ကြောင်းလည်း မကြာသေးခင်က…

  • Mahasenha

    Mahasenha

    Mahasenha (2025) မဟာစေနာ ဇာတ်လမ်းက Kurangani ရဲ့ လှပပေမဲ့ ဆန်းကြယ်လွန်းတဲ့ တောင်တန်းကြီးတွေပေါ်မှာ အခြေတည်ထားပါတယ်။ အဲဒီတောနက်ထဲမှာ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ ဆက်နွှယ်နေတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး အဲဒီအရာကို စောင့်ရှောက်ပေးနေတဲ့ ဆင်ရိုင်းကြီးတွေနဲ့ တောတွင်းသားတွေ ရှိကြပါတယ်။ ဇာတ်လိုက်ဖြစ်သူက ဒီတောနက်ကြီးထဲကို မထင်မှတ်ဘဲ ရောက်ရှိလာခဲ့ပြီး တောတောင်ရဲ့ သဘာဝစည်းကမ်းတွေကို နားမလည်တဲ့ အပြင်လူတွေနဲ့ တောကို အသက်ထက်မြတ်နိုးတဲ့ ဒေသခံတွေကြားက ပဋိပက္ခတွေကို မြင်တွေ့ရမှာပါ။ တစ်ဖက်မှာလည်း အဲဒီတောင်တန်းတွေပေါ်မှာ ရှေးယခင်ကတည်းက ပုန်းကွယ်နေတဲ့ “Mahasenha” ဆိုတဲ့ အင်အားစုကြီးရဲ့ စွမ်းအားကို လူသားတွေက လောဘဇောနဲ့ လာရောက်ထိပါးတဲ့အခါမှာတော့ တောတောင်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်လာပါတော့တယ်။ တောတောင်ရဲ့ သဘာဝအလှတရားတွေကြားမှာ ပုန်းကွယ်နေတဲ့ ဒီအမှန်တရားကို ရှာဖွေရင်းနဲ့ ဇာတ်ကောင်တွေက မထင်မှတ်ထားတဲ့ အန္တရာယ်တွေ၊…