Author: Baby Yit Lone

  • Kakak

    Kakak

    Kakak (2015) အဒီနဲ့ကီရာနာတို့ဟာ ကလေးရဖို့ခက်ခဲနေတဲ့ ဇနီးမောင်နှံဖြစ်ပြီး ပန်းနာရောဂါသည် ကီရာနာဟာ ကိုယ်ဝန်သုံးကြိမ်ပျက်ကျဖူးတဲ့စိတ္တဇ၊ ရောဂါရဲ့နှိပ်စက်မှုနဲ့ ယောက္ခမဖြစ်သူရဲ့စောင်းမြောင်းပြောဆိုမှုတွေကြောင့် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျနေရပါတယ်။ အဲ့ဒီလိုအနေအထားကိုရောက်လာချိန်မှာတော့ အဒီဟာ စိတ်ပိုင်းဖြတ်ပြီး ဇနီးသည်ကိုခေါ်ဆောင်ပြီးမိခင်ဖြစ်သူနဲ့ဝေးရာ ဖြစ်တဲ့နေရာတစ်ခုမှာ အိမ်သစ်တစ်လုံးဝယ်ယူပြောင်းရွှေ့လာခဲ့ပါတယ်။ အိမ်အသစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာရေးတိုးတက်ပြီး ပျော်ရွှင်သွက်လက်လာတဲ့ ဇနီးဖြစ်သူကြောင့် ဝမ်းသာလို့မဆုံးခင်မှာပဲ သူ့ဇနီးဖြစ်သူ ပုံစံပြောင်းလာတဲ့အကြောင်းရင်းကိုသိလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့အိမ်အသစ်မှာ ကလေးမလေးတစ်ယောက်ရဲ့မကျွတ်မလွတ်ဝိဉာဉ်တစ်ခုရှိနေပြီး ကလေးလိုချင်နေတဲ့ သူ့ဇနီးနဲ့မိခင်လိုချင်နေတဲ့ ဝိဉာဉ်တစ္ဆေကလေးမလေးတို့ဟာ မိတ်ဆွေဖြစ်နေကြပြီဆိုတာပါပဲ။ သူတို့ဇနီးမောင်နှံကိုယ်ပိုင်ကလေးရဖို့ဖြစ်လာတဲ့အခါဒီဝိဉာဉ်ကလေးမက ဆက်ပြီးကြည်ဖြူနိုင်ပါ့မလား? အန္တရာယ်မပေးပဲ သူတို့ကိုဆက်ပြီးစောင့်ရှောက်မှုပေးနိုင်ဦးမလား? သူ့ရဲ့နောက်ကြောင်းကဘယ်လိုဖြစ်ရပ်ဆိုးတွေရှိခဲ့မလဲ အစရှိတာတွေကိုဆက်လက်ရှုစားကြပါ။ ဒါရိုက်တာဖြစ်သူ Ivander ရဲ့အဘိုးနဲ့မြေးတို့ရဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတာလို့ ဆိုပါတယ်။

  • The Christmas Showdown

    The Christmas Showdown

    The Christmas Showdown (2025) ငယ်ဘဝ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့ကြတဲ့ ဧပရယ် နဲ့ ချက်စ်တို့ဟာ ဧပရယ်က ပဲရစ်မှာ အလုပ်အကိုင်ရှာဖို့ ထွက်ခွာသွားပြီးကတည်းက စိမ်းကားခဲ့ကြပါတယ်။ ဧပရယ် အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ Sugar Heights Christmas Eve Spectacular အတွက် ပွဲစီစဉ်မှု အလုပ် တစ်ခုတည်းကို နှစ်ယောက်လုံး ယှဉ်ပြိုင်ကြရပါတယ်။ ထုတ်လုပ်သူ ဟန် ကို စွဲဆောင်နိုင်ဖို့အတွက် သူတို့ဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေကို စိမ်းကားသွားတဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်ကြရင်း ခရစ်စမတ်အနှစ်သာရရှိတဲ့ ပွဲတစ်ပွဲကို ဘယ်လိုအတူတူ ပပြန်လည် ပူးပေါင်းပြီး အဖွဲ့လိုက်ဆောင်ရွက်ကြမလဲ ဆိုတာ ခရစ်စမတ် မတိုင်ခင်ထွက်လာတဲ့ ဇာတ်ကားသစ်လေးကို ငြိမ့်ငြိမ့်လေးခံစားချင်တယ်ဆိုရင် ဆက်လက်ကြည့်ရှု အားပေးကြပါဦး။

  • Very Merry Mystery (2025)

    Very Merry Mystery (2025)

    Very Merry Mystery (2025) ဒီရုပ်ရှင်ဟာ ခရစ္စမတ်အကြိုကာလတွင် ဖြစ်ပွားသည့် လျှို့ဝှက်ဆန်းကြယ်တဲ့အမှုဖော်ထုတ်ခြင်း အမျိုးအစား ဇာတ်ကားလေးဖြစ်ပါတယ်။ ခရစ္စမတ်ရဲ့အငွေ့အသက်နှင့်အတူ မြို့ငယ်လေးတစ်ခုအတွင်းရှိ လူများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြသသွားသည့် စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးအေးဆေး အပန်းဖြေအနားယူနိုင်ဖို့ အတွက်စိတ်ဝင်စားစရာကောင်းသောဇာတ်ကားလေး တစ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။

  • တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခွင့်ရဖို့ NDF ကိုပြောင်းခဲ့ပေမဲ့ ပါတီထပ်ဖျက်ခံရတာကြောင့် တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွှေးကောက်ပွဲအတုကို တက်တက်ကြွကြွ ထောက်ခံပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီထံမှာပဲ ထပ်မံရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။ ဒေါ်စန္ဒာမင်းဟာ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအတုမှာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေခဲ့သူတစ်ဦးဖြစ်ပြီး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ဖို့အတွက် NDF ပါတီကို ကူးပြောင်းခဲ့ပါတယ်။ ရန်ငါပြတ်တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ရဲ့နေရာကို တစက်မှအထိမခံဘဲ NDF ပါတီကို ရမယ်ရှာ ဖျက်သိမ်းလိုက်တဲ့အခါမှာတော့…

  • ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား

    ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား

    ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စားနေလို့ စျေးသည်တွေအခက်တွေ့နေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။ ပြင်ဦးလွင်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဖွင့်လှစ်ထားတာမကြာသေးတဲ့ လမ်းဘေး အစားအသောက်ဆိုင်လေးတွေကို ဝင်လာပြီး ရောင်းချတဲ့အစားအစာတွေကို ငွေမရှင်းဘဲ မကြာခဏ လာစားနေတယ်လို့ စျေးသည်အချို့က ပြောပါတယ်။ “မာလာဟင်းဆိုင်ဆိုလည်း တစ်ခါစားရှစ်သောင်းတစ်သိန်း၊ ခေါက်ဆွဲဆိုင်ဆိုလည်းအုပ်စုလိုက်တစ်သိန်းကျော်ဖိုးအလကားဝင် ဝင်စားတာ။ နောက်ဆုံးကုန်ကုန်ပြောမယ်။ မုန့်ပေါင်းဆိုင်လည်း အလကား၊ကွမ်းယာဆိုင်ပါမကျန် အလကားဝင် ဝင်မြိုတာ သူတို့အားလုံးက။ အရင်းပြုတ်တော့မယ်။”လို့ လမ်း​ဘေးစျေးသည်တစ်ဦးက ပြောပါတယ်။ လမ်းဘေးစျေးသည်တချို့ဟာ ပြင်ဦးလွင်မြို့မှာ စစ်ရှောင်လာနေရင်း စျေးရောင်းကြတဲ့သူတွေလည်းရှိပြီး မကြာခဏ အလကားလာလာစားကြလို့ အခက်အခဲတွေရှိနေကြောင်း စျေးသည်အချို့က ပြောပါတယ်။ ဒါ့အပြင် လမ်းလေးစျေးဆိုင်တွေကို တစ်ရက်တစ်ထောင့်ငါးရာကျပ် စျေးကောက်ကောက်နေပြီး အိမ်မှာဖွင့်တဲ့ဆိုင်ကအစ…