ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာအပြင်ဖက် ကာကင်းစခန်းမှာ ရှိနေခဲ့တဲ့ တပ်စုမှူး ရဲဘော်မိုးစက်၊ ရဲဘော်နေကြီး၊ ရဲဘော်ရှိုင်းလေး၊ ရဲဘော် နောက်တိုး၊ ရဲဘော်မဲလုံး နဲ့ ရဲဘော်ကြွက်နီတို့ဟာစစ်ကော်မရှင်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းမှာ ကျဆုံးခဲ့ရတယ်လို့ သူတို့ရဲ့တပ်ရင်းက အတည်ပြုပါတယ်။
တပ်ရင်းရဲ့ပြောဆိုမှုအရ စစ်ကော်မရှင်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၂၇ နှစ်အတွင်းလူငယ်တွေ ဖြစ်ပါတယ်။


Leave a Reply