Author: Baby Yit Lone

  • ကပစ ၁၆ ကာကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို AA ဖမ်းဆီး

    ကပစ ၁၆ ကာကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို AA ဖမ်းဆီး

    တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်း ကပစ ၁၆ ကာကင်း ပွိုင့် ၆၆၆ စခန်းအနီး၊ ကာကင်းစစ်ကြောင်းတခုက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီလောက်မှာ ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ ကြား ကာကင်းစစ်ကြောင်းတခုမှ ထွက်ပြေးလာပြီး အာရက္ခတပ်တော်ဘက်က ဖမ်းဆီးလိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “မနေ့ညက ထွက်ပြေးလာတာပါ ၂ ယောက်၊ သူတို့က ပြည်သူ့စစ်တွေပါ၊ လက်နက်ခဲယမ်း အပြည့်အစုံ ပါတယ်၊ အခုတော့ AA စစ်ကြောင်းက ဖမ်းဆီးထားတယ်။” AA က ဖမ်းဆီးရမိထားတဲ့…

  • ရန်ကုန်-မန္တလေးလမ်းဟောင်းဂိတ်တွင် ဖြတ်သန်းသူများကို ဓာတ်ပုံရိုက်စစ်ဆေး

    ရန်ကုန်-မန္တလေးလမ်းဟောင်းဂိတ်တွင် ဖြတ်သန်းသူများကို ဓာတ်ပုံရိုက်စစ်ဆေး

    ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီရဲ့ ရေနီမြို့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူ တယောက်ချင်းစီကို ဓာတ်ပုံရိုက်ယူပြီး စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။ ရေနီမြို့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်း အစပ်မှာရှိသလို နေပြည်တော်နဲ့ နီးကပ်နေပြီး အဲဒီစစ်ဆေးရေးဂိတ်အနေနဲ့ အရင်က ဖြတ်သွားတဲ့ ကားတွေကို သာမန်စောင့်ကြည့်တဲ့ အနေအထားပဲ ရှိပေမဲ့ အခုရက်ပိုင်းအတွင်း စစ်ဆေးမှု ပုံစံပြောင်းလဲလာတာလို့ ဆိုပါတယ်။ အဲဒီ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းအသုံးပြုတဲ့ ကားပေါ်လိုက်ပါသူတွေကို ဆင်းခိုင်းပြီး ဓာတ်ပုံရိုက်ကာ စစ်ဆေးလာသလို လူငယ်ပိုင်းတွေကို အဓိကထား စစ်ဆေးမေးမြန်းနေတာလို့ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ ပုံမှန်ဖြတ်သန်းသွားလာနေသူတယောက်က ပြောပါတယ်။ “ကားပေါ်က ဆင်းပြီး ဓာတ်ပုံရိုက်ဖို့ ပြင်ထားတဲ့အခန်းထဲ ဝင်ရတယ်။ ပြီးရင် တယောက်ချင်း ကင်မရာရှေ့မှာ ဓာတ်ပုံရိုက်ခံရတယ်။ မှတ်ပုံတင် စမတ်ကတ် လုပ်ရင် ရိုက်တဲ့ပုံစံမျိုးပဲ။…

  • ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတရုံးမှ ပုဂ္ဂိုလ်တချို့နှင့် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၈ရက်က လျှို့ဝှက်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို အရေးယူမည်ဟု စစ်ကော်မရှင်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့ နတ်မောက်လမ်း စားသောက်ဆိုင်တွင် ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နှင့် နှာခေါင်းစည်း တပ်ကာ တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကလည်း ဝန်ခံကြောင်း ပါရှိသည်။ နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈နှင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တခုခု အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု (သို့) လူပုဂ္ဂိုလ် တဦးဦးထံမှ…

  • Radheyaa

    Radheyaa

    Radheyaa (2025) အနှိုင်းမဲ့မေတ္တာ ဇာတ်လမ်းအစမှာတင် ဇာတ်ရှိန်တအားတက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုခင်းရုပ်ရှင်ကားတခု တင်ဆက်ပေးချင်ပါတယ်။ အစမှာတင် လူတွေက ရက်ရက်-စက်စက် သ-တ်ဖြ-တ်တဲ့ လူ-သ-တ်သ-မားတစ်ယောက်ဟာ ကိုယ်တိုင်လိုလိုလားလားလာအဖမ်းခံခဲ့ပါတယ်။ မီဒီယာတွေ ဘယ်လောက်မေးမေး ဘာမှပြန်မပြောတဲ့လူက သေမိန့်ကျထားပြီးမှ သူ့အကြောင်း စာအုပ်ထုတ်ပေးပါဆိုပြီး သူ့ရှေ့နေကို ပူဆာတဲ့အပြင် ရေးခိုင်းတဲ့စာရေးဆရာကိုပါ ရွေးချယ်ခေါ်ယူတာကနေ စပြီး ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ရင်သပ်ရှုမောဖွယ် ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းကောင်းတပုဒ်ကို ခံစားရမှာပဲဖြစ်ပါတယ်။

  • Call Me Dad

    Call Me Dad

    Call Me Dad (2025) ဒီအင်ဒိုနီးရှားဇာတ်လမ်းက ကိုရီးယားဒရမ်မာဖြစ်တဲ့ Pawn (2020) ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အကြွေးကောက်သမားတွေဖြစ်တဲ့ Dedi နဲ့ Tatang တို့ ညီအစ်ကိုနှစ်ယောက်က မိန်းမတစ်ယောက်ရဲ့အကြွေးကိုလိုက်တောင်းရင်း မပေးလို့သူမရဲ့ကလေးကို အပေါင်းပစ္စည်းအဖြစ် သိမ်းလိုက်ကြတယ်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ထွက်ပြေးသွားတော့ Dedi နဲ့ Tatang တို့ Intan ဆိုတဲ့ကလေးမလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ကျလာပါတော့တယ်။ သွေးမတော်သားမစပ်ပေမဲ့ တကယ့်မိသားစုလို စောင့်ရှောက်နေထိုင်ရင်း ခိုင်မြဲလာတဲ့ သံယောဇဉ်နဲ့ ကံကြမ္မာရဲ့ အပြောင်းအလဲတွေကြား ရင်ထဲထိစေမယ့် IMDB 7.5 ရရှိထားတဲ့ ဒရမ်မာ ကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။