Author: Baby Yit Lone
-

အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်ထဲမှာ မိမိရင်သွေး သန္ဓေသားကို အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ မြန်မာမိန်းကလေးတယောက် ဖမ်းဆီးခံရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က ဘန်ပအင်မြို့နယ်၊ ခလောင်းကျစ်ရပ်ကွက်ရှိ အမှိုက်ပုံးထဲမှာ ကိုယ်ဝန် ၄-၅ လအရွယ်ရှိ သန္ဓေသားကလေးငယ်အလောင်း တွေ့ရှိကြောင်း အမှိုက်သိမ်းသမားက လာရောက်အကြောင်းကြားခဲ့တယ်လို့ ဘန်ပအင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့က အနီးနားတဝိုက် ရပ်ကွက်ထဲက နေအိမ်တွေ လိုက်လံမေးမြန်းစုံစမ်းသလို စီစီတီဗီ ကင်မရာတွေ စစ်ဆေးချက်အရ အောက်တိုဘာ ၈ ရက် မနက်စောစောမှာ မိန်းကလေးတယောက် အိပ်ရာခင်းနဲ့ ပတ်ထားတဲ့ တစုံတရာကို ယူဆောင်လာပြီး အမှိုက်ပုံနား ရောက်တော့ အမှိုက်ပုံးထဲ ပစ်ချပြီး လာလမ်းအတိုင်း ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက…
-

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်
မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်း အများအပြား ဖမ်းမိ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ ပျူစောထီးစခန်း၊ အော်ဇီးခုံရွာ စခန်း၊ ညောင်ဝန်းရွာပျူစောထီး ဂိတ်စခန်း၊ နောင်ပိန်းရွာ စခန်းကုန်း၊ နားပင်ရွာစခန်းကုန်းနှင့် တောင်းအင်ရွာစစ်တပ်စခန်း စသည့် ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ “တိုက်ခိုက်သိမ်းပိုက်တာက ၅ ခုပါ၊ တောင်းအင်စခန်းကုန်းကတော့ စခတွေ ဆုတ်ခွာထွက်ပြေး တာပါ။ စုစုပေါင်းစခန်း ၆…
-

ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာ
ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည် နိုင်ငံတကာသတင်းမီဒီယာများအားလုံးက စစ်တပ်၏ ရက်စက်မှုကို ထိပ်တန်းသတင်းအဖြစ် ဖော်ပြ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် ပြုလုပ်သော ဆီမီးထွန်းပွဲသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကနဦး ပြည်သူ…
-
ဝိုင်းမော်မြို့ရှိ စစ်တပ်နှင့် ပြည်သူ့စစ် စခန်းငယ် ၂ ခု KIA သိမ်းပိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ စစ်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် စခန်းငယ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA)က အောက်တိုဘာလ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ KIA သိမ်းလိုက်သည့် စခန်းများသည် ဝိုင်းမော်မြို့ အရှေ့ဘက် ငါး မိုင်ခန့်အကွာ လမြန်ရွာအနီးရှိ စစ်တပ်စခန်းများဖြစ်သည်။ ယမန်နေ့နံနက် ၆ နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် လမြန်ရွာ အနောက်ဘက် ရှိ စစ်တပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းတပ်ထိုင်ထားသည့် ကင်းစခန်း နှစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ကင်းစခန်းလိုမျိုး စခန်းအသေးလေးပါပဲ နှစ်ခုရလိုက်တာ ဟုတ်တယ်။ စစ်တပ်ရော၊ ပြည်သူ့စစ်အဖွဲ့ရော ရောပြီးထိုင်တာ။ အခုကတော့ ငြိမ်သွားပြီး တစ်မနက်လုံး လက်နက်ကြီးတွေ…
-

စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်
လက်ရှိ မြန်မာပြည် နွေဦးတော်လှန်စစ်ပွဲကာလအတွင်း စစ်ရေးအခြေအနေအား သုံးသပ်ကြသူများသည် မြေပြင်အခိုင်အမာအခြေအနေ အချက်အလက်များကို မျက်မှောက်ပြုပြီး သုံးသပ်ကြရန် လိုအပ်ပေသည်။ လူ့အသက်များစွာနှင့် ရင်းနှီးထားသည့် စစ်ရေးနှင့်ပတ်သက်သော သုံးသပ်ချက်များတွင် အလွန်တရာ ယေဘုယျကျသည့်အချက်များ၊ မှန်းဆချက်များ၊ ဖြစ်နိုင်ခြေများကို အခြေပြု သုံးသပ်၍ မရပေ။ ပကတိ မြေပြင်အခြေအနေကို မျက်မှောက်ပြုပြီး သုံးသပ်မှသာ မှန်ကန်သည့် သုံးသပ်ချက်ကို ရရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မှန်ကန်သည့် သုံးသပ်ချက်များနှင့် လွဲချော်ရုံမက စစ်ကော်မရှင် (စကမ) ၏ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်နေသည့် ဆိုက်ဝါးများနှင့် မခြားသည့်အမြင်များ ထွက်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသည့်ကာလတွင် အခြေအနေမှန်ကို သုံးသပ်ကြရန် လိုပါသည်။ ရန်သူ စကမကို စစ်မြေပြင်တွင်…