Author: Baby Yit Lone

  • ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား

    ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား

    ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စားနေလို့ စျေးသည်တွေအခက်တွေ့နေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။ ပြင်ဦးလွင်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဖွင့်လှစ်ထားတာမကြာသေးတဲ့ လမ်းဘေး အစားအသောက်ဆိုင်လေးတွေကို ဝင်လာပြီး ရောင်းချတဲ့အစားအစာတွေကို ငွေမရှင်းဘဲ မကြာခဏ လာစားနေတယ်လို့ စျေးသည်အချို့က ပြောပါတယ်။ “မာလာဟင်းဆိုင်ဆိုလည်း တစ်ခါစားရှစ်သောင်းတစ်သိန်း၊ ခေါက်ဆွဲဆိုင်ဆိုလည်းအုပ်စုလိုက်တစ်သိန်းကျော်ဖိုးအလကားဝင် ဝင်စားတာ။ နောက်ဆုံးကုန်ကုန်ပြောမယ်။ မုန့်ပေါင်းဆိုင်လည်း အလကား၊ကွမ်းယာဆိုင်ပါမကျန် အလကားဝင် ဝင်မြိုတာ သူတို့အားလုံးက။ အရင်းပြုတ်တော့မယ်။”လို့ လမ်း​ဘေးစျေးသည်တစ်ဦးက ပြောပါတယ်။ လမ်းဘေးစျေးသည်တချို့ဟာ ပြင်ဦးလွင်မြို့မှာ စစ်ရှောင်လာနေရင်း စျေးရောင်းကြတဲ့သူတွေလည်းရှိပြီး မကြာခဏ အလကားလာလာစားကြလို့ အခက်အခဲတွေရှိနေကြောင်း စျေးသည်အချို့က ပြောပါတယ်။ ဒါ့အပြင် လမ်းလေးစျေးဆိုင်တွေကို တစ်ရက်တစ်ထောင့်ငါးရာကျပ် စျေးကောက်ကောက်နေပြီး အိမ်မှာဖွင့်တဲ့ဆိုင်ကအစ…

  • မန္တလေး သိပ္ပံလမ်းမှာ လူတစ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူ

    မန္တလေး သိပ္ပံလမ်းမှာ လူတစ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူ

    မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁နာရီဝန်းကျင်က မန္တလေးမြို့ပေါ် လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းနဲ့ လမ်း ၆၀ ထောင့်အနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို လူတစ်စုက စစ်ဆေးမယ်ဆိုပြီး ရပ်တန့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် Tool Box ထဲထည့်လာတဲ့ ကျပ်သိန်း ၁၂၀ ကျော်ကို လုယူသွားကြောင်း သိရပါတယ်။ “ဆိုင်ကယ်ရပ်ပြီး ဖုန်းကိုင်တဲ့အချိန် အောက်က ယူနီဖောင်းခံဝတ်ထားပြီး စစ်မယ်ဆိုပြီး ပိုက်ဆံတွေ တွေ့တော့ ယူသွားတာတဲ့”လို့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ လုယူသွားတဲ့သူတွေဟာ သုံးဦးဖြစ်ပြီး Click ဆိုင်ကယ်တစ်စီးနဲ့ Scoopy တစ်စီးလည်း…

  • ကားအစီး ၂၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ မြန်မာအမျိုးသား

    ကားအစီး ၂၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ မြန်မာအမျိုးသား

    ကားအစီး ၂၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ မြန်မာအမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး ရပ်ထားတဲ့ ကားအစီး ၂၀ နီးပါးလောက်ကို ဖျက်ဆီးခဲ့တဲ့အတွက် မြန်မာ အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။ အဲဒီအမျိုးသားဟာ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်း ဒေသစံတော်ချိန် ၃ နာရီခန့်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်ပြည်နယ်၊ လာငူခရိုင်မှာရှိတဲ့ ကားလမ်းတစ်ခုမှာလမ်းဘေး ရပ်ထားတဲ့ ကားတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိပြီး ထိုင်းမီဒီယာတွေက ‘စော’လို့သာ နာမည်ဖော်ပြထားခဲ့တဲ့ မြန်မာအမျိုးသားဟာ ကျောက်တုံးတွေနဲ့ ပေါက်ချွန်းတစ်ခုကို အသုံးပြုပြီး ကားတွေရဲ့ ကိုယ်ထည်နဲ့ မှန်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ချက်ကြောင့် ကား ၁၉ စီးမှာ အပျက်အစီးတွေ…

  • ထိုင်း၌ မြန်မာများ အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦး ဒဏ်ရာရ

    ထိုင်း၌ မြန်မာများ အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦး ဒဏ်ရာရ

    ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်၊ ဘန်ဘောမြို့တွင် ထိုင်းနိုင်ငံသား Delivery သမားများနှင့် မြန်မာလုပ်သားများကြား ရိုက်နှက်မှုဖြစ်ပွားပြီး ရက်ပိုင်းမှာပင် ယမန်နေ့ ည ၁၁ နာရီခန့်၌ ချွန်ဘူရီခရိုင်၊ ဖန်ထောင်ဒေသရှိ ကွန်ဒိုမီနီယံတခုရှေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ နီးပါး ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုအား ဖန်ထောင်ခရိုင်မှ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့်အတူ အမှုစစ် ဒုရဲမှူးကြီး Chanin Thammasantiboon တို့ သွားရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသားနှစ်ဦး ကို တွေ့ရှိခဲ့သဖြင့် ရှေးဦးပြုစုပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း Khosoad သတင်းက ဆိုသည်။ ဖြစ်စဉ်မှာ ဓားများကိုင်ဆောင်ထားသည့် ဒဏ်ရာရအမျိုးသားနှင့် ၎င်း၏သူငယ်ချင်းနှစ်ဦးသည် ချွန်ဘူရီဒေသတွင် နေထိုင်သော မြန်မာအလုပ်သမားများအား စတင်ရန်စခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက်ပိုင်း…

  • ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင် ၁ ဦး ဖမ်းဆီးခံရ

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင် ၁ ဦး ဖမ်းဆီးခံရ

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင်တယောက်ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ ရက် ညနေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။ ဒေါ်သက်သက်ခိုင်ကို မနေ့ညနေ ၆ နာရီခွဲက စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းရှိ သူ့ရဲ့နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ဗဟိုကော်မတီဝင်တယောက်ကို လည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ပါတီဝင်တယောက်က ပြောပါတယ်။ “အဖမ်းခံရတဲ့ သတင်းကမှန်ပါတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာပဲ အတိအကျမသိရသေးတာ။ မနေ့ညနေ စစ်တပ်က ဗိုလ်မှူးကြီး ၂ ယောက်ဦးဆောင်ပြီး အင်အား ၂၀ လောက်ရှိတယ် လာဖမ်းတာ။ အဖမ်းခံရတဲ့အထဲမှာ ဗဟိုကော်မတီဝင်တယောက်လည်းပါတယ်။” ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်အနေနဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲမဲဆန္ဒနယ် အမှတ် ၂ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့စီစဥ်ခဲ့ပေမဲ့ ငွေကြေးအရှုပ်အရှင်းကြောင့် စစ်တပ်က နိုဝင်ဘာ ၂၅ ရက်မှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။…