Author: Baby Yit Lone
-

နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်
နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်နေပြီး လိုင်းကြေးယူထားတာကြောင့် အရေးယူမှုမရှိ နေပြည်တော်မှာ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ စရဖ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းတွေဖြစ်တဲ့ လေးကောင်ဂျင်၊ ကြက်ဝိုင်းတွေကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ဆွာလမ်းဆုံ မီးပွိုင့်အနီးရှိ အမှတ် (၅) နယ်မြေရဲစခန်း ဧရိယာအတွင်းမှာ လေးကောင်ဂျင်ဝိုင်းကို တခမ်းတနား ဖွင့်လှစ်ထားပြီး ဒေသခံအာဏာပိုင်တွေက လျစ်လျူရှုထားတဲ့ အခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “အမှတ် (၅) နယ်မြေရဲစခန်းနှင့် ဥတ္တရသီရိအပိုင် စရဖ မိုးတိမ်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေ ထွေအုပ်ဝန်ထမ်း ကိုမျိုးချစ် တို့က အပတ်စဉ် လိုင်းကြေးတွေယူပြီး Cover ပေးထားတာ၊ နေ့လယ်…
-

ဂျပန်ခြေဆွဲကောင်ကို အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းလိုက်တဲ့ ဗန်
ဂျပန်ခြေဆွဲကောင်ကို အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းလိုက်တဲ့ ဗန် ပရိသတ်တွေ စောင့်မျှော်နေတဲ့ သတင်းကောင်း ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ မြန်မာပြည်ဖွား ကမ္ဘာ့ဖိုက်တာ ဂျိုရွှာဗန်ကတော့ ဂျပန်ဖိုက်တာကို အလဲထိုးပြီး သူ့ရဲ့ Flyweight ချန်ပီယံခါးပတ်ကို ထိုက်ထိုက်တန်တန် ကာကွယ်သွားနိုင်ခဲ့ပါပြီ။” “ဒီပွဲဟာ ၅ ချီအထိ တကယ်ကို အကြိတ်အနယ် ရှိခဲ့တာပါ။ ဂျိုရွှာဗန်က ပွဲတစ်ပွဲလုံးမှာ ထိုးချက်ပေါင်း ၂၂၅ ချက်အထိ ထိုးခဲ့ပြီး ၁၄၀ ချက်က ပြိုင်ဘက်ကို တိတိကျကျ ထိမှန်ခဲ့တာပါ။ အထူးသဖြင့် ပြိုင်ဘက်ရဲ့ ဦးခေါင်းကို ပစ်မှတ်ထားတဲ့ ပြင်းထန်တဲ့ လက်သီးချက် ၁၁၆ ချက်ကပဲ ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ်။” “၅ ချီမြောက်၊ ၁ မိနစ် ၃၄ စက္ကန့်မှာတော့ ဂျိုရွှာဗန်ရဲ့…
-

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်အုပ်စု လျစ်လျူရှုထား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ ရက်) ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ…
-

တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်
ရန်ကုန်တွင် သီလရှင်ဝတ်စုံဖြင့် Miss Grand Myanmar ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်ပြီး ပွဲလက်ခံသည့် ဟိုတယ်ကို လုပ်ငန်းလုပ်ခွင့် ၆ လပိတ် ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Grand Myanmar အလှမယ်ပြိုင်ပွဲ ၏ အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုတွင် ဗုဒ္ဓဘာသာ သီလ ရှင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ် လျှောက်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မဘသအသိုင်းအ၀ိုင်းထံမှ သိရသည်။ မေလ ၈ ရက်နေ့ စစ်ကောင်စီတရားရုံးက သာသနာရေးဝန်ကြီးဌာန၏ တိုင်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီနောက် အလှမယ် အိမွန်လွင် (တာချီလိတ်မယ်)ကို သီလရှင်ဝတ်စုံဝတ်ကာ ယှဉ်ပြိုင်ခဲ့မှုအတွက်…
-

ပရိသတ်တွေ စိုးရိမ်နေကြတဲ့ ပက်ထရစ်ရှာရဲ့ ဖြစ်ရပ်နဲ့ မိခင်ဖြစ်သူကိုယ်တိုင် အကူညီတောင်းပီ
🚨 ပရိသတ်တွေ စိုးရိမ်နေကြတဲ့ ပက်ထရစ်ရှာရဲ့ ဖြစ်ရပ်နဲ့ မိခင်ဖြစ်သူကိုယ်တိုင် အကူညီတောင်းပီ🚨 မော်ဒယ်လ်နဲ့ သရုပ်ဆောင် ပက်ထရစ်ရှာ (Patricia) တစ်ယောက် မလေးရှားနိုင်ငံမှာ အလုပ်ကိစ္စနဲ့ သွားရောက်နေထိုင်စဉ်အတွင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေကြောင့် ပရိသတ်တွေသာမက မိသားစုဝင်တွေပါ အထူးစိုးရိမ်ပူပန်နေကြပါတယ်။ ကနဦးမှာ အကူအညီတောင်းခံမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမအဆင်ပြေကြောင်း ပြန်လည်ပြောဆိုမှုတွေ ထွက်ပေါ်လာတာကြောင့် အခြေအနေက ပိုမိုရှုပ်ထွေးနေတာပါ။ လက်ရှိမှာတော့ ပက်ထရစ်ရှာရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူနဲ့ အဆက်အသွယ် ကောင်းကောင်းမရရှိတော့တဲ့အတွက် စိုးရိမ်စိတ်ကြောင့် နှလုံးရောဂါအခံပါ ပြန်လည်ထကြွလာတယ်လို့ သိရပါတယ်။ သမီးဖြစ်သူထံ ဖုန်းဆက်သွယ်လို့ ရတဲ့အချိန်မှာလည်း အခြေအနေကို မေးမြန်းလိုက်တာနဲ့ ဖုန်းအဆက်အသွယ် ချက်ချင်းပြတ်တောက်သွားတာကြောင့် မိခင်တစ်ယောက်အနေနဲ့ ရင်ထိတ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 📌 သိထားရမယ့် အချက်အလက်များ – ပက်ထရစ်ရှာသည်…