Author: Baby Yit Lone
-

MRTV 4 သရုပ်ဆောင်တစ်ဦး ညဘက်အပြင်ထွက်ရာမှ ပြန်ရောက်မလာပဲပျောက်ဆုံးနေ
“လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲမှ ဟန်ထွန်းအဖြစ် သရုပ်ဆောင်ထားသည့် MRTV 4 သရုပ်ဆောင် ကောင်းခန့်စိုး သည် ယမန်နေ့ (မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ်) ညပိုင်းမှစ၍ လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါသည်။ 📍 ပျောက်ဆုံးမှု အသေးစိတ် အချိန်: ၇.၅.၂၀၂၆ (ကြာသပတေးနေ့)၊ ည ၇:၄၅ နာရီခန့်။ အခြေအနေ: မုန့်ဝယ်စားရန် လမ်းလျှောက်ထွက်သွားရာမှ အိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ပါ။ ဖုန်းအဆက်အသွယ်: ပထမတွင် ဖုန်းဝင်သော်လည်း မကိုင်ဘဲ ည ၁၀ နာရီနောက်ပိုင်းတွင် ဖုန်းစက်ပိတ်သွားကာ လုံးဝဆက်သွယ်၍ မရတော့ပါ။ မိခင်ဖြစ်သူမှလည်း အလွန်စိုးရိမ်ပူပန်နေပြီး အောက်ပါအတိုင်း အကူအညီတောင်းခံထားပါသည် – ”ကျွန်မ၏ သားကြီး မောင်ကောင်းခန့်စိုးသည် ယခုအချိန်အထိ ဘာအဆက်အသွယ်မှ…
-

လေယာဉ်ဗုံးများ လျှို့ဝှက်သယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
ဆိပ်ဖြူတွင် ကပစစက်ရုံမှ ရှမ်းတဲလေတပ်သို့ ပို့ဆောင်မည့် လေယာဉ်ဗုံးများ လျှို့ဝှက်သယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ မှ လေယာဉ်ကြဲဗုံးများနှင့် ခဲယမ်းများ လျှို့ဝှက် သယ် ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရှင်းပြသည်။ မေလ ၆ ရက်နေ့တွင် ကပစ စက်ရုံမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပုသိမ်-မုံရွာလမ်း၊ ဆိပ်ဖြူ-ပေါက် လမ်းဆုံအနောက်ဘက်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းမောင်းသမား မိုင်းထိမှန်သေဆုံးခဲ့ပြီး…
-

ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟုဆို
ချင်းပြည်နယ်၊ ဖလမ်းနှင့် ဟားခါးမြို့နယ်လမ်းပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဖလမ်းမြို့ကို စစ်အုပ်စုတပ်က ဧပြီလ ၂၅ ရက်နေ့တွင် သိမ်းယူခဲ့ပြီးနောက် ဖလမ်း – ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးလျက်ရှိရာ ယမန်နေ့ (မေလ ၇ ရက်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် လိုင်ကွာ (Liakua) တောင်ကျော၌ ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ရန်သူ့ဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ စစ်အုပ်စုတပ်သည် အင်အား ၃၀၀ ကျော်ကို စစ်ကြောင်းသုံးကြောင်း…
-

ဟန်တာဗိုင်းရပ်စ် ကူးစက်ခံနိုင်ရသည့် သံသယဖြင့် စင်ကာပူနိုင်ငံတွင် လူ ၂ ဦးကို သီးသန့်စောင့်ကြည့်နေ
ကမ္ဘာ့ကပ်ရောဂါ အသွင်ဖြစ်လာနိုင်သော ဟန်တာဗိုင်းရပ်စ် ကူးစက်ခံနိုင်ရသည့် သံသယဖြင့် စင်ကာပူနိုင်ငံတွင် လူ ၂ ဦးကို သီးသန့်စောင့်ကြည့်နေ ဟန်တာဗိုင်းရပ်စ်က မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများထံသို့ ခြေဦးလှည့် ခြိမ်းခြောက်လာ ကုသဆေး နှင့်ကာကွယ်ဆေး မရှိသော ဟန်တာဗိုင်းရပ်စ် ကူးစက်ရန် သံသယရှိခံရသူများမှာ နိုင်ငံ ၁၂ နိုင်ငံသို့ အသီးသီးပြန့်နှံ့သွားသဖြင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အရေးပေါ် ပြင်ဆင်မှုများ လုပ်ဆောင်နေ ကြွက်မှတစ်ဆင့် ကူးစက်ပြီး လူအချင်းချင်း ကူးစက်နေသည့် ကုသဆေးမပေါ်သေးသော ဟန်တာဗိုင်းရပ်စ် သံသယ ဖြင့် စင်ကာပူနိုင်ငံသား ၂ ဦးကို သီးသန့်စောင့်ကြည့်နေကြောင်း စင်ကာပူမှ လာသော သတင်းများအရ သိရှိရသည်။ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုမှာ အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာလာသော MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ရှားပါးပြီး အသက်သေဆုံးနိုင်ခြေရှိသော…
-

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထွက်ပြေးနေရဟု ဘူးလက်လှဆွေပြော
စစ်အုပ်စုက ဗုံးကြဲမည်ကိုကြောက်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထွက်ပြေးနေရဟု ဘူးလက်လှဆွေပြော အာဏာသိမ်း စစ်အုပ်စုက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ရခြင်းမှာ အာရက္ခတပ်တော်- AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိသည်ဟု သတင်းပေးမှုများကြောင့်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် ဒုဗိုလ်မှူးကြီးဟောင်း ဘူးလက်လှဆွေက ပြောသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေဖြင့် အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲမည်ကိုကြောက်၍ ထွက်ပြေးနေခြင်းသာဖြစ်သည်ဟု ယမန်နေ့ မေ ၆ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ပြောဆိုထားသည်။ ရုပ်သံ – ဘူးလက်လှဆွေ