Author: Baby Yit Lone

  • 3 Hajat

    3 Hajat

    3 Hajat (2025)

    တော်ဖစ်ဟာ ရုန်းကန်ကြိုးစားနေဆဲ တက်သစ်စ ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့အဆင်မပြေမှုတွေကြောင့် စိတ်တွေလေနေပါတယ်။

    အဲ့ဒီချိန်မှာ တပူပေါ်နှစ်ပူဆင့်စေတာကတော့ သူသိပ်မုန်းတဲ့သူ့အဖေ ထောင်နှစ်ရှည်ကျနေရာက ပြန်လွတ်လာလို့ပါပဲ။

    သူ့မှတ်ဉာဏ်ထဲမှာ သူ့အဖေဟာ သူ့မိခင်ကိုနှိပ်စက်သူ၊ မိခင်ရဲ့မောင် ဦးလေးကိုသတ်ခဲ့တဲ့လူသတ်သမား၊ သူတို့မိသားစု ပြိုကွဲရတဲ့ အကြောင်းရင်းခံအဖြစ် အဆိုးတွေချည်းသာရှိနေခဲ့ရုံမက အခုချိန်ထိလည်း အမုန်းတွေဖြေဖျောက်လို့မရသေးဘူးဖြစ်နေပါတယ်။

    ဒါပေမယ့်လည်း ရွာမှာကျန်ခဲ့တဲ့ငယ်သူငယ်ချင်းတစ်ချို့ရဲ့အသိပေးမှုအရ သူ့အဖေဟာ နေရမယ့်ရက်တွေသိပ်မကျန်တော့ဘူးဆိုတာ သိရတဲ့နောက် ပင်ကိုစိတ်အရင်းခံမဆိုးလှတဲ့သူဟာ အဖေကို တွေ့ဖို့ရွာပြန်ရောက်ခဲ့ပါတော့တယ်။

    သူ့ဖခင်ဟာ သူ့မှတ်ဉာဏ်ထဲမှာစွဲနေခဲ့တဲ့ လူဆိုးကြီးတစ်ယောက်ပဲလား?

    သူ့ကိုတွေ့ချင်နေတဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ?

    အစရှိတာတွေကို လှလှပပ ပြေပြေပြစ်ပြစ် တင်ဆက်ထားတဲ့၊ စိတ်နှလုံးကိုနွေးထွေးစေမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

  • Sight & Sound in Love

    Sight & Sound in Love

    Sight & Sound in Love (2025)

    ဖူးစာ

    ဆန်းကျယ်တဲ့ချစ်ခြင်းတရားကို ပုံဖော်ပြထားတဲ့ တမီလ်စကားပြောဇာတ်လမ်းလေးတစ်ပုဒ်…

    တမီလ်စကားပြောရုပ်ရှင်ဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာကတော့ တမီလ်လူမျိုးတွေအများကြီး
    ရှိတဲ့ မလေးရှားနိုင်ငံမှာဖြစ်ပါတယ်။

    ကန်ဒါဟာ အမြင်အာရုံချို့တဲ့နေတဲ့ အသံတု နောက်ခံစကားပြောပညာရှင်တစ်ယောက်ပါ။ အမြင်အာရုံချို့တဲ့နေပေမဲ့ ဘဝကြီးကို ပျော်ပျော်ပဲဖြတ်သန်းနေသူပေါ့။

    တနေ့မှာတော့ ကန်ဒါဟာ ပိုက်ဆံအိတ်တစ်လုံးကောက်ရခဲ့ပြီး ပိုင်ရှင်ကိုပြန်ပေးဖို့ကြိုးစားတဲ့အခါ ပိုက်ဆံအိတ်ပိုင်ရှင်က ရှိုဘားနားဆိုတဲ့ စကားမပြောနိုင်တဲ့ကောင်မလေးဖြစ်နေတဲ့အခါမှာတော့။

    မျက်မမြင်ကောင်လေးနဲ့ ဆွံ့အကောင်မလေးကြားက ထူးထူးဆန်းဆန်း အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။

  • Simple Manusan

    Simple Manusan

    Simple Manusan (2025)

    ဖူးစာဖက်ရှာပုံတော်

    အသက် ၃၂ ရှိပြီဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လူပျိုကြီးတစ်ယောက် ကျောင်းတုန်းကလည်း ရည်းစားမရှိ။‌

    ကောလိပ်ရောက်ပြန်တော့လည်း ရည်းစားမရ။

    အလုပ်ခွင်ရောက်တော့လည်း ရည်းစားမရနဲ့အမ ဆိုလို့ယင်မတောင်မသန်းဘူးတဲ့သူ။

    ဆရာ၀န်တွေ အင်ဂျင်နီယာတွေ နဲ့ ပိုက်ဆံရှာနိုင်တဲ့ယောကျာ်းတွေကိုပဲ အိမ်ထောင်ဖက် ရွေးချယ်ချင်ကြတဲ့ မိန်းမတွေရဲ့ကြား သာမန်ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လူပျိုကြီးတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ရှာပုံတော်ဖွင့်ခန်းကိုရှုစားကြရမှာပါ။

  • Sayew

    Sayew

    Sayew (2003)

    စိတ်ကူးယဉ်ဆန်ဆန် မဂ္ဂဇင်းစာစောင်တွေ ဝတ္ထုတွေရေးတတ်တဲ့ သောင်ဆိုတဲ့ မိန်းကလေးတစ်ယောက်…

    ဘဝမှာ စိတ်လှုပ်ရှားမှုတွေရှိမှ အရသာရှိတယ်ဆိုပြီး သူမရဲ့တည်ငြိမ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်နေတတ်တဲ့သူလေး….

    တစ်ချိန်မှာ သူမဟာ ဘဝရဲ့စစ်မှန်တဲ့အရာက ဘာလဲဆိုတာ ရှာတွေ့ချိန်မှာတော့ သူမဘဝကိုကျေနပ်သွားမလား ဆက်ပြီး စွန့်စားချင်ဦးမလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…

  • The Big Holdup

    The Big Holdup

    The Big Holdup (2026)

    အရမ်းကိုရက်စက်ပြီး စနစ်ကျတဲ့ဓားပြတစ်ဖွဲ့ဟာ မြို့လယ်ခေါင်မှာ နေ့ခင်းကြောင်တောင်ရဲရဲတင်းတင်းဓားပြတိုက်ပါတယ်။

    အဲဒီအချိန်မှာ ရဲအရာရှိတစ်ယောက်ဟာ အနီးနားမှာရှိနေပေမယ့် သူတို့ကိုတားဆီးဖို့မစွမ်းသာခဲ့ပါဘူး။

    ဒီဘဏ်ဓားပြမှုမှာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးလိုက်ရတဲ့ ရဲအရာရှိဟာ ဒီဓားပြအဖွဲ့ကို မရရအောင်ဖမ်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

    ဓားပြတွေဟာ မြန်မြန်တိုက်ပြီး မြို့ကမြန်မြန်ထွက်သွားဖို့ အစီအစဉ်ဆွဲထားပေမယ့် ရဲတွေကမြို့ထွက်ပေါက်တွေအကုန်လုံးကို အချိန်မီပိတ်လိုက်တဲ့အခါမှာတော့ ဓားပြအဖွဲ့ဟာ မြို့ထဲမှာပိတ်မိနေပြီးတော့ ရှေ့တိုးမရ နောက်ဆုတ်မရ ကျဉ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားတဲ့အခါ ဘဝအတွက်အချီကြီးနောက်တစ်ကြိမ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

    သူတို့ဟာ ရဲတွေထပ်ခြေတစ်လှမ်းသာပြီး လွတ်မြောက်သွားမလား……

    ဒါမှမဟုတ် တရားဥပဒေဘက်တော် ရဲအရာရှိကပဲ သူတို့ကိုဖမ်းနိုင်မလားဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရမှာဖြစ်ပါတယ်။