Author: Baby Yit Lone

  • Underwater Ghost

    Underwater Ghost

    Underwater Ghost (2025) ဒီတစ်ခါမှာတော့ သိပ္ပံပညာရဲ့ဆန်းကြယ်ဖြစ်ရပ်တွေရှာဖွေမှုကြားက မိသားစုချစ်မေတ္တာကိုပါ ပုံဖော်ထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားတဲ့အမိုက်မှောင်ထဲမှာ လူသားတွေဟာ မိသားစုချစ်ခြင်းနဲ့တရားမျှတမှုကြောင့်ပဲ တည်ရှိနိုင်တယ်။ လောဘတရားကြီးကတစ်ခါတလေ လူသားတွေကိုဖျက်ဆီးနိုင်သလို မိသားစုချစ်မေတ္တာကလည်း အမှန်တရားကိုဖော်ထုတ်နိုင်တယ်ဆိုတာ ဒီရုပ်ရှင်လေးမှာ ရင်ခုန်စီးမျောလို့ရပါတယ် ဇာတ်လမ်းအကျဥ်း မိန်လန်မြစ်ကမ်းနားမှာ ဖြစ်ပေါ်လာတဲ့ လူသေမှုတွေကြောင့် မြို့တစ်မြို့လုံး ရေဘီလူးသတ်တာလား ရေသရဲသတ်တာလား စိုးရိမ်ပူပန်နေချိန်မှာ သိပ္ပံပညာရှင်မင်ဟန့်ကို ရဲတပ်ဖွဲ့က အမှုစုံစမ်းဖို့ အကူအညီတောင်းခံလာခဲ့တယ်။ မင်ဟန့်တစ်ယောက်အမှုတွေကိုစုံစမ်းရင်း အံ့သြစရာအဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ရတယ်။ အဲဒါကတော့ လူသတ်ခေါင်းဆောင်က လူသားကနေ မျိုးစိတ်ကူးပြောင်းသွားတဲ့ သူ့အဖေ မင်ကျစ်ဖြစ်နေတယ်ဆိုတာပါပဲ။ မင်ကျစ်ဟာ အတိတ်က ပါမောက္ခဝေါ်ကာရဲ့တရားမဝင်စမ်းသပ်မှုတစ်ခုကြောင့် ရေဘီလူးအဖြစ်ပြောင်းလဲသွားပြီး နှစ်တွေအကြာကြီး အကျဥ်းခန်းထဲမှာ အစမ်းသပ်ခံခဲ့ရသူတစ်ယောက်ပေါ့။ ပါမောက္ခဝေါ်ကာရဲ့တရားမဲ့စမ်းသပ်မှုတွေဟာ ဘယ်လောက်ထိဖျက်ဆီးနိုင်လဲဆိုတာ ပြသလို မင်ဟန့်နဲ့မင်ကျစ်တို့ရဲ့ပြန်လည်ဆုံတွေ့တဲ့ မိသားစုချစ်ခြင်းမေတ္တာဟာ သဘာဝလွန်အခြေအနေတွေကိုပါ ကျော်လွှားနိုင်တယ်ဆိုတာကို ပုံဖော်ပြထားပါတယ်။ ကဲ…

  • Formalin Man

    Formalin Man

    Formalin Man (2004) “ဖော်မလင်လူသား” (၂၀၀၄) ဇာတ်ကားဟာ သေခြင်းတရားထက် ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်နဲ့ တာဝန်ယူမှုကို ဟာသ၊ ဒရာမာ ရသစုံလင်စွာ တင်ဆက်ထားတဲ့ ထိုင်းရုပ်ရှင်ကားကောင်း တစ်ကားပါပဲ။ မိသားစုသဖွယ် ချစ်ခင်ရတဲ့ တေးဂီတတီးဝိုင်းလေး ပျက်စီးမသွားစေဖို့ တီးဝိုင်းခေါင်းဆောင် ချက်ထောင်ဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့ဝိညာဉ်က ရုပ်ခန္ဓာထဲက မထွက်ဘဲ ဖော်မလင်ဆေးအကူအညီနဲ့ လူသေဘဝအတိုင်း ဝိုင်းကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်း‌လေးဟာ ချစ်ရသူတွေအတွက် သေဆုံးသွားတာတောင် အနားမှာ ရှိနေပေးချင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အလွမ်းအဆွေး၊ အားပေးမှုတွေနဲ့ ထိထိမိမိ ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပါ။ သိုသော်လည်း အမှန်တရား ပေါ်ပေါက်လာတဲ့အခါမှာတော့ တစ်ချိန်က ချစ်ခင်ကြောက်ရွံခဲ့တဲ့ ဝိုင်းတော်သားတွေက သူ့ကို လူသေ (ဖော်မလင်မန်း) အဖြစ် သိရှိပြီး ကြောက်လန့်တကြား စွန့်ခွာသွားကြပုံမှာ…

  • တစ်ချက်ထဲနဲ့ တသက်စွဲပြီ ရှင့်

    တစ်ချက်ထဲနဲ့ တသက်စွဲပြီ ရှင့်

    ကျော်ဌေး နှင့် သီတာတို့ လင်မယားမှာ အရင်ကလို တကျက်ကျက် စကားများ ရန်ဖြစ်ရုံပင်မကတော့။ သတ်ပုတ်ရိုက်နှက်သည်အထိ ဖြစ်လာသည်။ သားသမီးမရှိတော့ တစ်ယောက်နှင့် တစ်ယောက် သိပ်ပြီး သံယောဇဉ်ထားကြပုံမရပေ။ သူတို့လင်မယား အိမ်ထောင်ကျတာ သုံးနှစ်ကျော်ပြီဖြစ်သည်။ တစ်နှစ်လောက်ပဲ သောကကင်းကင်းဖြင့် နေခဲ့ရသည်။ တစ်နှစ်ကျော်တော့ ကျော်ဌေးက ဗွေဖောက်လာသည်။ ကျော်ဌေးအကြောင်းတွေကို သီတာ မကြားချင်လည်း ကြားရသည်။ မသိချင်ပဲ သိရသည်။ ကျော်ဌေး အပျော်အပါးလိုက်စားသည်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သီတာက ဖြောင်းဖျပြောဆိုတော့ သူက ရန်လုပ်သည်။ အိမ်ပြန်လာတိုင်းလည်း မူးမူးလာတတ်သည်။ လုပ်သည့်အလုပ်က လိုင်းကားဒရိုင်ဘာ။ ဝင်ငွေကောင်းတော့ ကျော်ဌေး ပျက်တော့သည်။ ဇနီးမယား သီတာကိုလည်း ကြင်ကြင်နာနာ မရှိသည့်အပြင် ဘာမဟုတ်သည့် ကိစ္စလေးနှင့် ရိုးမယ်ဖွဲ့ ရိုက်လားပုတ်လား လုပ်လာသည်။ သူတို့လင်မယားကို ဘယ်သူကမှ…

  • မာဒူရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

    မာဒူရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

    ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လက်ရှိတွင် အမေရိကန်၌ ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံက ယနေ့တွင် တောင်းဆိုလိုက်သည်။ “သမ္မတ မာဂျုရိုနဲ့ ၎င်းရဲ့ဇနီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံပေးဖို့၊ သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေကို ရပ်တန့်ဖို့နဲ့ ဒီပြဿနာကိုတွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အမေရိကန်ကို တရုတ်နိုင်ငံက တောင်းဆိုပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံနှင့် ယင်းနိုင်ငံ၏ သမ္မတအပေါ် အမေရိကန်ပြည်ထောင်စု၏ ပြောင်ပြောင်တင်းတင်း အင်အားသုံး လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း တုန်လှုပ်မိသလို…

  • ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခွမ်ကလေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ…