Author: Baby Yit Lone
-

ကျောက်မဲ နှင့် နမ့်ဆန်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး အပါအဝင် ၇ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နဲ့ နမ့်ဆန်မြို့နယ်တို့မှာ စစ်တပ်က လေကြောင်းကနေ ထပ်ပြီးဗုံးကြဲတာကြောင့် ဘုန်းကြီးတပါးအပါအဝင် ပြည်သူ ၇ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲ-မိုင်းငေါ့ လမ်းမပေါ်က ၁၁ မိုင်ရွာ ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၁၈ ရက်နေ့ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “ညက ကျောက်မဲ-မိုင်းငေါ့ကြားက ၁၁ မိုင်ဘက် သိမ်ကျောင်းကို ဗုံးကြဲလို့ ဒဏ်ရာအပြင်းအထန်ရတဲ့ ဘုန်းကြီးတပါး ပျံလွန်တော်မူပြီ။” နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာမှာလည်း အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ ၃၅ မိနစ်ဝန်းကျင်လောက်မှာ လေကြောင်းနဲ့…
-

မန္တလေးမှာ အရပ်ဝတ်လူတစုက ဖုန်းစစ်မယ်ဆိုပြီး ဖုန်းလုပြေး
မန္တလေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။ အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းမကြီးပေါ်၊ ၁၁၅ လမ်းနဲ့ ၁၁၇ လမ်းကြား၊ ကျွဲဆည်ကန်မီးပွိုင့်အကျော်မှာ အရပ်ဝတ်လူတစုက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို တားဆီးခဲ့ကြောင်း သိမြင်လိုက်သူတွေက ပြောပါတယ်။ အဲဒီအချိန် ဖုန်းစစ်မယ်ဆိုလို့ ဆိုင်ကယ်စီးလာသူ အမျိုးသားက သူ့ရဲ့ iPhone 16 ဖုန်းကို ပေးလိုက်တဲ့အချိန် စစ်ဆေးသူတွေဟာ ဖုန်းကိုယူပြီးထွက်ပြေးသွားကြောင်း ဖြစ်စဥ်မြင်လိုက်ရသူတွေက ပြောပါတယ်။ “ဖုန်းစစ်မယ်ဆိုလို့ ဖုန်း Password တွေ ပြောပြီးမှ ဖုန်းကိုယူပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဥ်ကိုသိသူတဦးက ပြောပါတယ်။ ဖုန်းယူထွက်ပြေးသွားသူတွေဟာ စစ်အုပ်စုဝင်တွေ ဟုတ်၊မဟုတ် အတည်ပြုလို့ မရသေးပါဘူး။ အခင်းဖြစ်ရာနေရာဟာ စစ်ကောင်စီကင်းချထားတဲ့ ကမ္ဘာ့ရတနာဘဏ်နဲ့ မြဝတီဘဏ်တွေရဲ့ မနီးမဝေးမှာ…
-
ရွေးကောက်ပွဲ နီးလာချိန် တပ်မိသားစုများ လုံခြုံရေးအထူးဂရုစိုက်ရန် စစ်ခေါင်းဆောင် တိုက်တွန်း
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အရာရှိ၊ စစ်သည်တွေသာမက မိသားစုဝင်တွေပါ လုံခြုံရေးအထူး ဂရုစိုက်ပြီး နေထိုင်ကြဖို့ အောက်တိုဘာ ၁၈ ရက်က ကိုကိုးကျွန်းတပ်နယ်မှာ စစ်ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။ ကိုကိုးကျွန်းဟာ နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နေရာဖြစ်သလို ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်လည်းဖြစ်လို့ အရာရှိ၊ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေပါ လုံခြုံရေး အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “မဖြစ်မနေ နိုင်ငံတော်ရဲ့အာဏာကို ရယူခဲ့ရပေမဲ့ ပြည်သူလူထု တောင့်တတဲ့ ရွေးကောက်ပွဲကို တပ်က ဦးဆောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဆန္ဒမဲပေးရာမှာလည်း နိုင်ငံ၏ အကျိုးကို အမှန်တကယ် သယ်ပိုးသူ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသူ၊ နိုင်ငံရေး၊ စီးပွားရေးအပြင် ကာကွယ်ရေးအမြင်ရှိသူကို ရွေးချယ်မဲပေးဖို့ လိုတယ်။” စစ်ခေါင်းဆောင်အနေနဲ့ စစ်တပ်ကနေ ရွေးကောက်ပွဲ…
-

ငလျင်ဘေး ပြန်လည်ထူထောင်ရေး ချေးငွေလျှောက်ထားနိုင်
စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နယ်မြေဒေသတွေကို ပြန်လည်ထူထောင်ဖို့ ရန်ပုံငွေတရပ် ထားရှိထားပြီး ဒီရန်ပုံငွေကနေ ၃ နှစ်မှ ၅ နှစ်အထိ သက်တမ်းရှိတဲ့ ချေးငွေတွေကို ထုတ်ချေးသွားမယ်လို့ ဆိုပါတယ်။ မန္တလေးဒေသခံတယောက်က “အမှန်တကယ် ထုတ်ချေး၊ မချေးတော့ မသိဘူး။ လျှောက်ကြည့်ရမှာပေါ့။ သူတို့က ဘယ်လောက်ထုတ်ချေးမလဲတော့ မသိဘူး။ ချွေးသိပ်ရုံလောက် ဆိုရင်တော့ မလျှောက်တော့ဘူး။ အရင်စုံစမ်းကြည့်မယ်” လို့ ပြောပါတယ်။ ချေးငွေထုတ်ချေးရာမှာလည်း နေအိမ်နဲ့ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ချေးငွေအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊…
-

နတ်ရေကန်ဗျူဟာကို ဘယ်လိုသိမ်းနေလဲ
အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ အပြီးသတ်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့ နတ်ရေကန် ဗျူဟာတိုက်ပွဲအကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။ ရခိုင်ပြည်နယ်က အမ်းမြို့ နဲ့ မကွေးတိုင်းက ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ် ဗျူဟာမြောက်တည်နေရာဗျူဟာမြောက်တည်ရှိနေတာပါ။ ဒါကြောင့် နတ်ရေကန်ဗျူဟာက မကွေးတိုင်းရဲ့ ဝင်ပေါက်ဖြစ်သလို ရခိုင်ပြည်နယ် အမ်းကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လည်း အရေးကြီးတဲ့ နေရာဖြစ်ပါတယ် ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိခဲ့တဲ့ အမ်းမြို့ကို အာရက္ခတပ်တော် (AA )က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၂၀ရက်မှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပြင် စစ်သုံ့ပန်းရာချီပြီး AAက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းဗိုလ်မှူးချုပ်တစ်ယောက်က အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ချဖို့တိုက်တွန်းတဲ့အထိ AAရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေက အောင်မြင်ခဲ့ပါတယ်။ AA ကအမ်းမြို့သိမ်းတိုက်ပွဲကိုစက်တင်ဘာလ၂၆ ရက်မှာစတင်ခဲ့ပါတယ်။ သုံးလနီးပါကြာ ထိုးစစ်အတွင်း နပခ ရော၊…